အစိမ်းရောင်လမ်း
လာမဲ့ ၄၈ နာရီအတွင်း တစ်နိုင်ငံလုံးနေရာအနှံ့ မိုးရွာမည်..

လာမဲ့ ၄၈ နာရီအတွင်း တစ်နိုင်ငံလုံးနေရာအနှံ့ မိုးရွာမည်..

ဇူလိုင် ၁၅ ရက် နံနက် ၁၀ နာရီ UPDATE အရ တောင်တရုတ်ပင်လယ်မှာ INVEST-99W အားကောင်းသောလေဖိအားနည်းရပ်ဝန်း TD-03W(THREE) ဖြစ်လာပြီး ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာလည်း လေဖိအားနည်းဆဲလ်(Low Pressure Cell - LPC)တစ်ခုဖြစ်ပေါ်နေပါတယ်။

TD-THREE ကတော့ ဗီယက်နမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနဲ့ ထိုင်းနိုင်ငံတွေကို ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအနေနဲ့ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံအနောက်ပိုင်း Ban Rai ခရိုင်အထိရောက်နိုင်ကြောင်း ECMWF မှ ခန့်မှန်းထားပါတယ်။

ဘင်္ဂလားပင်လယ်အော်မှ LPC ကတော့ အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး အိန္ဒိယနိုင်ငံအရှေ့ဘက်ကမ်းခြေကို ဖြတ်ကျော်သွားမှာပါ။

မြန်မာနိုင်ငံဘက်ကိုသက်ရောက်မှုရှိနိုင်မဲ့ မိုးလေဝသအခြေအနေများ

ယနေ့မှစ၍ နောက်လာမဲ့ ၄၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်များမှာ အနောက်တောင်မုတ်သုံလေအားအလွန်ကောင်းလာပြီး ကမ်းရိုးတန်းဒေသများနဲ့ အနောက်တောင်မုတ်သုံလေစီးဝင်ရာ လမ်းတလျှောက်ပါလာမဲ့ မိုးတိမ်များက မြန်မာနိုင်ငံနေရာအနှံ့ မိုးရွာနိုင်စေပါလိမ့်မယ်။ အချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးသည်းထန်တာနဲ့ လေပြင်းတိုက်ခတ်တာတွေလဲ ဖြစ်နိုင်ပါတယ်။

အထက်ဘက်ကမြစ်ရေများ ဆင်းလာတာ‌ကြောင့် ချင်းတွင်းနဲ့ ဧရာဝတီမြစ်တလျှောက် ရေကြီးတာတွေလည်း မြို့တော်တော်များများမှာရှိနေဆဲ ကာလအတွင်း ..

🔸 ရေကြီးနေတဲ့ဒေသတွေရော အခြားဒေသများမှာပါ မိုးများနိုင်တာ၊ မိုးသည်းထန်နိုင်တာနဲ့ လေပြင်းတိုက်ခတ်နိုင်တာတွေကိုပါ သတိထားကြရမဲ့ အခြေအနေဖြစ်ပါကြောင်း။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

1
ဦးစည်သူနိုင်

ဦးစည်သူနိုင်

လွန်ခဲ့သော ၂ နှစ် က

ကျေးဇူးပါ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ

ကိုချမ်း • ဖြေကြားချက် 1 ခု

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 1 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....