အစိမ်းရောင်လမ်း
အောက်တိုဘာ (၇) ရက်နေ့အတွက် စုစုစံရဲ့ မိုးလေဝသခန့်မှန်းချက်စုစည်းမှု

အောက်တိုဘာ (၇) ရက်နေ့အတွက် စုစုစံရဲ့ မိုးလေဝသခန့်မှန်းချက်စုစည်းမှု

🕑  နေ့လည် ၁း၅၇ အချိန် ခန့်မှန်းချက်

မိုးတွေရွာမယ် မြန်မာနိုင်ငံအလယ်ပိုင်း🌧🌧

 မိတ္ထီလာ မလှိုင် ဆည်တို ရှမ်းမငယ် မုန်တိုင် လက်ပံပြား ယင်း ရွာမွန် နတ်မောက် ကျောက်ပန်းတောင်း ပုပ္ပါး လယ်ယား လယ်ကွက်ကြီး ဝဲလောင် တောင်သာရုံးစည်ကြီး မြင်းခြံ ဆင်တဲဝ တမိုက်သာ ကံမြဲ  နွားထိုးကြီး မြစ်သား သံရွာ ဟံမြင့်မိုလ် ကျောက်ဆည် စဥ့်ကိုင် တံတားဦး တောင်သမန်အင်း မြို့သာ ငါန်းဇွန် ဆီးမိတ်ခုံ မြင်းမူ အုန်းတောကျော်ဇေယျာ ရွာသစ်ကြီး စစ်ကိုင်း အင်းဝ အမရပူရ ထုံးဘို ပုသိမ်ကြီး အောင်ပင်လယ် မန္တလေးအုန်းချော ပြင်ဦးလွင် မတ္တရာ လက်ပံလှ စဥ့်ကိုင် သပိတ်ကျဥ်း မိုးကုတ် မိုးမိတ် လျှပ်စီးထစ်ချူန်းမိုးတွေရွာမယ်နော်။

🕜 နေ့လည် ၁၂:၁၅ အချိန် ခန့်မှန်းချက်

၂၄ နာရီအတွင်း ရန်ကုန်၊ ထောက်ကြံ၊ မှော်ဘီ၊ တိုက်ကြီး၊ ဥက္ကံ၊ သုံးဆယ်၊ သာယာဝတီ၊ လက်ပံတန်း၊  စစ်ကွင်း၊ မင်းလှ၊ အိုးသည်ကုန်း၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ထန်းတပင်၊ နတ္တလင်း၊ ဇီးကုန်း မိုးတွေရွာမယ်နော်။ ရိတ်သိမ်းအခြောက်လှမ်းနေသူတွေ အပျက်အစီးမရှိပါစေနဲ့။

🕜 နံနက် ၇:၄၉ အချိန် ခန့်မှန်းချက်

ထိုင်းပင်လယ်ကွေ့မှ Low pressure cell. များ အောက်တိုဘာလ ၇ ရက်နေ့မှ ၉ ရက်နေ့အတွင်း တနင်္သာရီတိုင်းကိုဖြတ်ကျော်ကာ andaman sea(ကပ္ပလီပင်လယ်) ကိုသွားနေပါတယ်။ တနင်္သာရီတိုင်းမိုးကြီးမယ်။ ၁၀ ရက်နေ့မှာ စုဖွဲ့အား များစွာကောင်းလာနိုင်ပြီး ၁၀ ရက်နေ့ ၁၁ ရက်နေ့ ၁၂ ရက်နေ့တွေမှာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းအနောက်ပိုင်း မိုးကြီးနိုင်ပါတယ်။ ၁၂ ရက်နေ့ ၁၃ ရက်နေ့ မကွေးတိုင်းအထိပါ လေစီးသက်ရောက်လာနိုင်ပြီး မကွေးတိုင်းကြီးမှာပါ မိုးတွေရွာမှာဖြစ်ပါတယ်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတွေကတော့ မူလခန့်မှန်းအတိုင်းမိုးတွေရွာပါမယ်။

𝙎𝙐 𝙎𝙐 𝙎𝘼𝙉
𝙎𝙀𝙉𝙄𝙊𝙍
𝙈𝙀𝙏𝙀𝙊𝙍𝙊𝙇𝙊𝙂𝙄𝙎𝙏
𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙒𝙚𝙖𝙩𝙝𝙚𝙧 𝙁𝙤𝙧𝙚𝙘𝙖𝙨𝙩𝙚𝙧 &
𝙈𝙚𝙩𝙚𝙤𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝙄𝙣𝙩𝙚𝙡𝙡𝙞𝙜𝙚𝙣𝙘𝙚 𝙊𝙛𝙛𝙞𝙘𝙚𝙧
5
အောင်ကြီး

အောင်ကြီး

လွန်ခဲ့သော ၄ နှစ် က

ဧရာဝတီမြစ်ရေသတင်းပါတင်ပြပါအုန်း

ဗျူးပွိုင့်

ဗျူးပွိုင့်

လွန်ခဲ့သော ၄ နှစ် က

ကသာမြိ ု့မှာ မိုးခေါင်တာကြားဖူးသည်

HanZawTun

HanZawTun

လွန်ခဲ့သော ၄ နှစ် က

ကျေးဇူးပါဗျာ

ဦးမြင့်ထွေး

ဦးမြင့်ထွေး

လွန်ခဲ့သော ၄ နှစ် က

တောင်သူလယ်သမားတွေကိုအချိန်နဲ့တပြေးညီအခုလိုတင်ပြပေးတဲ့အတွက် ကျေးဇူးပါ စုစုစံရေ။

ဦးမြင့်ထွေး

ဦးမြင့်ထွေး

လွန်ခဲ့သော ၄ နှစ် က

ကြိုက်တယ်ဗျာ၊ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့အတိအကျကိုပြောတာ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ

ကိုချမ်း • ဖြေကြားချက် 1 ခု

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 1 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....