ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်သော်လည်း အားကောင်းမလာနိုင်
ယနေ့မနက်ပိုင်းက စ ပြီး ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းပင်လယ်ပြင်၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း၊ စစ်တွေမြို့နဲ့ကျောက်ဖြူမြို့အနီးမှာ လေဖိအားနည်းရပ်ဝန်း(LOW PRESURE AREA-LPA) တစ်ခု ဖြစ်ပေါ်လာတာတွေ့ရပါတယ်။
LPA က အားကောင်းလာနိုင်မယ့် အခြေအနေမရှိဘဲ အောက်တိုဘာလ ၁၃ ရက်နေ့မနက်ပိုင်းမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးကုန်းတွင်းမှာ အားပျော့ပျက်ပြယ်သွားနိုင်မယ်လို့တွေ့ရပါတယ်။
**ဖြစ်ပေါ်လာနိုင်မည့် မိုးလေဝသအခြေအနေ**
ဒီအခြေအနေကြောင့် နောက်လာမဲ့ ၃ ရက်မှ ၅ ရက်အတွင်း -
ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းဒေသတွေမှာ မိုးသက်လေပြင်းကျပြီး နေရာကွက်လို့ မိုးကြီးနိုင်ပါမယ်။ မိုးသက်လေပြင်းကျချိန်မှာ လေတိုက်နှုန်း တစ်နာရီ မိုင် ၂၀ ကျော်ခန့်တိုက်ခတ်နိုင်ပြီး လှိုင်းအသင့်အတင့်ခန့်သာဖြစ်နိုင်ပါမယ်။
နောက်လာမဲ့ ၂၄ နာရီအတွင်းမှာ -
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ မိုးရေချိန် ၅၀ မီလီမီတာအထက်ရွာပြီး မိုးကြီးနိုင်ပါတယ်။ ကျန်ပြည်နယ်တိုင်းဒေသတွေမှာတော့ မိုးရေချိန် ၃၀ မီလီမီတာအောက်ဖြင့် မိုးအသင့်အတင့်ရွာသွန်းနိုင်ပြီး၊ ရှမ်းပြည်နယ်မှာ ၅ မီလီမီတာအောက်သာရွာသွန်းနိုင်ကာ မိုးနည်းနေပါမယ်။

နောက်လာမဲ့ ၄၈ နာရီအတွင်းနဲ့ နောက်လာမဲ့ ၇၂ နာရီအတွင်းမှာ -
ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်တွေမှာ မိုးရေချိန် ၅၀ မီလီမီတာမှ ၁၀၀ မီလီမီတာအထက်ရွာသွန်းကာ မိုးများနိုင်ပြီး ကျန်ပြည်နယ်တိုင်းဒေသတွေမှာတော့ ၅၀ မီလီမီတာအောက် မိုးအသင့်အတင့်ရွာသွန်းနိုင်ပါမယ်။


**အနောက်တောင်မုတ်သုံလေဆုတ်ခွာနိုင်မည့်အခြေအနေ**
ဒီအခြေအနေပြီးရင်တော့ အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံအလယ်ပိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသများနဲ့ တစ်နိုင်ငံလုံးမှ ခန့်မှန်း အောက်တိုဘာလ ၁၅ ရက်ဝန်းကျင်မှာ အဆင့်ဆင့်ဆုတ်ခွာသွားမယ်လို့ ခန့်မှန်းထားပါတယ်။
အောက်တိုဘာလ ၁၅ ရက်က ပုံမှန်မုတ်သုံဆုတ်ခွာရက်ဖြစ်တာကြောင့် ၂၀၂၃ ခုနှစ်အနောက်တောင်မုတ်သုံလေသည် ၈ ရက်ခန့်စောစီးစွာဝင်ရောက်ခဲ့ပြီး ပုံမှန်ရက်အတွင်းပြန်လည်ဆုတ်ခွာနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာန အနောက်တောင်မုတ်သုံလေဆုတ်ခွာရက်တင်ပြချက်များကို ကိုးကား၍ ခန့်မှန်းတင်ပြလိုက်ပါတယ်။
Photo_ဦးဝင်းနိုင်
(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မိုးလေဝသ
Aung Zaw Tun
လွန်ခဲ့သော ၂ နှစ် ကယခုလို သီတင်း အချက်လက်များ တင်ပို့ အရမ်းဆင်ပြေပါတယဗျာ အားပေးလျှက်
ဦးမျိုးမြင့်အောင်
လွန်ခဲ့သော ၂ နှစ် ကမတ်တရာမြိုနယ့်မှာမိုးရွာဦးမလား
ဦးကြီး
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးပါ
yan sung
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးပါ
ဦးတင်ငွေ
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးတင်ပါသည်
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဦးဝင်းနိုင်
အားလုံး
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
အသံ
ဩဂုတ် ၉ - ၁၁ ရက်အတွင်း သတိပြုရမည့် မြို့နယ်များ (ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ)
04/08/2026
ဧရာဝတီတိုင်းအတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိ
02/08/2026
ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးရွာသွန်းမှုပိုမိုအားကောင်းလာမည့် ဒေသများ
30/07/2026
လာမည့် ၇၂ နာရီအလွန် ပဲခူးမြို့အပါအဝင် မုတ္တမကွေ့နှင့် ကပ်လျက်ဒေသများ မိုးအလွန်သည်းထန်နိုင်
28/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....