အောက်တိုဘာ (၁၇) နေ့ရက်အတွက် စုစုစံရဲ့မိုးလေဝသခန့်မှန်းချက်စုစည်းမှု
🕔နံနက် ၈း၁၀ အချိန် ခန့်မှန်းချက်
နောက် ၂၄ နာရီအတွင်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းအနောက်ပိုင်း၊ မကွေးတိုင်းအနောက်ပိုင်း မိုးကြီးနိုင်ပါတယ်။
🕔နံနက် ၇း၅၅ အချိန် ခန့်မှန်းချက်
မကွေးတိုင်းမိုးရွာပါဦးမယ်
ဟင်္သာတခရိုင်၊ ပြည်ခရိုင်၊ သရက်ခရိုင်၊ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ ညောင်ဦးခရိုင်၊ ပခုက္ကူခရိုင်မြင်းခြံခရိုင် မိုးတွေရွာမှာဖြစ်ပြီး မကွေးတိုင်းအနောက်ပိုင်း မိုးကြီးနိုင်ပြန်ပါတယ်။ သတိထားကြပါရှင်။ ၁၉ရက်နေ့မှာနေသာချိန်ပြန်လည်ရရှိနိုင်ပါတယ်
🕔နံနက် ၅း၃၀ အချိန် ခန့်မှန်းချက်
ရက်ကြိုသတိပေးချက်
၂၀၂၁ အောက်တိုဘာလ ၂၁ ရက် ၂၂ ရက် ၂၃ ရက်နေ့များတွင် ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တွေမှာ မိုးများရွာသွန်းနိုင်ပြီး ပူတာအို၊ မချမ်းဘော၊ ခေါင်လန်ဖူး၊ နောင်မွန်း၊ အထက်ဆန်ခေါင်နှင့် ပန်နန်းဒင်တို့တွင် မိုးကြီးနိုင်သဖြင့် ဧရာဝတီမြစ်ရေ များစွာတိုးလာမှာဖြစ်ပါတယ်။ မြင်းခြံ၊ ပခုက္ကူ၊ မကွေး ကျွန်းစိုက်တောက်သူများနှင့် ဧရာဝတီမြေနုကျွန်းစိုက်ပျိုးသူများသတိထားရမယ့်အချက်ပါပဲ။ နိုဝင်ဘာလမှာတော့ မြစ်ရေလျော့လာပါမယ်။
🕔နံနက် ၄း၁၈ အချိန် ခန့်မှန်းချက်
၁၇ ရက်နေ့ ၁၈ ရက်နေ့ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းတွေမှာ မိုးများစွာရွာသွန်းနိုင်ပြီး ဧရာဝတီတိုင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်းမိုးကြီးနိုင်ပါတယ်။ ၁၉ ရက်နေ့ ၂၀ ရက်နေ့မှာတော့ မိုးရွာနေတဲ့အားလျော့သွားပါမယ်။ ပျက်စီးဆုံးရှုံးမှု မရှိကြပါစေနဲ့။
𝙐 𝙎𝙐 𝙎𝘼𝙉
𝙎𝙀𝙉𝙄𝙊𝙍 𝙈𝙀𝙏𝙀𝙊𝙍𝙊𝙇𝙊𝙂𝙄𝙎𝙏
𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙒𝙚𝙖𝙩𝙝𝙚𝙧 𝙁𝙤𝙧𝙚𝙘𝙖𝙨𝙩𝙚𝙧 &
𝙈𝙚𝙩𝙚𝙤𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝙄𝙣𝙩𝙚𝙡𝙡𝙞𝙜𝙚𝙣𝙘𝙚 𝙊𝙛𝙛𝙞𝙘𝙚𝙧
ဗျူးပွိုင့်
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးပါ
ကျော်မင်း
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးပါ
Ukyaw
လွန်ခဲ့သော ၄ နှစ် ကThank You
ဝေယံ
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးပါ ခင်ဗျာ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from SU SU SAN (မိုးလေဝသပညာရှင်)
အားလုံး
နိုဝင်ဘာ (၈) နေ့ရက်အတွက် စုစုစံရဲ့မိုးလေဝသခန့်မှန်းချက်စုစည်းမှု
08/11/2021
နိုဝင်ဘာ (၇) ရက်နေ့ စုစုစံ၏ မိုးလေဝသခန့်မှန်းချက်များစုစည်းမှု
07/11/2021
နိုဝင်ဘာ (၆) ရက်နေ့အတွက် စုစုစံရဲ့ မိုးလေဝသခန့်မှန်းချက်များစုစည်းမှု
06/11/2021
နိုဝင်ဘာ (၅) နေ့ရက်အတွက် စုစုစံရဲ့မိုးလေဝသခန့်မှန်းချက်စုစည်းမှု
05/11/2021
နိုဝင်ဘာ (၄) နေ့ရက်အတွက် စုစုစံရဲ့မိုးလေဝသခန့်မှန်းချက်စုစည်းမှု
04/11/2021