မြေဆွေးကို ဒီလိုပုံပါ....
ကဲ ပုံပါပြီ ပုံပါပြီ။ ဘယ်လိုတွေတောင်ပုံကြမလဲဆိုတာကို ဆက်ပြီးတော့ ကြည့်ကြပါဦး။
အဆင့် (၁) နေရာပြင်ဆင်ခြင်း။ ။ ကိုယ့်မြေဆွေးပုံကို ဘယ်နေရာမှာ ပုံမလဲဆိုတာကို တွေးပြီးတော့ ပုံရမှာပါ။ ရေကြီးရေဝင်တတ်တဲ့နေရာ မဖြစ်ရဘူး။ မာတဲ့မြေသားအောက်ခံ (ကွန်ကရစ်) တွေထက်စာရင် နည်းနည်းလက်တွေ့ကျတဲ့ မြေသားတွေက ပိုကောင်းတယ်ဆိုတာကို သတိထားရပါမယ်နော်။
အဆင့် (၂) ပစ္စည်းတွေ စုဆောင်းခြင်း။ ။ စုထားဆောင်းထားသင့် စုဆောင်းထားနိုင်တဲ့ပစ္စည်းတွေကို ပြောပြထားပြီးပြီဆိုတော့ အကြမ်းလောက်တော့ ထပ်ပြောပေးပါမယ်။
• အစိမ်းရောင် အပင်ထွက်ပစ္စည်းတွေအားလုံး (မြေဆွေးပုံမှာဆိုရင် (၅၀) ရာခိုင်နှုန်း)
• ကာဗွန်ပါဝင်မှုများတဲ့ ပစ္စည်းတွေက ((၂၀)ကနေ (၃၀) ရာခိုင်နှုန်း)၊ တစ်ချို့ကတော့ စပါးခွံတွေကို ထည့်သုံးကြတယ်။ မများဖို့တော့ သတိထားရပါမယ်။
• နွားချေး၊ ကြက်ချေးလို တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းတွေကလည်း (၂၀) ကနေ (၃၀) ရာခိုင်နှုန်း စုထားပါ။
• အစိမ်းရောင်ပစ္စည်းတွေကတော့ ကာဗွန်နဲ့ နိုက်ထရိုဂျင်ကို ကောင်းကောင်းဖြည့်တင်းပေးနိုင်ပါတယ်။ ကောက်ရိုးဆိုရင် ကာဗွန်အများကြီးပါတယ်။ တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းတွေဆိုရင် နိုက်ထရိုဂျင်နဲ့ ဘက်တီးရီးယားတွေအတွက် အစားအစာတွေကို ထောက်ပံ့ပေးနိုင်ပါတယ်။
အဆင့် (၃) မြေဆွေး ပုံတဲ့အဆင့်ပါ။
၁) အလွှာတိုင်းအတွက် အထူကတော့ ၁၅-၂၅ စင်တီမီတာ (၅ လက်မ ကနေ ၉ လက်မ) ရှိသင့်ပါတယ်။ လေပေါက်အတွက် ဝါးလုံးအတုတ်ကြီးကြီး (၂)လုံးကို ထောင်ထားပေးပါ။ လေဝင်ပေါက်အတွက်လုပ်ပေးတာပါ။
၂) ပထမဆုံးကြမ်းခင်းအတွက် အလွှာကတော့ နည်းနည်းမာတဲ့ သစ်သားဆန်တဲ့ ပစ္စည်းတွေကိုထည့်ရမှာဖြစ်ပါတယ်။ တုတ်ချောင်းလေးတွေ အကိုင်းအခက်လေးသေးသေးတွေ ဖြစ်ပြီးတော့ လေဝင်လေထွက်နဲ့ ရေစစ်ဖို့အတွက်ကို ထားပေးရတာဖြစ်ပါတယ်။
၃) နောက်တစ်လွှာကတော့ ကောက်ရိုးတွေ၊ စပါးခွံတွေလို ကာဗွန်များများပါတဲ့ အရာတွေကို ထည့်ပေးရမှာဖြစ်ပါတယ်။
