အောက်တိုဘာ (၂၉) နေ့ရက်အတွက် စုစုစံရဲ့မိုးလေဝသခန့်မှန်းချက်စုစည်းမှု
🕔ညနေ ၇း၀၀ အချိန် ခန့်မှန်းချက်
ညောင်လေးပင် ဖြူးအမြန်လမ်းမပေါ်မှာ မိုးတွေရွာမယ် လျှပ်စီးမိုးကြိုးအန္တရာယ်ရှိပါတယ်
🕔ညနေ ၆း၀၀ အချိန် ခန့်မှန်းချက်
အေလာ လယ်ဝေး ပျဉ်းမနား၊ နေပြည်တော် ရေဆင်း မိုးတွေသည်းထန်စွာရွာပါမယ်။ လျှပ်စီးမိုးကြိုးအန္တရာယ်ရှိပါတယ် ဂရုစိုက်ကြပါ
🕔နံနက် ၉း၀၀ အချိန် ခန့်မှန်းချက်
ပုသိမ်၊ အိမ်မဲ၊ မြောင်းမြ၊ ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ရေကြည်၊ အသုတ်၊ အထောင်၊ ကျူံပျော်၊ ငသိုင်းချောင်း၊ လေးမျက်နှာ၊ အိုင်သပြု၊ မြို့ကွင်း၊ ထိန်ငူ၊ ကွင်းကောက်၊ ဟင်္သာတ၊ သာရဝေါ၊ ဇလွန်၊ ထောင့်ကြီး၊ ဒူးယား၊ ဝါသလ၊ တောင်ဘို့တစ်ရာ၊ သရွက်ဝ ဒီနေ့ မိုးအနည်းငယ်ရွာနိုင်ပါတယ် ဧရာဝတီ စပါးကျီကြီးရေ။
🕔နံနက် ၇း၃၀ အချိန် ခန့်မှန်းချက်
ရှေ့လာမယ့်အပတ်ထဲမှာ ပစ္စဖိတ်သမုဒ္ဒရာအလယ်ပိုင်းမှာ မုန်တိုင်းတစ်လုံးဖြစ်ဦးမယ် Guam နှင့် #Mariana ကျွန်းတွေကိုဝင်ရောက်ပြီး ဗီလစ်ပိုင်ပင်လယ်ထဲရောက်ရှိဦးမှာဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်အထိ ရောက်နိုင်မရောက်နိုင် စောင့်ကြည့်ရပါဦးမယ်။ တောင်တရုတ်ပင်လယ်ရောက်လာပြီး ထိုင်းပင်လယ်ကွေ့ထဲဝင်ရင် မြန်မာဆောင်းသီးနှံနဲ့ ရိတ်သိမ်းကြမယ့်သူတွေအတွက် အနှောက်အယှက်ရှိနိုင်တာမို့ ဖိလစ်ပိုင်ပင်လယ်ကနေ အိုကီနာဝါကျွန်းတွေဖက်ထောင်တက်သွားပါစေလို့ဆုတောင်းပါတယ်။ အရှေ့အာရှမြန်မာ့သင်္ဘောသားတွေအတွက်ပါ အချိန်ပြည့် စောင့်ကြည့်ထောက်လှမ်းပြီးခန့်မှန်းပေးသွားပါမယ်။
🕔နံနက် ၃း၀၀ အချိန် ခန့်မှန်းချက်
မွန်ပြည်နယ်၊ ကရင်ပြည်နယ် နောက် ၂၄ နာရီမှ ၄၈ နာရီအတွင်း မိုးရွာနိုင်ပါတယ်။ ဆားလုပ်ငန်းသမားများ၊ ရိတ်သိမ်းအခြောက်လှမ်းနေသူများ၊ ရာဘာခြစ်နေကြသူများ၊ အုတ်လုပ်ငန်းသမားများ၊ ရေထိမခံနိုင်သောလုပ်ငန်းလုပ်ဆောင်နေကြသူများ အထူးသတိပြုရမည့်မိုး ဖြစ်ပါတယ်။
ပျက်စီးမှုမရှိအောင် ကြိုတင်သိရှိကာကွယ်နိုင်ကြပါစေ။
Su Su San
𝐒𝐞𝐧𝐢𝐨𝐫 𝐌𝐞𝐭𝐞𝐨𝐫𝐨𝐠𝐢𝐬𝐭
𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐖𝐞𝐚𝐭𝐡𝐞𝐫 𝐟𝐨𝐫𝐞𝐜𝐚𝐬𝐭𝐞𝐫 &
𝐌𝐞𝐭𝐞𝐨𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫
Phyu Phyu Win
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးပါ
ကိုအောင်ကျော်ဦး
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးတင်ပါတယ်
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from SU SU SAN (မိုးလေဝသပညာရှင်)
အားလုံး
နိုဝင်ဘာ (၈) နေ့ရက်အတွက် စုစုစံရဲ့မိုးလေဝသခန့်မှန်းချက်စုစည်းမှု
08/11/2021
နိုဝင်ဘာ (၇) ရက်နေ့ စုစုစံ၏ မိုးလေဝသခန့်မှန်းချက်များစုစည်းမှု
07/11/2021
နိုဝင်ဘာ (၆) ရက်နေ့အတွက် စုစုစံရဲ့ မိုးလေဝသခန့်မှန်းချက်များစုစည်းမှု
06/11/2021
နိုဝင်ဘာ (၅) နေ့ရက်အတွက် စုစုစံရဲ့မိုးလေဝသခန့်မှန်းချက်စုစည်းမှု
05/11/2021
နိုဝင်ဘာ (၄) နေ့ရက်အတွက် စုစုစံရဲ့မိုးလေဝသခန့်မှန်းချက်စုစည်းမှု
04/11/2021
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....