အစိမ်းရောင်လမ်း
ဦးကြီးတို့ရဲ့ စိုက်ပျိုးမြေအမျိုးအစားကို စမ်းသပ်ချင်နေကြပြီလား..?

ဦးကြီးတို့ရဲ့ စိုက်ပျိုးမြေအမျိုးအစားကို စမ်းသပ်ချင်နေကြပြီလား..?

သီးနှံပင်များ စိုက်ပျိုးနေတဲ့  မြေဆီလွှာဟာဆိုရင် လူသားတွေကဲ့သို့ သက်ရှိလေးပဲ ဖြစ်ပါတယ်။ ထိုသက်ရှိလေး ကျန်းမာနေဖို့ဆိုရင် ဘာတွေလုပ်ဖို့ လိုအပ်မလဲ?

ပထမဦးစွာ မြေဆီလွှာ မကျန်းမာစေတဲ့ အချက်တွေကို အရင်ပြောပြပေးပါရစေ။

၁။ ဓာတ်မြေသြဇာများ အလွန်အကျွံ့အသုံးပြုခြင်း

၂။ သီးနှံတမျိုးတည်းကို ထပ်ခါထပ်ခါ စိုက်ပျိုးခြင်း

၃။ စက်ရုံမှ စွန့်ပစ်ရေများနှင့် ဓာတုဓာတ်ကြွင်းပါရှိသည့် ရေများသွင်းမိခြင်း

၄။ ‌ရေနှင့်လေ တိုက်စားမှုကြောင့် အပေါ်ယံမြေဆီလွှာပျက်စီးခြင်း စသည်တို့ဖြစ်ပါတယ်။

ဒါဆိုရင် မြေဆီလွှာ ကျန်းမာဖို့ဆိုရင်တော့  

၁။ ဓာတ်မြေသြဇာများကို မိမိတို့ စိုက်ပျိုးမည့် သီးနှံအပေါ်လိုက်၍ အချိန်ကိုက် အချိုးကျ ထည့်ပေးခြင်း

၂။ သီးလှည့် စိုက်ပျိုးခြင်း (သို့) သီးညှပ်စိုက်ပျိုးခြင်း၊ သစ်စိမ်းမြေသြဇာ စိုက်ပျိုးပေးခြင်း

၃။ ရေတိုက်စားခြင်းမှ ကာကွယ်ရန် ကွန်တိုကန်သင်းများ လုပ်ပေးခြင်း၊ လေကာပင်များ စိုက်ပေးခြင်းစသည့် အချက်‌လေးတွေ လုပ်ပေးဖို့ လိုအပ်ပါတယ်။ 

တောင်သူဦးကြီးတို့ စိုက်ပျိုးမည့် သီးနှံအပေါ်မူတည်ပြီး ထည့်သွင်းရမည့် မြေသြဇာအမျိုးအစားနှင့် ပမာဏတို့ကို သိရှိရဖို့ဆိုလျှင် မြေဆီလွှာအရည်အသွေးစစ်ဆေးဖို့လိုပါမယ်။

မြေဆီလွှာအရည်အသွေး စစ်ဆေးချင်တယ် ဆိုရင်တော့ Agrosoil  ရှိပါတယ်။

Agrosoil ဟာဆိုရင် မိမိ၏ မြေဆီလွှာမှာ ရှိနေတဲ့ မြေသြဇာပမာဏကို ပြောပြပေးမယ့်အပြင် မြေပြင်တဲ့ အချိန်မှစ၍ သီးနှံပင်၏ သက်တမ်းအလိုက် ထည့်သွင်းရမည့် မြေသြဇာ အမျိုးအစားနှင့် အချိုးတို့ကိုပါ ဖြေရှင်းပေးမှာ ဖြစ်ပါတယ်။ မြေဆီလွှာအရည်အသွေးစစ်ဆေးပြီးလျှင် မိမိတို့မြေကြီး အမျိုးအစားပေါ် မူတည်ပြီး စိုက်ပျိုးလို့ရမည့် သီးနှံကိုပါ တခါတည်း ပြောပြပေးသွားမှာဖြစ်ပါတယ်။ 

Agrosoil ဝန်ဆောင်မှုကို ရချင်တယ်ဆိုလျှင်ဖြင့် 09442627851, 09755705567 ဖုန်းခေါ်ဆိုပြီး စုံစမ်းနိုင်သလို Agrosoil Myanmar facebook page ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့် ...

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

2
winTUn

winTUn

လွန်ခဲ့သော ၂ နှစ် က

မြေဆီလွှာအရေအသွေစစ်ဆေးချင်တယ်ဆိုရင်ဘယ်လိုဆက်သွယ်ရမလဲ

မနွယ်နွယ်အေး

မနွယ်နွယ်အေး

လွန်ခဲ့သော ၂ နှစ် က

မြေကြီးအရမ်းပွပြီးသဲဆန်နေလို့မြေကိုဘယ်လိုပြုပြင်ပေးရမလဲဆိုတာသိချင်ပါတယ်ရှင့်

You

ဆက်စပ်မေးခွန်းများ

စံပယ်ကအအေးပိုင်းဝင်သွားရင်အစာခိက်လုပ်မှု‌နေးကွေးသွားပြီးအဖူးမလိုက်တော့လို့ မြေပြင်အ‌ပူဓာတ်ရအောင်ဘယ်လိုပြုစုရမလဲ ဘာတွေထည့်ဖို့လိုသေးလဲပြောပြပေးပါအုံး

အောင်ကိုမင်း • ဖြေကြားချက် 1 ခု

ဧရာပဒေသာကြဲသားခင်းအတွက်စတင်ကြဲပက်သည့်ရက်မှရိတ်သိမ်းကြိမ်အထိဘယ်ရက်သားကနေမြေသြဇာစကျွေးပြီးဘယ်ရက်သားထိမြေသြဇာနောက်ဆုံးကျွေးကတာလည်းဖြေကြားပေးပါအုံးဆရာတို့ခဗျာ

ဆန်းထိုက် • ဖြေကြားချက် 4 ခု

em 1 ကို သီနှံမျိုးစုံဖျန်းပေးရလားဆရာဆေးဖျန်းနှုန်းထားပါ‌ဖြေပေးပါဆရာ

U Than Toe Aung • ဖြေကြားချက် 1 ခု

ထရိုင်ကို ဒါးမားဝယ်ချင်လို့ပါ အဆင်ပြေလားဗျ

Zaw Latt • ဖြေကြားချက် 1 ခု

ကင်းပွန်းချဉ်

Hlaing Hlaing Thin • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....