စိုက်ပျိုးမြေမှ ယိုစိမ့်မှုများ
ယိုစိမ့်ခြင်းအကြောင်းပြောကြတော့မယ်ဆိုတော့ ကျွန်တော်တို့မြေကြီးကို ရေမြှုပ်ကြီးတစ်ခု ဖော့တုံးကြီးတစ်ခုလို မြင်ကြည့်ရအောင်။ မြေသားထုကြီးက ဒီလိုအပေါက်သေးသေးလေးတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ မိုးရွာတဲ့အခါ မြေလွှာအပေါ်ကယံက သူစုပ်ယူနိုင်သလောက် စုပ်ယူပစ်ပါတယ်။ ဒီအစိုဓာတ်လေးကို အပင်တွေကြီးထွားဖို့ ပြန်သုံးပေးပါတယ်။ ဒီလို ထိန်းနိုင်သလောက်ထိန်းထားပြီး ပိုလာတဲ့ရေတွေကတော့ ယိုစိမ့်ခြင်းကို စတင်ဖြစ်ကြပါတော့တယ်။ မြေသားထုရဲ့ အောက်လွှာတွေဆီ တစ်ဆင့်ချင်းတစ်ဆင့်ချင်း ယိုစိမ့်သွားကြတာပါ။ ကျောက်လွှာတွေကိုဖြတ်ပြီး ဟိုးအာက်ခြေရောက်တဲ့အခါမှာတော့ မြေအောက်ရေအဖြစ် ရှိကြပါတယ်။ ဒီလိုယိုစိမ့်တဲ့အခါ သူ့တစ်ယောက်ထဲမသွားဘဲ ဘေးနားက ရေမှာပျော်ဝင်နိုင်တဲ့ အပင်အာဟာရတွေအကုန်လုံးကို ခေါ်သွားတာပါ။ ဒါက စိုက်ပျိုးရေးသမားတွေကို အဓိကတုန်လှုပ်စေတဲ့ တစ်ချက်ပဲဖြစ်ပါတယ်။
ကျွန်တော်တို့ ပိုးသတ်ဆေးတွေသုံးထားခဲ့တဲ့မြေကို ဖြတ်သွားတဲ့ရေက ပိုးသတ်ဆေးအာနိသင်တွေကို သူယိုစိမ့်ရာလမ်းတစ်လျောက် သယ်ဆောင်သွားမှာဖြစ်ပါတယ်။
ဒါကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာလှုပ်ရှားမှုတွေမှာ စိုက်ပျိုးရေးက ပြောစရာတစ်ရပ်ဖြစ်နေခဲ့ပါတယ်။ဒါကြောင့်လဲ သဘာဝနည်းတွေကို ပြောင်းလဲကျင့်သုံးဖို့ တိုက်တွန်းနေကြတာပါ။
အိုးနဲ့စိုက်ထားတဲ့ မြေတွေ
ဒါဆိုရင် အိုးနဲ့ စိုက်တဲ့မြေတွေကို ကြည့်ရအောင်ပါ။ အပင်လေးတွေကို အိုးတစ်ခုခု၊ ထည့်စရာတစ်ခုခုနဲ့စိုက်တဲ့ နည်းလမ်းတွေက ဒီကနေ့ခတ်မှာ ခေတ်စားလာကြပါပြီ။ ဒါတွေကို မျက်စိကျ အာရုံစိုက်လာကြတဲ့ အကြောင်းအရင်းတွေထဲမှာ ယိုစိမ့်ခြင်းကို ကာကွယ်နိုင်ချင်လို့ဆိုတဲ့ တစ်ချက်လည်းပါနေပါတယ်။ အကြောင်းကတော့ ဒီလိုပါ။ အိုးနဲ့သာ အပင်တွေစိုက်ခဲ့ရင် ယိုစိမ့်မှုဖြစ်တဲ့အခါ လွယ်လွယ်ကူကူဆေးကြောနိုင်တာမို့ပါ။ ဒီနေရာမှာ ယိုစိမ့်ခြင်းက အာဟာရတွေကို ယူဆောင်သွားပြီး ဆားတွေကိုတော့ မြေပေါ်မှာချန်ထားခဲ့တာပါ။ ဒီလိုနဲ့ဆားပေါက်မြေတွေဖြစ်လာရတာပါ။ ထည့်စရာထဲမှာဖြစ်တဲ့အတွက် ရေတွေလောင်းပြီး ဆားတွေကို ဆေးချနိုင်ပါတယ်။ ကွင်းထဲမှာဆိုရင်တော့ ရေသွင်းနည်းလမ်းတွေနဲ့ ဆေးကြောရတာဖြစ်လို့ အကုန်အကျများပါတယ်။
ကဲ...ဒီလောက်ဆိုရင်တော့ ဘာကြောင့်ယိုစိမ့်ခြင်းက သိထားဖို့လိုသလဲ? မျက်မှောက်ခေတ် သဘာဝနည်းတွေကို အားပေးနေရတဲ့ အကြေင်းအရာတွေထဲမှာ ယိုစိမ့်ခြင်း ပြဿနာကလည်း တစ်ခုအပါအဝင်ဖြစ်တာမို့ ရေးသားဖော်ပြလိုက်ရပါတယ်ဗျ။
Ref:https://www.gardeningknowhow.com/garden-how-to/soil-fertilizers/soil-leaching-information.htm
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
စံပယ်ကအအေးပိုင်းဝင်သွားရင်အစာခိက်လုပ်မှုနေးကွေးသွားပြီးအဖူးမလိုက်တော့လို့ မြေပြင်အပူဓာတ်ရအောင်ဘယ်လိုပြုစုရမလဲ ဘာတွေထည့်ဖို့လိုသေးလဲပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
ဧရာပဒေသာကြဲသားခင်းအတွက်စတင်ကြဲပက်သည့်ရက်မှရိတ်သိမ်းကြိမ်အထိဘယ်ရက်သားကနေမြေသြဇာစကျွေးပြီးဘယ်ရက်သားထိမြေသြဇာနောက်ဆုံးကျွေးကတာလည်းဖြေကြားပေးပါအုံးဆရာတို့ခဗျာ
ဆန်းထိုက် • ဖြေကြားချက် 4 ခု
em 1 ကို သီနှံမျိုးစုံဖျန်းပေးရလားဆရာဆေးဖျန်းနှုန်းထားပါဖြေပေးပါဆရာ
U Than Toe Aung • ဖြေကြားချက် 1 ခု
ထရိုင်ကို ဒါးမားဝယ်ချင်လို့ပါ အဆင်ပြေလားဗျ
Zaw Latt • ဖြေကြားချက် 1 ခု
ကင်းပွန်းချဉ်
Hlaing Hlaing Thin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းရာဇာ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....