မိုးလေဝသအခြေအနေတွေကို သတိကြီးစွာနဲ့စောင့်ကြည့်ရမယ့် စက်တင်ဘာလကုန်-အောက်တိုဘာလဆန်းပိုင်း
အယ်လ်နီညိုဖြစ်နေတဲ့အခြေအနေ၊ IOD(Indian Ocean Dipole)Positive Phase ဖြစ်နေတဲ့အခြေအနေ၊ မုတ်သုံဆုတ်ခွာချိန်နဲ့ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းတွေဖြစ်လာနိုင်မဲ့အခြေအနေတွေအားလုံးက ဆက်စပ်နေပါတယ်။ ဖြစ်နိုင်ချေ ၃၀% နဲ့ ဖြစ်လာမယ်လို့ ညွှန်ပြနေတဲ့အချိန်ကာလကတော့ စက်တင်ဘာလကုန်၊ အောက်တိုဘာလ- လဆန်းပိုင်းပါဘဲ။
အယ်လ်နီညိုဖြစ်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီး နောက်ဆုံးထုတ်ပြန်လာတဲ့အချက်အလက်တွေအရ အယ်လ်နီညိုဖြစ်နိုင်ခြေ ၉၅% အထက်ဖြစ်နေလို့ အယ်လ်နီညိုတော့ဖြစ်နေပါပြီဆိုပြီး တကယ်တန်းသတ်မှတ်ခဲ့တာ ဩဂုတ်လကတည်းကပါ။ ဩစတေးလျမိုးလေဝသဗျူရိုကတော့ စက်တင်ဘာလ ၁၉ ရက်နေ့ကျမှ အယ်လ်နီညိုဖြစ်ကြောင်းတရားဝင်ကြေငြာခဲ့ပါတယ်။ ဖြစ်နေတဲ့အယ်လ်နီညိုက ပြင်းထန်မှာလား၊ အားအသင့်အတင့်ဖြစ်မလား၊ အားပျော့မလားဆိုတာတော့ နိုင်ငံတကာရာသီဥတုလေ့လာနေတဲ့ ပညာရှင်တွေဘက်က ကြေညာတာ မရှိသေးပါဘူး။

IOD (Indian Ocean Dipole) Positive Phase
IOD+ အခြေအနေဆိုတာ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ အိန္ဒိယနိုင်ငံအပေါ်သက်ရောက်နိုင်မယ့် အယ်လ်နီညိုကို ဆန့်ကျင်မဲ့ ရာသီဥတုဖြစ်စဉ်တစ်ဖြစ်တာကြောင့် IOD Positive ပြင်းထန်ရင် အယ်လ်နီညိုသက်ရောက်မှုတွေကို သက်သာစေနိုင်ပါမယ်။ IOD ဆိုတာက အယ်လ်နီညိုလို အချိန်အကြာကြီးအားယူဖြစ်ပေါ်တာမျိုးမဟုတ်ပဲ အခုဖြစ်-အခုသက်ရောက်မှုပြတာမျိုး ဖြစ်ပါတယ်။ IOD positive သက်ရောက်မှုက အရှေ့တောင်အာရှနိုင်ငံတွေနဲ့ အိန္ဒိယနိုင်ငံအပေါ် အယ်လ်နီညိုရဲ့ ဆန့်ကျင်ဘက်မိုးလေဝသဖြစ်စဉ်တွေပေးနိုင်ပေမဲ့ ဩစတေးလျတိုက်အပေါ်သက်ရောက်မဲ့ အယ်လ်နီညိုကိုတော့ အားပိုကောင်းစေပါတယ်။ ကမ္ဘာ့မြောက်ဘက်ခြမ်းနဲ့ တောင်ဘက်ခြမ်းက လေထုအလွှာထဲမှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေ (ကမ္ဘာလည်ပတ်မှု၊ လေစီးကြောင်းများလားရာ စသည်ဖြင့်) မတူတာတွေကြောင့်ပါ။

