တောင်တရုတ်ပင်လယ်က INVEST-98W လေဖိအားနည်းရပ်ဝန်း TD-SIXTEEN ဖြစ်လာပြီ
🔸 JTWC ထုတ်ပြန်ချက်အရ INVEST 98W က အခု လေဖိအားနည်းရပ်ဝန်း TD(Tropical Depression) SIXTEEN ဆိုတဲ့ နာမည်တော့ ရသွားပါပြီ။ ဗီယက်နမ်ကမ်းခြေကို ဖြတ်ဝင်ကာနီးမှာ အပူပိုင်းမုန်တိုင်း(TS-Tropical Storm)အဖြစ် အားကောင်းလာနိုင်ပေမဲ့ အများဆုံးလေတိုက်နှုန်းကတော့ 35 knots(တနာရီ မိုင် ၄၀)သာ ရှိမှာမို့ တိုင်ဖွန်းမဖြစ်နိုင်တော့ဘူးဆိုတာတော့ သေချာသွားပါပြီ။
🔸 ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီးတဲ့အခါ လာအို၊ ထိုင်းနိုင်ငံတွေကို အားကောင်းတဲ့ လေပွေလှိုင်းတခုအနေနဲ့ ဖြတ်သန်းပြီး မြန်မာ-ထိုင်းနယ်စပ်ကို မူလခန့်မှန်းလမ်းကြောင်းအပေါ်ဘက် အနည်းငယ်မှ ဖြတ်ကျော်ဝင်ရောက်နိုင်မယ်လို့ တွေ့ရပါတယ်။ မူလကြိုတင်ခန့်မှန်းလမ်းကြောင်းအထက်ဘက် -
🔸 ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်နယ်စပ်အနီးက စက်တင်ဘာ ၂၁ ရက် ညပိုင်းမှာ ဖြတ်ဝင်ပြီးတဲ့နောက်၊ ပဲခူးတိုင်းအရှေ့ခြမ်းညောင်လေးပင်ဘက်ကို ဆက်ရွေ့ပြီး၊ ပဲခူးရိုးမပေါ်ကျော်ဖြတ်တဲ့အခါ မြေမျက်နှာသွင်ပြင်အနေအထားတွေကြောင့် လမ်းကြောင်းပြောင်းပြီး မြောက်ဘက်ကိုချိုးကွေ့မယ်။
🔸 မကွေးတိုင်းကိုဖြတ်ပြီးတော့မှ အနောက်ဘက်ကို ချိုးကွေ့ပြီးမှ ဘင်္ဂလားပင်လယ်အော်ထဲကို ရခိုင်ပြည်နယ် မြေပုံမြို့နဲ့ စစ်တွေ မြို့ပေါ်က ဖြတ်သန်းဝင်ရောက်သွားနိုင်မယ်လို့ နောက်ဆုံးရရှိတဲ့ လမ်းကြောင်းအချက်အလက်တွေမှာ တွေ့ရပါတယ်။
🔸 ဘင်္ဂလားပင်လယ်အော်ထဲရောက်ပြီးတဲ့အခါ ပြန်လည်အားကောင်းလာပြီး စက်တင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းမှာ အနည်းဆုံး မုန်တိုင်းငယ်အဆင့်(DEEP DEPRESSION)အထိ ရောက်လာနိုင်မယ်၊ ပြီးရင် အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေကို စက်တင်ဘာ ၂၂ ရက် ညပိုင်းမှာ ဖြတ်ကျော်ဝင်ရောက်သွားမယ်လို့တော့ ဒီနေ့ update data တွေအရ တွေ့နေရပါတယ်။

ဆိုတော့ ...
🔸 မြန်မာပြည်ကို လေပွေလှိုင်းဖြတ်သန်းစဉ် အရင် post မှာ ကြိုတင်ခန့်မှန်းပေးထားတဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေမှာ လေပွေလှိုင်းအရှိန်ကြောင့် ရွာသွန်းနိုင်မဲ့ မိုးအားကလျော့သွားပြီး ပဲခူးတိုင်း အရှေ့ခြမ်း+အနောက်ခြမ်း၊ ပဲခူးရိုးမတကြောနဲ့ နေပြည်တော်၊ မကွေးတိုင်းဒေသတွေမှာ မိုးသည်းထန်နိုင်ပါတယ်။
🔸 အရင်ရေကြီးထားပြီးတဲ့ နေပြည်တော်အထက် တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်စတဲ့ ဒေသတွေမှာ မြေတွေ စိုအိနေဆဲဖြစ်တာကြောင့် တောင်ပြိုမြေပြိုနိုင်မှာ၊ တောင်ကျချောင်းရေဆင်းလာနိုင်မှာတွေကို သတိထားကြဖို့တော့ လိုပါမယ်။ ရေတွေ ပြန်ကြီးလောက်အောင်တော့ မိုးမများနိုင်ဘူးလို့ ခန့်မှန်းရပါတယ်။
🔸 နောက်ထပ်စိုးရိမ်ရမှာက ပဲခူးရိုးမတေလျှောက် အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းက မြို့တွေပါ။ ပဲခူးရိုးမပေါ် မိုးကြီးတဲ့အခါ ဆင်းလာနိုင်မဲ့တောင်ကျရေတွေနဲ့ သိုလှောင်ရေမှတ်အထိပြည့်နေပြီးတဲ့ ဆည်တွေ တမံတွေ သတိထားကြရပါမယ်။
🔸 ရခိုင်ပြည်နယ်ကတော့ လေပွေလှိုင်းအပြင် ပြန်လည်အားကောင်းလာနိုင်မဲ့ လေဖိအားနည်းရပ်ဝန်း၊ မုန်တိုင်းငယ်အဆင့်တွေကြောင့် မိုးများရုံတင်မက တနာရီ မိုင် ၃၀ အထက်အထိ လေပြင်းတိုက်ခတ်တာပါခံရမဲ့ အခြေအနေပါဖြစ်လာနိုင်ပါမယ်။
အခု လေဖိအားနည်းရပ်ဝန်းပြီးရင် တောင်တရုတ်ပင်လယ်အရှေ့မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်မှာကိုစောင့်ကြည့်ရမဲ့ INVEST-99W ဆိုတာကလဲ ထပ်ဖြစ်နေတာတွေ့ရပါတယ်။ လေဖိအားနည်းရပ်ဝန်းမဖြစ်သေး၊ အနောက်ဘက်ကို ရွေ့မှာလို့လဲ အတည်ပြုပေးနိုင်ခြင်း မရှိသေးပါဘူး။
ဆက်လက်စောင့်ကြည့်ပြီး ထူးခြားတဲ့ ပြောင်းလဲမှုရှိရင်တော့ ညဘက် data update တွေရတာနဲ့ ဆက်လက်တင်ပြပေးသွားပါဦးမယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မိုးလေဝသ
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဦးဝင်းနိုင်
အားလုံး
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
အသံ
ဩဂုတ် ၉ - ၁၁ ရက်အတွင်း သတိပြုရမည့် မြို့နယ်များ (ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ)
04/08/2026
ဧရာဝတီတိုင်းအတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိ
02/08/2026
ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးရွာသွန်းမှုပိုမိုအားကောင်းလာမည့် ဒေသများ
30/07/2026
လာမည့် ၇၂ နာရီအလွန် ပဲခူးမြို့အပါအဝင် မုတ္တမကွေ့နှင့် ကပ်လျက်ဒေသများ မိုးအလွန်သည်းထန်နိုင်
28/07/2026