ဇူလိုင် ၁၂ ရက်နောက်ပိုင်းတွင် အလယ်ပိုင်းဒေသများမိုးထပ်ရနိုင်မည့် မုန်တိုင်းတစ်လုံးဖြစ်လာနိုင်ခြေများလာ
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း၊ အိန္ဒိယအရှေ့ဘက်ကမ်းခြေနားမှာ ဇူလိုင်လ ၁၂ ရက်နောက်ပိုင်း လေဖိအားနည်းရပ်ဝန်း(သို့မဟုတ်)မုန်တိုင်းတစ်လုံးဖြစ်လာဖို့ အခြေအနေဟာအတော်လေး သေချာသလောက်ရှိနေပြီဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်လေ့လာသုံးသပ်သူတစ်ဦးဖြစ်သူ ဦးဝင်းနိုင်က ပြောပါတယ်။
မုန်တိုင်းဟာ မြန်မာနိုင်ငံကို တည့်ဝင်လာဖို့တော့မရှိပေမယ့် အဲ့ဒီအရှိန်တွေကြောင့် မိုးများတာ၊ လေပြင်းတာတွေတော့ ရှိလာနိုင်တယ်လို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။

“ ကျွန်တော်တို့ဆီကို တည့်မဝင်ဘူး။ တခုရှိတာက ကျွန်တော်တို့က မုန်တိုင်းရဲ့ညာဘက်ခြမ်းမှာ ရှိတယ်။ အဲ့ဒီလို ညာဘက်ခြမ်းမှာရှိမယ်ဆိုရင် လေပိုပြင်းမယ်။ မိုးပိုရွာမယ်။ အဲ့ဒီဟာကိုပဲ မျှော်ရမှာ။ အလယ်ပိုင်းဒေသမိုးရအောင်ပေါ့ ”
မုတ်သုံလေစီးကြောင်းတွေရဲ့ အနေအထားအရ မုန်တိုင်းက မြန်မာနိုင်ငံနဲ့ အနီးဆုံးဆိုရင် ဘင်္ဂလားဒေ့ရှ်ထဲဝင်နိုင်တာလောက်ပဲရှိပြီး လက်ရှိအနေအထားတွေအရဆိုရင်တော့ သေချာတာက သူ့ဟာသူ နောက်ကြောင်းပြန်ကွေ့ ပြီးတော့ အိန္ဒိယထဲကိုပဲ ပြန်ဝင်ကာ ပါကစ္စတန် ကရာချိတို့နား ရောက်တဲ့အထိ ကုန်းတွင်းကနေ ဖြတ်ပြီးတော့ ရွေ့သွားမယ့်အနေအထားဖြစ်တယ်လို့ ဦးဝင်းနိုင်က သုံးသပ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ မိုးလေဝသဝက်ဘ်ဆိုဒ်တွေရဲ့ လက်ရှိအချိန်ထုတ်ပြန်ချက်တွေအရဆိုရင်တော့ ဒီမုန်တိုင်းဖြစ်လာရင် ပြည်အောက်ပိုင်းကနေကော့သောင်းအထိ တောင်ပိုင်းတခုလုံး မိုးများနိုင်တယ်လို့ သိရပါတယ်။
Photo Crd_Win Naing FB
(မိမိဒေသတစ်ခုချင်းစီအလိုက် မိုးလေဝသအခြေအနေများကို ဦးဝင်းနိုင်နဲ့ တိုက်ရိုက်မေးမြန်းလိုသူများအနေနဲ့ Green Way ဆော့ဝဲထဲမှာရှိတဲ့ ‘ မေးကြ၊ ဖြေကြ...ဒေသအလိုက်မိုးလေဝသ’ ဆိုတဲ့ အဖွဲ့လေးမှာ အခမဲ့ဝင်ရောက်ပြီး မေးမြန်းနိုင်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Daw Khin Khin Si
လွန်ခဲ့သော ၄ နှစ် ကhi
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026