ထောပတ်သီးပင်က ဘယ်လို မြေနဲ့ရာသီဥတုမျိုးကို ကြိုက်လဲ..
ထောပတ်သီးဟာ အာဟာရပြည့် အရသာရှိသလို အခုနောက်ပိုင်း စားသုံးမှုလည်း ပိုတွင်ကျယ်လာပါတယ်။ လက်ရှိမှာတော့ ထောပတ်ဆီနဲ့ အလှကုန်ပစ္စည်းတွေဟာလည်း ဈေးကွက်မှာ အတော် လေး တွေ့လာရပြီး စီးပွားရေးအလားအလာအတော်ကောင်းတဲ့ အသီးတစ်မျိုး ဖြစ်နေပြီမို့ စိုက်ပျိုး လိုသူတွေလည်း များလာပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံ နေရာတိုင်းမှာတော့ ထောပတ်သီးစိုက်ပျိုးအောင်မြင်မှု မရနိုင်ပါဘူး။ ဆိုတော့ ထောပတ်သီးပင်က ဘယ်လိုမြေအမျိုးအစား၊ ရာသီဥတုမျိုးကို ကြိုက်နှစ်သက်သလဲ၊ ဘယ်လိုဒေသတွေမှာ စိုက်ပျိုးအောင်မြင်နိုင်သလဲဆိုတာတွေကို ဖော်ပြပေးလိုက်ပါတယ်။

လက်ရှိတွင် နိုင်ငံတကာမှ လက်ခံအသိအမှတ်ပြုထားပြီး မြန်မာနိုင်ငံတွင် စီးပွားဖြစ်ကိုင်းဆက်စိုက်ပျိုးလာသော မျိုးကောင်းမျိုးသန့် နှစ်မျိုးမှာ “ဟက်စ်” နှင့် “ဖြူရီတီ” တို့ဖြစ်သည်။
ထောပတ်သီးပင်များသည် အလွန်စေးသောမြေ၊ အလွန်သဲဆန်သောမြေနှင့် ရေဝပ်သောမြေများမှအပ အခြားမြေများတွင် စိုက်ပျိုး၍ ရသည်။ သို့သော်လည်း စိုက်ပျိုးရန်အကောင်းဆုံးမြေမှာ သဘာဝမြေဆွေးပါဝင်မှုများသော နုန်းမြေဖြစ်သည်။
ထောပတ်သီးပင်အမြစ်သည် အပေါ်ယံမြေသားတွင်သာရှိပြီး ရွက်အုပ်ထက်ကျော်၍ မကြီးထွား သောကြောင့် သဘာဝမြေဆွေးများစွာရှိနေခြင်းကို ကြိုက်နှစ်သက်သည်။ မိုးရွာသွန်းမှုများပြီး ရေဝပ်သောမြေနေရာသည် ရေရှည်တွင် ထောပတ်သီးစီးပွားဖြစ်စိုက်ပျိုးရန် အခက်အခဲဖြစ်စေနိုင်သည်။ မြေဆီဩဇာထက်သန်သောမြေနှင့် ရေသွင်းရေထုတ်လွယ်ကူသည့်မြေမျိုးတွင် စိုက်ပျိုးရန် အသင့်တော်ဆုံးဖြစ်သည်။
- မြောက်လတ္တီကျု(ဒ်) ၈ မှ ၂၄ ဒီဂရီ နှင့် ပင်လယ်ပြင်မှ အမြင့်မီတာ ၂၅၀၀ အတွင်း ထောပတ်သီးအရိုင်းများပေါက်သည်။
- မြေချဉ်ငန်ဓာတ် pH ၄.၅ မှ ၈.၃ အတွင်း ဖြစ်ထွန်းနိုင်သည်။ အသင့်တော်ဆုံးမှာ pH ၅ မှ ၆.၅ ဖြစ်သည်။
- ထောပတ်ပင်သည် လေထုစိုထိုင်းဆ မြင့်မားခြင်းကို ကြိုက်နှစ်သက်ပါသည်။
- ပျမ်းမျှအပူချိန် ၁၈ မှ ၂၆ ဒီဂရီဆဲလ်စိယပ် အတွင်း ကောင်းစွာဖြစ်ထွန်းပြီး တစ်နှစ်မိုးရေချိန် အနည်းဆုံး ၇၅၀ မီလီလီတာ လိုအပ်ပါသည်။ အသီးသီးချိန်တွင် မြေဆီလွှာအတွင်း အစိုဓာတ် မဖြစ်မနေလိုအပ်သည်။