အယ်လ်နီညိုဖြစ်နိုင်ချေ ၉၅% ကျော်နေကြောင်းပြသနေသည့်ပုံ





စက်တင်ဘာလမှ ဒီဇင်ဘာလအထိ အယ်နီညိုဖြစ်နေကြောင်း အတည်ပြုထားသည့်ပုံ
မုတ်သုံဆုတ်ခွာချိန်နဲ့ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းတွေဖြစ်လာနိုင်မယ့်အခြေအနေ
အယ်လ်နီညိုဖြစ်တဲ့နှစ်တွေမှာ မုတ်သုံအဝင်နောက်ကျပြီး အထွက်ကတော့ စောတာပါပဲ။ ၂၀၂၃ ခုနှစ်မှာလည်း မုတ်သုံအဝင်က ၇ ရက် ၈ ရက် နောက်ကျပြီး ပုံမှတ်ဆုတ်ခွာချိန်ဖြစ်တဲ့ အောက်တိုဘာလ ၁၅ ရက်ထက်စောပြီး ဘယ်နေ့မှာဆုတ်ခွာသွားမယ်ဆိုတာ စောင့်ကြည့်နေတဲ့ အချိန်ဖြစ်ပါတယ်။
မုတ်သုံဆုတ်ခွာချိန်ကို စက်တင်ဘာလ တတိယနဲ့ နောက်ဆုံးအပတ်ထဲမှာ ဆုတ်ခွာနိုင်မယ်လို့ ကြိုတင်ခန့်မှန်းထားကြပေမဲ့ ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်အပြင် တောင်တရုတ်ပင်လယ်တွေမှာ လေဖိအားနည်းရပ်ဝန်းတွေ၊ မုန်တိုင်းတွေ အစီအရီဖြစ်လာနိုင်မယ်လို့လည်း မိုးလေဝသကြိုတင်ခန့်မှန်းရေး မော်ဒယ်တွေမှာ တွေ့နေရပြန်ပါတယ်။
ဒါကြောင့်လဲ "အယ်လ်နီညိုဖြစ်နေတဲ့အခြေအနေ၊ IOD(Indian Ocean Dipole)Positive Phase ဖြစ်နေတဲ့အခြေအနေ၊ မုတ်သုံဆုတ်ခွာချိန်နဲ့ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းတွေဖြစ်လာနိုင်မဲ့အခြေအနေတွေအားလုံးက ဆက်စပ်နေတယ်"လို့ အစပျိုးခဲ့တာဖြစ်ပြီး စက်တင်ဘာလကုန်-အောက်တိုဘာလဆန်းပိုင်းမှာဖြစ်လာနိုင်မဲ့ မိုးလေဝသအခြေအနေတွေကို သတိကြီးစွာနဲ့ စောင့်ကြည့်ကြရမှာ ဖြစ်ပါကြောင်း။


စက်တင်ဘာလကုန် အောက်တိုဘာလဆန်းပိုင်းတွင် မုန်တိုင်းဖြစ်ပေါ်လာမည့် အခြေအနေများဖြစ်နေပြီး အခုချိန်ထိ ဖြစ်နိုင်ချေ ၃၀% မှ ၄၀ % အထိ ရှိနေကြောင်းပြသနေသည့်ပုံ
Photo - ဦးဝင်းနိုင်
(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မိုးလေဝသ
အောင်ကိုကိုလတ်
လွန်ခဲ့သော ၂ နှစ် ကမြိတ်ကျွန်းစုသားပါမှားပါလျှင်ခွင့်လွတ်ပါ
အောင်ကိုကိုလတ်
လွန်ခဲ့သော ၂ နှစ် ကယုံကြည်လေးစားလျှင့်ပါ
အောင်ကိုကိုလတ်
လွန်ခဲ့သော ၂ နှစ် ကမိုးလေဝသနှင့်မုန်တိုင်းမြိုတ်မြို့ကျွန်းစုတို့တွင်းရှိနေပါသေသသားခင်ဗျာ
အောင်ကိုကိုလတ်
လွန်ခဲ့သော ၂ နှစ် ကဒီလအတွက်မုန်တိုင်းရှိပါသလားခင်ဗျား
အောင်ကိုကိုလတ်
လွန်ခဲ့သော ၂ နှစ် ကလေးစားလျှင့်ပါ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဦးဝင်းနိုင်
အားလုံး
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
အသံ
ဩဂုတ် ၉ - ၁၁ ရက်အတွင်း သတိပြုရမည့် မြို့နယ်များ (ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ)
04/08/2026
ဧရာဝတီတိုင်းအတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိ
02/08/2026
ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးရွာသွန်းမှုပိုမိုအားကောင်းလာမည့် ဒေသများ
30/07/2026
လာမည့် ၇၂ နာရီအလွန် ပဲခူးမြို့အပါအဝင် မုတ္တမကွေ့နှင့် ကပ်လျက်ဒေသများ မိုးအလွန်သည်းထန်နိုင်
28/07/2026