၄) နောက်တစ်လွှာကတော့ တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းတွေ (အစို) ကို ထည့်ပေးရမှာဖြစ်ပါတယ်။
၅) နောက်ထပ်ကတော့ လွယ်လွယ်ဆွေးနိုင်တဲ့ပစ္စည်းတွေကို ထည့်ရမှာဖြစ်ပါတယ်။ မြက်စိမ်း၊ အရွက်၊ ဟင်းသီးဟင်းရွက်စွန့်ပစ္စည်းတွေကို ထည့်ပေးရမှာဖြစ်ပါတယ်။
၆) ပြာတွေ (ပမာဏနည်းနည်း)ကို ဖြူးပေးပေါ။ ကျင်ငယ်ရေကိုလည်း နည်းနည်းလိုက်ဖြန်းပေးရမှာပါ။ ဆွေးတဲ့ဖြစ်စဉ်ကိုမြန်အောင်လို့ ထည့်ပေးတာပါ။
၇) ကဲ အလွှာတွေကလည်း ပြည့်နေပြီ။ ပြီးတော့ ပစ္စည်းတွေကလည်း ကျန်နေသေးတယ်ဆိုရင် အစကနေ အလွှာလိုက် ပြန်ပြီးတော့ ပြန်စီပါ။ ပြန်လုပ်ပါ။
၈) အရမ်းမဖိမိဖို့ကို သတိထားရမှာပါ။ အလွှာတွေကို သေချာအောင် လုပ်ထားပေးဖို့တော့လိုပါတယ်။ အပူတွေ လွှတ်ထွက်သွားတာဖြစ်ဖြစ်၊ လေမဝင်တော့တာဖြစ်ဖြစ် ဖြစ်တတ်တာကြောင့်ပါ။ စထောင်ထားတဲ့ လေဝင်ပေါက်ကိုလည်း မပိတ်အောင် သတိထားပေးရမှာဖြစ်ပါတယ် အရပ်ကတို့။
အဆင့် (၄) ရေလောင်းပေးခြင်း။ ။ မြေဆွေးပုံပြီးရင်တော့ ရေကို မြေဆွေးပုံတစ်ပုံလုံးအတွက် လုံလောက်နေအောင် ဖြန်းပေးဖို့လိုပါတယ်။
အဆင့် (၅) ဖုံးအုပ်ခြင်း။ ။ မြေဆွေးပုံကို ရေလောင်းလို့လည်း ပြီးသွားပြီဆိုရင်တော့ မြက်တွေနဲ့ လုံနေအောင် ပြန်ဖုံးပေးထားရမှာဖြစ်ပါတယ်။
အထောက်အကူပစ္စည်းတွေကို သုံးစွဲခြင်း
တစ်ချို့ စိုက်ပျိုးရေးဆိုင်ရာ ကုမ္ပဏီတွေက မြေဆွေးကိုမြန်မြန်ဆွေးစေတယ်ဆိုပြီး ရောင်းချတဲ့ ပစ္စည်းတွေရှိပါတယ်။ ထရိုင်ကိုဒါးမားမှိုတွေ၊ အီးအမ်လိုမျိုး ပစ္စည်းတွေဖြစ်ပါတယ်။ ဒီပစ္စည်းတွေသုံးဖို့အတွက် စဉ်းစားစရာ ကွဲလွဲမှုတော့ ရှိပါတယ်။ သဘာဝအတိုင်းဆွေးအောင် သဘာဝကနေပြီး ဘက်တီးရီးယားတွေကို စုတာပါပဲ။ ဒါဆို ထပ်ထည့်ဖို့အတွက် ပိုက်ဆံကုန်ခံမလားဆိုတဲ့ တစ်ချက်ရယ်။ ငါ့မြေဆွေးမှာတော့ ဘက်တီးရီးယားတွေ အများကြီးပါပြီးတော့ မြန်အောင်လို့ ထည့်မယ်ဆိုတဲ့တစ်ချက်ပဲ ဖြစ်ပါတယ်။
ကဲ တွေးပြီးရင်တော့ ဆက်ပြီးတော့ လုပ်ကြမယ်။ ထည့်တာ မထည့်တာကတော့ ကိုယ့်ဆုံးဖြတ်ချက်ပါပဲ။
