အစိမ်းရောင်လမ်း
စက်တင်ဘာ ၂၆ ရက် ညတွင် တိုင်ဖွန်းမုန်တိုင်း BUALOI ဖြစ်လာနိုင်မည်..

စက်တင်ဘာ ၂၆ ရက် ညတွင် တိုင်ဖွန်းမုန်တိုင်း BUALOI ဖြစ်လာနိုင်မည်..

🔸ဖိလစ်ပိုင်နိုင်ငံကို ဖြတ်ကျော်တိုက်ခတ်လျက်ရှိသည့် မုန်တိုင်း BUALOI သည် စက်တင်ဘာ ၂၆ ရက် ညတွင် တောင်တရုတ်ပင်လယ်သို့ရောက်ရှိပြီးနောက် တိုင်ဖွန်းမုန်တိုင်း BUALOI ဖြစ်လာနိုင်ပါမယ်။

🔸အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး ဗီယက်နမ်ကမ်းခြေကို Thang Hoa မြို့အနီး မြေပုံညွှန်း 19.764N, 105.911E မှ ဖြတ်ကျော်ဝင်ရောက်နိုင်ပါမယ်။

🔸ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် စက်တင်ဘာ ၃၀ ရက်နေ့မှာ ရှမ်းပြည်နယ်အရှေ့ပိုင်းအထိရောက်ရှိနိုင်ကြောင်း JTWC မှ ထုတ်ပြန်ချက် Warning-11 မှာ ဖော်ပြထားပါတယ်။ 

🔸မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးအသင့်အတင့်မှ မိုးများနိုင်ပြီး စက်တင်ဘာလ ၂၉-၃၀ ရက်တွေမှာ မိုးရွာသွန်းရရှိနိုင်မည့် မိုးရေချိန်ပမာဏပုံတင်ပေးထားပါတယ်။

⚠️စက်တင်ဘာလ ၂၉ ရက် နှင့် ၃၀ ရက်နေ့တွေမှာ မိုးသည်းထန်နိုင်ပြီး(POSSIBLE CLOUD BURST)ကြောင့် နေရာကွက်၍မိုးများနိုင်ပြီး ရုတ်ချည်းရေကြီးခြင်း(Flash Flood)၊ တောင်ပြို/မြေပြိုခြင်း၊ စိုက်ပျိုးမြေ/လယ်ကွင်းများ ရေလွှမ်းခြင်း၊ မြစ်ရေမြင့်တက်ခြင်း(RIVER FLOODS)ကြောင့် မြစ်/ချောင်းကမ်းအနီး အနိမ့်ပိုင်းရပ်ကွက်များ/ကျေးရွာများ ရေကြီးခြင်းတို့ ဖြစ်နိုင်ပါတယ်။

🔸ကြိုတင်ပြင်ဆင်နိုင်ကြပါရန် ကြိုတင်ခန့်မှန်းအသိပေးလိုက်ပါတယ်။

🔸ကြိုတင်ခန့်မှန်းချက်ဖြစ်တဲ့အတွက် ပြောင်းလဲမှုရှိနိုင်သည်များကိုဆက်လက်စောင့်ကြည့်တင်ပေးသွားပါမယ်။

၄ ရက် မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက်များကြည့်ရန် -

https://disasterinfo.mmweather.org/divisionTownPage

https://www.mmweather.org/divisional-cities-weathe

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်ပါသည်။ 

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

1
Win Ko Thu

Win Ko Thu

လွန်ခဲ့သော ၁၀ လ က

ကျေးဇူးပါ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....