ဘင်္ဂလားပင်လယ်အော်မှာဖြစ်လာနိုင်တဲ့ မုန်တိုင်းငယ်ကြောင့် လာမယ့် ၁၀ ရက်အတွင်း တစ်နိုင်ငံလုံးမိုးရွာသွန်းနိုင်
ဘင်္ဂလားပင်လယ်အော်မှာ နောက်လာမဲ့ နာရီ ၁၂၀(၅ ရက်အတွင်း) လေဖိအားနည်းရပ်ဝန်းတစ်ခုမှ အနည်းဆုံး မုန်တိုင်းငယ်အဆင့်အထိရောက်လာနိုင်ပြီး မြောက်-အရှေ့မြောက် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်ကမ်းခြေဘက်ကို ရွေ့လျားနိုင်ကြောင်း မော်ဒယ်တွေရဲ့ ကနဦးကြိုတင်ခန့်မှန်းချက်တွေမှာတွေ့နေရပါတယ်။

အခုဖြစ်လာနိုင်မဲ့ ထူးခြားမိုးလေဝသအခြေအနေကြောင့် -
- ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ တနင်္သာရီတိုင်းတွေမှာ နေရာကွက်ပြီး မိုးများနိုင်ပါတယ်။
- ကျန်ပြည်နယ်နဲ့တိုင်းတွေမှာတော့ လာမဲ့ ၁၀ ရက်အတွင်းမှာ နေရာကျဲကျဲမှ နေရာစိပ်စိပ်မိုးထစ်ချုန်းရွာနိုင်ကြောင်း ကြိုတင်ခန့်မှန်းများ ရှိနေပါတယ်။

Photo - ဦးဝင်းနိုင်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မိုးလေဝသ
Daq Tin Tin Latt
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးပါရှင်
ဦးကြည်ဝင်း
လွန်ခဲ့သော ၂ နှစ် ကဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် မိုးရွာနိုင်လားကျေးဇူးပြု၍ဖြေကြားပေးပါခင်ဗျာ
ဦးကြည်ဝင်း
လွန်ခဲ့သော ၂ နှစ် ကကျောင်းကုန်းရောရွာနိုင်လားဆရာကျေးဇူးပြုပီးဖြေပေးပါဆရာ
soe nay
လွန်ခဲ့သော ၂ နှစ် ကမြောင်မြမိုးရွာနိုင်လား
thein kyaw
လွန်ခဲ့သော ၂ နှစ် ကပုဂံညောင်ဦး မိုးရွာနိုင်လားဗျ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဦးဝင်းနိုင်
အားလုံး
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
အသံ
ဩဂုတ် ၉ - ၁၁ ရက်အတွင်း သတိပြုရမည့် မြို့နယ်များ (ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ)
04/08/2026
ဧရာဝတီတိုင်းအတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိ
02/08/2026
ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးရွာသွန်းမှုပိုမိုအားကောင်းလာမည့် ဒေသများ
30/07/2026
လာမည့် ၇၂ နာရီအလွန် ပဲခူးမြို့အပါအဝင် မုတ္တမကွေ့နှင့် ကပ်လျက်ဒေသများ မိုးအလွန်သည်းထန်နိုင်
28/07/2026