လေဝင်လေထွက်ကို ကြည့်ရမယ်။ လေရှိဆွေးမြေ့ခြင်းက အကောင်းဆုံးလို့ပြောထားတာမို့ လေရှိနေတာသေချာအောင်လို့ လုပ်ပေးရမှာဖြစ်ပါတယ်။. လေရှိတာသေချာအောင် ပန်ကာဖွင့်ပေးရမလားဆိုတော့ မဟုတ်ရပါဘူးနော်။ မြေဆွေးပုံကို လှန်ပေးနိုင်ပါတယ်။ မြေပုံကို လှန်ပေးရင်တော့
၁) မြေဆွေးပုံကို လှန်ပေးတာက ပေါင်းစေ့တွေ၊ ခိုအောင်းနေထိုင်နေကြတဲ့ အင်းဆက်ပိုးမွှားတွေ၊ ရောဂါဖြစ်စေနိုင်တဲ့ အကောင်ပလောင်တွေကိုလည်း ဖျက်စီးပစ်နိုင်ပါတယ်။
၂) အနံ့ဆိုးတွေရှိနေတယ်ဆိုရင်လည်း ကောင်းသွားအောင် ပြန်လုပ်ပေးနိုင်ပါတယ်။ အနံ့ဆိုးတွေဆိုတာကလည်း မြေဆွေးပုံမှာ ထည့်ထားတဲ့ပစ္စည်းတွေက မညီမျှတဲ့အခါမှာ ထွက်တတ်တာပါ။ အဲ့တော့ နည်းနည်းချဉ်စုတ်စုတ်ထွက်တတ်တဲ့ အနံ့တွေကို ရနေတာကိုလည်း သက်သာစေပါတယ်။
၃) မြေဆွေးပုံက ဆွေးကျနေတာဆိုတော့ အကုန်လုံးမဆွေးခင်မှာ ကြားထဲမှာ လေဟာနယ် ကွက်လပ်ကလေးတွေ ဖြစ်တတ်ပါတယ်။ အဲ့လို ကွက်လပ်တွေ လေဟာနယ်တွေကို ဖြစ်နေရင်လည်း မြေဆွေးပုံကို လှန်လိုက်တဲ့အချိန်မှာ အဲ့ဒါတွေပျောက်သွားပါတယ်။ မြေလှန်တာ က (၃) ပတ်လောက်ကြာတာနဲ့ တင်စပြီးတော့လှန်ပေးဖို့ လုပ်ထားနိုင်ပါတယ်။ (၃)ပတ်ခြား တစ်ခါ လှန်ပေးနိုင်တယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။
အစိုဓာတ်ကို ထိန်းထားပေးဖို့လည်း လိုအပ်ပါတယ်။ အစိုဓာတ်ရှိနေမှ မြေကဆက်တိုက်ကိုဆွေးနေတာဖြစ်ပါတယ်။ အစိုဓာတ်က (၄၀)ကနေ (၆၀)ရာခိုင်နှုန်း ရှိကိုရှိနေရမှာဖြစ်ပါတယ်။ မရှိဘူးဆိုရင် မြေဆွေးပုံကိုလှန်တဲ့အချိန်မှာ လောင်းပေးလို့ရပါတယ်။ အရမ်းစိုနေဖို့ မလိုပါဘူး။ မြေကြီးပါနေတယ်ဆိုရင်တော့ မြေကြီးကို ယူပြီးတော့ လုံးကြည့်ပါ။ လောက်စာလုံး လုံးလိုက်လို့ ရေလည်းမထွက်ဘူး လုံးလို့လည်းရတယ်ဆိုရင်တော့ မြေက အစိုဓာတ်ရှိတယ်ဆိုတာကို သိရမှာပါ။ အဲ့အခြေအနေက အဆင်ပြေပါတယ်။ (၁)ပတ်ကို (၂)ခါလောက်ရေလောင်းပေးတယ် ဆိုရင်တော့ အစိုဓာတ်ကို ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။ အရမ်းပူတယ်ဆိုရင် အစိုဓာတ်ကို ထိန်းထားနိုင်ဖို့အတွက် ငှက်ပျောရွက်၊ မြက်၊ ရွံ စတာတွေ မံပြီးတော့ ထားနိုင်ပါတယ်။
