အစိမ်းရောင်လမ်း
နိုဝင်ဘာ ၃၀ နဲ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ မြန်မာ့ကမ်းရိုးတန်း ကမ်းနီး/ကမ်းဝေး ပင်လယ်ပြင်များသတိ

နိုဝင်ဘာ ၃၀ နဲ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ မြန်မာ့ကမ်းရိုးတန်း ကမ်းနီး/ကမ်းဝေး ပင်လယ်ပြင်များသတိ

🌀 INVEST-99W က ထိုင်းပင်လယ်ကွေ့ ဘရူနိုင်းကမ်းခြေနားမှာ အားယူနေတဲ့ အခြေအနေဖြစ်ပါတယ်။ နိုဝင်ဘာ ၂၇ ရက် - ကပ္ပလီပင်လယ်ပြင်ကိုဝင်လာချိန်မှာ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း(မုန်တိုင်းငယ်)ဖြစ်လာနိုင်ပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ချေကတော့ လက်ရှိအချိန် ၄၀% ရှိနေပါတယ်။

⚠️ မြန်မာ့ကမ်းရိုးတန်းကမ်းနီး/ကမ်းဝေးပင်လယ်ပြင်တွေမှာ လှိုင်းလေထန်ပြီး မိုးသက်လေပြင်းတွေ ကျနိုင်ပါတယ်။

ဒီနေ့ (နိုဝင်ဘာ ၂၃ ရက်)မနက်ပိုင်းမှာ ရရှိတဲ့ ကြိုတင်ခန့်မှန်းချက်တွေအရ-

🔸 ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာရင် မြန်မာနိုင်ငံက အလှည့်ကျအမည် "မိကျောင်း" ဖြစ်လာပါမယ်။

🔸 မုန်တိုင်းဦးတည်ရွေ့လျားနိုင်မှာကတော့ ဘင်္ဂလားဒေ့ရှ် ကမ်းခြေပါပဲ။ မြန်မာနိုင်ငံကမ်းရိုးတန်းဘက်ကို တိုက်ရိုက်ဝင်မဲ့ အနေအထားတော့ မတွေ့ရသေးပါ။

🔸 နိုဝင်ဘာလ ၃၀ ရက် မှာ မုန်တိုင်းဗဟို လေတိုက်နှုန်း တစ်နာရီ မိုင် ၁၀၀ ခန့်အထိ(WIND GUST)ရှိနေပြီး လှိုင်းအမြင့် ၃၃ ပေလောက်ရှိနိုင်ကြောင်း တွေ့ရပါတယ်။

🔸 မုန်တိုင်းဖြတ်သန်းသွားမဲ့ လမ်းကြောင်းက မော်တင်စွန်းအနောက်ဘက် မိုင် ၃၀၀ ခန့်မှ ဖြတ်သွားနိုင်ပါတယ်။

🔸 မြစ်ဝကျွန်းပေါ်/မွန်-တနင်္သာရီကမ်းရိုးတန်းပင်လယ်ပြင်တွေထက် ရခိုင်ကမ်းရိုးတန်းဘက်မှာ လေတိုက်နှုန်းနဲ့ လှိုင်းအမြင့်ပိုများနိုင်ပါမယ်။

🔸 ဒီဇင်ဘာလ ၁ ရက်နေ့မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းကမ်းရိုးတန်းအနီး(မိုင် ၁၆၀ ခန့်)မှ ဖြတ်သန်းချိန် စစ်တွေမြို့မှာ လေတိုက်နှုန်း တစ်နာရီ မိုင် ၆၀ ခန့်နဲ့ လှိုင်းအမြင့် ၁၄ ပေခန့်အထိ ရှိနိုင်ကြောင်းလဲ တွေ့ရပါတယ်။

🔸 မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း ကမ်းနီးပင်လယ်ပြင်မှာတော့ လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ ခန့်နဲ့ လှိုင်းအမြင့် ၇ ပေခန့်သာရှိနိုင်ပါတယ်။

🔸 ပင်လယ်ပြင်က ရေလုပ်သားများအနေနဲ့ ဖော်ပြခဲ့တဲ့ လှိုင်း/လေဒဏ်မှ ရှောင်နိုင်ဖို့ ကမ်းကို ပြန်ဝင်ချိန် ၇ ရက် ရနိုင်ပါသေးတယ်။

🔸 ဒီ post က ပင်လယ်ပြင်ရေလုပ်သားများအတွက်သာ ဖြစ်တာကြောင့် ကုန်းတွင်းပိုင်းမှာ လေထန်နိုင်/မိုးရွာနိုင်မဲ့အခြေအနေကို သေချာတဲ့ ကြိုတင်ခန့်မှန်းချက်များရအပြီး နိုဝင်ဘာ ၂၇ ရက် နောက်ပိုင်းမှ တင်ပေးပါမယ်။

မိုးရွာနိုင်မဲ့အခြေအနေကတော့ ရှိနေမှာပါ။ အတိအကျမသိနိုင်သေးပါ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

7
လ​ေရာင်

လ​ေရာင်

လွန်ခဲ့သော ၂ နှစ် က

ေကျးဇူးပါ

မောင်တင်စိုး

မောင်တင်စိုး

လွန်ခဲ့သော ၂ နှစ် က

ကျေးဇူးတင်ပါတယ်ဆရာ

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၂ နှစ် က

ကျေးဇူးပါ

ko Myo

ko Myo

လွန်ခဲ့သော ၂ နှစ် က

အထူးကျေးဇူးတင်ပါတယ်

Aungmintun

Aungmintun

လွန်ခဲ့သော ၂ နှစ် က

Than<

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....