- ထောပတ်သီးပင်သည် လေဒဏ်မခံနိုင်သဖြင့် ဥယျာဉ်ခြံပတ်ပတ်လည်တွင် လေကာပင်များစိုက်ပျိုးထားရမည်။ အကယ်၍ ထောပတ်ဥယျာဉ်ခြံဘေးတွင် အပင်ကြီးများရှိနေလျှင် ခုတ်မပစ်သင့်ပါ။
မြန်မာနိုင်ငံတွင်ထောပတ်သီးစိုက်ပျိုးသောဒေသများဖြစ်သော ချင်းတောင်နှင့် ရှမ်းပြည်တို့သည် မြောက်လတ္တီကျုဒ် ၂၀-၂၄ ဒီဂရီတွင် တည်ရှိပြီး ပင်လယ်ပြင်မှ အမြင့်မီတာ ၁၀၀၀ မှ ၂၀၀၀ အတွင်းရှိကာ မိုးရွာသွန်းမှုမှာ တစ်နှစ်လျှင် ပျမ်းမျှ ၁၅၀၀ မီလီမီတာမှ ၂၂၅၀ မီလီမီတာရွာသွန်းပါသည်။
ပျမ်းမျှ အနိမ့်ဆုံးအပူချိန်မှ ၁၀ ဒီဂရီ ဆဲလ်စိယပ်ဖြစ်ပြီး ပျမ်းမျှအမြင့်ဆုံး အပူချိန်မှာ ၃၆ ဒီဂရီဆဲလ်စိယပ်ဖြစ်သည်။ တောင်ပေါ်ဒေသဖြစ်၍ ပူနွေးစွတ်စိုသောရာသီရှိသည့်အတွက် ထောပတ်သီးပင်စိုက်ပျိုးဖြစ်ထွန်းရန် သင့်တော်သော အနေအထားရှိပါသည်။
(Myanseed Agri Business Consultancy မှ ထုတ်ဝေသည့် ‘ထောပတ်သီးပင်စိုက်ပျိုးခြင်းဆိုင်ရာ နည်းလမ်းကောင်းများ’ စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မောင်မောင်
လွန်ခဲ့သော ၃ နှစ် ကစိတ်ဝင်စားလို့ပါတကယ်လည်းစိုက်ပါမည်
မောင်မောင်
လွန်ခဲ့သော ၃ နှစ် ကထောပတ်ပင်စိုက်ပျိုးနည်းကိုသိပါရစေ
ဆက်စပ်မေးခွန်းများ
စံပယ်ကအအေးပိုင်းဝင်သွားရင်အစာခိက်လုပ်မှုနေးကွေးသွားပြီးအဖူးမလိုက်တော့လို့ မြေပြင်အပူဓာတ်ရအောင်ဘယ်လိုပြုစုရမလဲ ဘာတွေထည့်ဖို့လိုသေးလဲပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
ဧရာပဒေသာကြဲသားခင်းအတွက်စတင်ကြဲပက်သည့်ရက်မှရိတ်သိမ်းကြိမ်အထိဘယ်ရက်သားကနေမြေသြဇာစကျွေးပြီးဘယ်ရက်သားထိမြေသြဇာနောက်ဆုံးကျွေးကတာလည်းဖြေကြားပေးပါအုံးဆရာတို့ခဗျာ
ဆန်းထိုက် • ဖြေကြားချက် 4 ခု
em 1 ကို သီနှံမျိုးစုံဖျန်းပေးရလားဆရာဆေးဖျန်းနှုန်းထားပါဖြေပေးပါဆရာ
U Than Toe Aung • ဖြေကြားချက် 1 ခု
ထရိုင်ကို ဒါးမားဝယ်ချင်လို့ပါ အဆင်ပြေလားဗျ
Zaw Latt • ဖြေကြားချက် 1 ခု
ကင်းပွန်းချဉ်
Hlaing Hlaing Thin • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026