မြန်မာနိုင်ငံ၏ မြေအမျိုးအစားများနှင့် မြေဆီလွှာအကြောင်း
ပြောင်းလဲလျက်ရှိသော မြန်မာနိုင်ငံ၏ အချို့အရပ်ဒေသများတွင် လူနေအိမ်ခြေများ၊ တိုက်ခန်းများ၊ စက်ရုံအလုပ်ရုံများ အလွန်ပြည့်ကြပ်လျက် တည်ရှိနေကြပြီး၊ အချို့အရပ်ဒေသများတွင်မူ လူနေသူနေမတွေ့ရှိရဘဲ မိုင်ပေါင်းများစွာ နေရာကွက်လပ်များ ဖြစ်နေကြသည်ကို တွေ့ရ၏။ အောက်ဖော်ပြပါ အရပ်ဒေသများတွင် လူနှင့် သက်ရှိသတ္တဝါများ နေထိုင်စားသောက်ကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိကြသည်။
(က) ချိုင့်ဝှမ်းသော အရပ်။
(ခ) နုံးတင်မြေနု အရပ်။
(ဂ) မိုးကောင်းအရပ်နှင့် ဆည်ရေသောက်အရပ်။
(ဃ) စိုက်ပျိုးပင် အများဆုံးအရပ် တို့ဖြစ်ကြပါသည်။
အထက်ဖော်ပြပါ အရပ်ဒေသများပေါ်မူတည်၍ မြန်မာနိုင်ငံ၏ ပထဝီဝင်အနေအထားအရ အပူပိုင်းဒေသ၊ သမပိုင်းဒေသ၊ သမ-အနွေးပိုင်းဒေသ၊ တောင်တန်းဒေသ၊ အမြင့်မားဆုံး ရေခဲတောင်ဒေသ ဟူ၍ ခွဲခြားသတ်မှတ်နိုင်ပါသည်။
မြေအမျိုးအစားခွဲခြားမှု စနစ်သစ်အရ မြန်မာနိုင်ငံတွင် အဓိကမြေအမျိုးအစားကြီး (၂၄) မျိုးကို တွေ့ရှိရပါသည်။ မြေအမျိုးအစားများ၏ လက္ခဏာများကို
၁။ ရုပ်သွင်ပြင်နှင့် အဓိကကျောက်သားတွင် ဓာတ်သတ္တုပါဝင်ဖွဲ့စည်းမှု။
၂။ အနိမ့်၊ အမြင့် မြေသား၏ရုပ်လက္ခဏာ။
၃။ မြေအမျိုးအစားဖြစ်ပေါ်လာစေရန် ဖန်တီးသောရာသီဥတု။
၄။ ပေါက်ရောက်ပင်များ စသည်တို့ကို အခြေခံ၍ သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။
မြေအမျိုးအစားခွဲခြားခြင်းတို့ကို စိုက်ပျိုးရေးအတွက် မြေသယံဇာတ အရေးပါမှုအချက်များအား အခြေခံ၍ ပြုလုပ်ထားပါသည်။
ကမ္ဘာ့အပေါ်ယံမြေလွှာသည် လက်မ (၂၀) အောက် မြေသားအထူရှိလျှင် မြေဆီလွှာပါးလွှာ သည်ဟု သတ်မှတ်ပြီး လက်မ (၂၀) နှင့်အထက် (၃၆) လက်မ ကြား မြေသားအထူရှိလျှင် မြေဆီလွှာ အသင့်အတင့်နှင့် (၃၆) လက်မနှင့် အထက် မြေသားအထူရှိလျှင် အပေါ်ယံမြေဆီလွှာ ထူသည်ဟု သတ်မှတ်ကြသည်။ စိုက်ပျိုးရေးလုပ်ငန်းအတွက် ထွန်ယက်စိုက်ပျိုးသောမြေသည် အပေါ်ယံမြေဆီလွှာ (Top Soil) ဖြစ်သည်။ ထို့ကြောင့် အပေါ်ယံမြေဆီလွှာ (Top Soil) မြေသား အထူ၊ အပါး ပေါ်မူတည်၍ သီးနှံအထွက်နှုန်းကွာခြားကြသည်။
ထို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိသော တောင်သူများအနေဖြင့် မိမိတို့ ထွန်၊ ယက် စိုက်ပျိုးလုပ်ကိုင်နေသည့် လယ်၊ ယာမြေများသည် မည်ကဲ့သို့သော မြေဆီလွှာအမျိုးအစားဖြစ်သည်ကို သိရှိထားရန်လိုအပ်ပေသည်။ သို့မှသာ မြေဆီလွှာအမျိုးအစားပေါ်မူတည်၍ လိုအပ်သည့် စိုက်ပျိုးရေးသွင်းအားစုများဖြစ်သော မျိုး၊ သဘာဝမြေသြဇာ၊ ဓာတ်မြေသြဇာနှင့် ဟော်မုန်းဆေးများကို ရွေးချယ်အသုံးပြုသင့်သည်။
နန္ဒကျော်(ရုက္ခဗေဒ)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
စံပယ်ကအအေးပိုင်းဝင်သွားရင်အစာခိက်လုပ်မှုနေးကွေးသွားပြီးအဖူးမလိုက်တော့လို့ မြေပြင်အပူဓာတ်ရအောင်ဘယ်လိုပြုစုရမလဲ ဘာတွေထည့်ဖို့လိုသေးလဲပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
ဧရာပဒေသာကြဲသားခင်းအတွက်စတင်ကြဲပက်သည့်ရက်မှရိတ်သိမ်းကြိမ်အထိဘယ်ရက်သားကနေမြေသြဇာစကျွေးပြီးဘယ်ရက်သားထိမြေသြဇာနောက်ဆုံးကျွေးကတာလည်းဖြေကြားပေးပါအုံးဆရာတို့ခဗျာ
ဆန်းထိုက် • ဖြေကြားချက် 4 ခု
em 1 ကို သီနှံမျိုးစုံဖျန်းပေးရလားဆရာဆေးဖျန်းနှုန်းထားပါဖြေပေးပါဆရာ
U Than Toe Aung • ဖြေကြားချက် 1 ခု
ထရိုင်ကို ဒါးမားဝယ်ချင်လို့ပါ အဆင်ပြေလားဗျ
Zaw Latt • ဖြေကြားချက် 1 ခု
ကင်းပွန်းချဉ်
Hlaing Hlaing Thin • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026