တိုင်းနှင့် ပြည်နယ်အလိုက် ဧပြီလတွင် ရောက်ရှိနိုင်သော အမြင့်ဆုံးအပူချိန်များ
၂၀၂၄ ခုနှစ်သည် အယ်လ်နီညိုနှစ် ဖြစ်သည်နှင့်အညီ ပူပြင်းခြောက်သွေ့ခြင်းကို တနိုင်ငံလုံးအတိုင်းအတာဖြင့် ကြုံတွေ့ရနိုင်မည်ဖြစ်ပါသည်။ အယ်လ်နီညိုဖြစ်စဉ်သည် ဇန်နဝါရီလအတွင်း အားအကောင်းဆုံး အခြေအနေဖြစ်ပေါ်ခဲ့ပြီးနောက် ဧပြီလကုန်အထိ ဆက်လက်ရှိနေနိုင်ကာ ဧပြီလမှဇွန်လအတွင်း အယ်လ်နီညိုမဟုတ်/လာနီညာမဟုတ်သော ENSO-NEUTRAL ဖြစ်နိုင်ချေ ၈၃% ရှိကြောင်း၊ ၂၀၂၄ ခုနှစ် ဇွန်လမှ ဩဂုတ်လအတွင်း လာနီညာရာသီဥတု ဖြစ်နိုင်ချေတဖြည်းဖြည်းမြင့်လာပြီး လာနီညာဖြစ်နိုင်ချေ ၆၂% အထိ ရှိနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ရာသီဥတုလေ့လာစောင့်ကြည့်သူသိပ္ပံပညာရှင်များ၊ မိုးလေဝသဌာနကြီးများက ခန့်မှန်းထုတ်ပြန်ထားကြပါသည်။ ရက်ဝေးကြိုတင်ခန့်မှန်းချက်များတွင်စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ကာလအတွင်း လာနီညာဖြစ်နိုင်ချေ ၈၀% မှ ၈၅% အထိ ရှိလာနိုင်ကြောင်းခန့်မှန်းချက်များကိုလည်းတွေ့ရပါသည်။
မြန်မာနိုင်ငံ၏ မိုးဦးကာလတွင် ဧပြီလသည် အပူရှိန်အပြင်းဆုံးသောလ တစ်လဖြစ်လာနိုင်ပြီး တိုင်းနှင့်ပြည်နယ်ဒေသအချို့ ၌ အပူချိန် ၄၀°C အထက် မှ ၄၅°C အထက်အထိရောက်နိုင်ကြောင်း၊ မိုးဦးကာလအတွင်း အများအားဖြင့်မေလမှ စတင်၍ စက်တင်ဘာလအထိ မိုးများလာနိုင်ကြောင်း၊ နိုဝင်ဘာလကုန် ဒီဇင်ဘာလဆန်းအထိ မိုးရွာနိုင်မည့်အခြေအနေများ ဖြစ်ပေါ်နိုင်ကြောင်း တွေ့ရပါသည်။

- AYARWADY ဧရာဝတီတိုင်း
ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၄၀°C အထက်ရှိမည်။
- BAGO ပဲခူးတိုင်း
ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၄၀°C အထက်ရှိမည်။
- CHIN ချင်းပြည်နယ်
ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၃၀°C အထက်ရှိမည်။
- KACHIN ကချင်ပြည်နယ်
ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၃၅°C အထက်ရှိမည်။
- KAYA ကယားပြည်နယ်
ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၃၅°C အထက်ရှိမည်။
- KAYIN ကရင်ပြည်နယ်
ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၃၅°C အထက်ရှိမည်။
- MAGWAY မကွေးတိုင်း
ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၄၀°C အထက်ရှိမည်။
- MANDALAY မန္တလေးတိုင်း
ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၄၀°C အထက်ရှိမည်။
- MON မွန်ပြည်နယ်
ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၃၅°C အထက်ရှိမည်။
- NAYPYITAW နေပြည်တော်တိုင်း
ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၄၀°C အထက်ရှိမည်။
- RAKHINE ရခိုင်ပြည်နယ်
ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၃၅°C အထက်ရှိမည်။
- SAGAING စစ်ကိုင်းတိုင်း
ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၄၀°C အထက်ရှိမည်။
- SHAN ရှမ်းပြည်နယ်
ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၃၀°C အထက်ရှိမည်။
- TANINTHARYI တနင်္သာရီတိုင်း
ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၃၅°C အထက်ရှိမည်။
- YANGON ရန်ကုန်တိုင်း
မတ်၊ ဧပြီလနှင့် မေလတို့သည်အပူဆုံးလ၊ အပူချိန် ၄၀°C အထက်ရှိမည်။
ဖြစ်ပေါ်လာနိုင်သော အပူချိန်များနှင့် မိုးလေဝသခန့်မှန်းချက်များကို ကြိုတင်သိရှိနိုင်ဖို့ ဖော်ပြပါ ဝက်ဘ်ဆိုဒ်ကိုလည်း မပြတ်စောင့်ကြည့်လေ့လာကြစေချင်ပါတယ်။
https://www.mmweather.org/special-weather-situation
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မိုးလေဝသ
MgTun
လွန်ခဲ့သော ၂ နှစ် ကhi
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဦးဝင်းနိုင်
အားလုံး
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
အသံ
ဩဂုတ် ၉ - ၁၁ ရက်အတွင်း သတိပြုရမည့် မြို့နယ်များ (ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ)
04/08/2026
ဧရာဝတီတိုင်းအတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိ
02/08/2026
ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးရွာသွန်းမှုပိုမိုအားကောင်းလာမည့် ဒေသများ
30/07/2026
လာမည့် ၇၂ နာရီအလွန် ပဲခူးမြို့အပါအဝင် မုတ္တမကွေ့နှင့် ကပ်လျက်ဒေသများ မိုးအလွန်သည်းထန်နိုင်
28/07/2026