နောက်ပြီးတော့ အပူချိန်။ အပူချိန်က အရမ်းများနေတယ်ဆိုရင်လည်းမကောင်း၊ နည်းနေတယ်ဆိုရင်လည်း မကောင်းဘူးဆိုတာ သိပြီးသားပါ။ အကောင်းဆုံးအပူချိန်ကတော့ (၅၅) ဒီဂရီ ဆဲလ်စီးယပ်ကနေ (၆၆) ဒီဂရီ ဆဲလ်စီးယပ် ကျော်ကျော်ဖြစ်ရမှာပါ။ အဲ့ အပူချိန်အတိုင်းရှိနေတယ်ဆိုရင်တော့ ပေါင်းပင်တွေလည်း သေစေပြီးတော့ ဘက်တီးရီးယားလေးတွေအတွက် အာဟာရကိုလည်း မျှတစေနိုင်တဲ့ အပူချိန်ပဲဖြစ်တာကြောင့် မြေဆွေးပုံကိုလည်း မြန်မြန်ဆွေးစေနိုင်တာဖြစ်ပါတယ်။
မြေဆွေးပုံကို ပုံလိုက်ကတည်းက အပိုင်းအစသေးသေးလေးတွေလုပ်ထားရင် အဆွေးမြန်ပြီးတော့ အကြီးကြီးတွေ အတုံးလိုက်အတစ်လိုက်ထည့်တဲ့အခါမှာ ဆွေးတာက ကြာသွားပါတယ်။ မြေဆွေးလှန်တဲ့အခါမှာ ပေါက်တူးလေးနဲ့ ပြန်ပြီးတော့ လုပ်ပေးတာနဲ့တင် အဆင်ပြေနိုင်ပါတယ်။
ကဲ နောက်တစ်ပုဒ်မှာတော့ မြေဆွေးဘယ်ချိန်ရမလဲဆိုတာကို ပြောပြမှာဆိုတော့ ဆက်ပြီးတော့ ကြည့်ပေးပါဦးနော်.....။
ထွန်းဝင်းကျော်
References; “Compost Making Made Easy”, ADDA – VNFU Organic Project.
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ကိုယ်တိုင်လုပ် သဘာဝမြေသြဇာများ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
စံပယ်ကအအေးပိုင်းဝင်သွားရင်အစာခိက်လုပ်မှုနေးကွေးသွားပြီးအဖူးမလိုက်တော့လို့ မြေပြင်အပူဓာတ်ရအောင်ဘယ်လိုပြုစုရမလဲ ဘာတွေထည့်ဖို့လိုသေးလဲပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
ဧရာပဒေသာကြဲသားခင်းအတွက်စတင်ကြဲပက်သည့်ရက်မှရိတ်သိမ်းကြိမ်အထိဘယ်ရက်သားကနေမြေသြဇာစကျွေးပြီးဘယ်ရက်သားထိမြေသြဇာနောက်ဆုံးကျွေးကတာလည်းဖြေကြားပေးပါအုံးဆရာတို့ခဗျာ
ဆန်းထိုက် • ဖြေကြားချက် 4 ခု
em 1 ကို သီနှံမျိုးစုံဖျန်းပေးရလားဆရာဆေးဖျန်းနှုန်းထားပါဖြေပေးပါဆရာ
U Than Toe Aung • ဖြေကြားချက် 1 ခု
ထရိုင်ကို ဒါးမားဝယ်ချင်လို့ပါ အဆင်ပြေလားဗျ
Zaw Latt • ဖြေကြားချက် 1 ခု
ကင်းပွန်းချဉ်
Hlaing Hlaing Thin • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026