နိုဝင်ဘာ (၂) နေ့ရက်အတွက် စုစုစံရဲ့မိုးလေဝသခန့်မှန်းချက်စုစည်းမှု
🕔 နေ့လည် ၅း၁၀ အချိန် ခန့်မှန်းချက်
မေတ္တာမြို့ လောင်းလုံ ထားဝယ် ကလိန်အောင် ရေဖြူ ရေး လေမိုး လျှပ်စီးမိုးကြိုးအန္တရာယ်ရှိသည်။
🕓 နေ့လည် ၄း၃၀ အချိန် ခန့်မှန်းချက်
ဒါးပိန် ကပြု ကဝ အုန်းနှဲ သက္ကလ သနပ်ပင် ပဲခူး လေမိုး လျှပ်စီးမိုးကြိုး အန္တရာယ်ရှိသည်။
🕒 နေ့လည် ၄း၂၀ အချိန် ခန့်မှန်းချက်
ဒိုက်ဦး ပြွန်တန်ဆာ ညောင်လေးပင် ကျွဲပွဲ အုတ်တွင်း တောင်ငူ လေမိုးလျှပ်စီးမိုးကြိုး အန္တာရယ်ရှိသည်။
🕑နေ့လည် ၄ နာရီအချိန် ခန့်မှန်းချက်
ခရမ်းသုံးခွ မိုးနဲ့လျှပ်စီး အန္တရာယ်ရှိသည်။ ကရင်ပြည်နယ် ဘားအံ လေမိုး လျှပ်စီးမိုးကြိုး အန္တရာယ်ရှိသည်။
🕐 နေ့လည် ၁း၁၄ အချိန် ခန့်မှန်းချက်
တံတားမြို့ ကျောက်တန်းမြို့ သန်လျင်မြို့ ရန်ကုန်မြို့ မိုးနဲ့လျှပ်စီးမိုးကြိုး အန္တရာယ်ရှိသည်။
🕔နေ့လည် ၁၂း၅၀ အချိန် ခန့်မှန်းချက်
မွန်ပြည်နယ် လမိုင်း မိုးနဲ့လျှပ်စီးမိုးကြိုးအန္တရာယ်ရှိပါတယ်။
🕔နံနက် ၁၁း၁၁ အချိန် ခန့်မှန်းချက်
၂၀၂၁ နိုဝင်ဘာလ ၄ ရက်န့မှ ၅ ရက်နေ့အတွင်း မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ကရင်ပြည်နယ်တို့တွင် မိုးရွာနိုင်ပါတယ်။ ရိတ်သိမ်းအခြောက်လှမ်းကြမည့်သူတွေ ကြိုတင်သိရှိနိုင်ရန် ခန့်မှန်းပေးတာဖြစ်သလို ဆောင်းသီးနှံစိုက်ပျိုးကြမည့်သူတွေ အဆင်သင့်ပြင်ဆင်နိုင်ရန်နှင့် မြန်မာပြည်သူပြည်သားအားလုံး ကြိုတင်သိရှိနိုင်ကြစေရန်အတွက် လဝေး ရက်ဝေး ရက်နီး ခန့်မှန်းချက်များခန့်မှန်းပေးနေတာဖြစ်ပါတယ်။
🕔နံနက် ၅း၀၅ အချိန် ခန့်မှန်းချက်
ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမိုးရွာမယ်လို့ #ECMWF model ကပြောပါတယ်။
🕔နံနက် ၄း၅၃ အချိန် ခန့်မှန်းချက်
စပါးရိတ်နေကြသူတွေ သတိနော် ဒီနေ့မိုးတွေရှိတယ်။
🕔နံနက် ၃း၁၁ အချိန် ခန့်မှန်းချက်
၂၀၂၁ နိုင်ဝင်ဘာလ ၁၄ ရက် ၁၅ ရက် နေ့များတွင် ဘင်္ဂလာပင်လယ်အော်တောင်ပိုင်းမှာ လေဖိအားနည်းလေဝဲတစ်ခု ဖြစ်နိုင်ပါတယ်။ ပိုမိုအားကောင်းလာကာ အိန္ဒိယတောင်ပိုင်းကို ဝင်ရောက်မိုးကြီးနိုင်ပါတယ်။ မြန်မာနိုင်ငံတွင် လေဖိအားများလေထုတည်ရှိနေမှာဖြစ်လို့ စောင့်ကြည့်မုန်တိုင်းအဆင့် မသတ်မှတ်ပါဘူး။ အေးရာအေးကြောင်းပါနော်။
Su Su San
𝐒𝐞𝐧𝐢𝐨𝐫 𝐌𝐞𝐭𝐞𝐨𝐫𝐨𝐠𝐢𝐬𝐭
𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐖𝐞𝐚𝐭𝐡𝐞𝐫 𝐟𝐨𝐫𝐞𝐜𝐚𝐬𝐭𝐞𝐫 &
𝐌𝐞𝐭𝐞𝐨𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫
ဝေယံ
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးပါပဲဗျာ
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from SU SU SAN (မိုးလေဝသပညာရှင်)
အားလုံး
နိုဝင်ဘာ (၈) နေ့ရက်အတွက် စုစုစံရဲ့မိုးလေဝသခန့်မှန်းချက်စုစည်းမှု
08/11/2021
နိုဝင်ဘာ (၇) ရက်နေ့ စုစုစံ၏ မိုးလေဝသခန့်မှန်းချက်များစုစည်းမှု
07/11/2021
နိုဝင်ဘာ (၆) ရက်နေ့အတွက် စုစုစံရဲ့ မိုးလေဝသခန့်မှန်းချက်များစုစည်းမှု
06/11/2021
နိုဝင်ဘာ (၅) နေ့ရက်အတွက် စုစုစံရဲ့မိုးလေဝသခန့်မှန်းချက်စုစည်းမှု
05/11/2021
နိုဝင်ဘာ (၄) နေ့ရက်အတွက် စုစုစံရဲ့မိုးလေဝသခန့်မှန်းချက်စုစည်းမှု
04/11/2021
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....