အစိမ်းရောင်လမ်း
အီးအမ်အသုံးပြုမြေသြဇာပြုလုပ်နည်း

အီးအမ်အသုံးပြုမြေသြဇာပြုလုပ်နည်း

သီးနှံများအထွက်နှုန်း တိုးတက်ရေးအတွက် ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာအပြင် ဇီဝမြေသြဇာများ ကျယ်ပြန့်စွာ သုံးစွဲနိုင်ရန် ရည်ရွယ်ပြီး အီးအမ် (အကျိုးပြု အဏုဇီဝ) အသုံးပြု မြေသြဇာပြုလုပ်နည်းများအား ဖော်ပြပေး လိုက်ပါသည်။ ပထမဦးစွာ အသင့်သုံး အီးအမ်ဖျော်ရည်ဖျော်စပ်ရပါမည်။ ရက်ကြာလျှင် အာနိသင်မပြတော့ပေ။ ထို့ကြောင့် အသုံးပြုကာနီးမှသာ အသင့်သုံးအီးအမ်ကိုဖျော်စပ်ရပါမည်။

အသင့်သုံးအီးအမ်ဖျော်စပ်နည်း

ပါဝင်သောပစ္စည်းများ

အီးအမ်ဖျော်ရည်ပြင်း (စတီးဇွန်း ၁ ဇွန်း) ၊ တင်လဲရည် /သကာရည်(စတီးဇွန်း ၄ ဇွန်း)၊ ရေ(ရေလီတာပုလင်း၏ ပုခုံးဝက်)
အချိုးအစား- ( ၁: ၄: ၉၅ ) ဆ

ပြုလုပ်နည်း

(၁) ပါဝင်သောပစ္စည်းများကို အထက်ပါ အချိုးအတိုင်းရောစပ်ပြီး သမအောင်လှုပ်ပါ။

(၂) ပြီးလျှင် လေလုံအောင်ပိတ်ပါ။ နေ့စဉ် နံနက်တိုင်း အဖုံးဖွင့်၍ ဓါတ်ငွေ့များကို ဖယ်ထုတ်ပါ။ (အေး၍မှောင်ပြီးခြောက်သွေ့သောနေရာတွင် ထားပါ)။

(၃) ရောစပ်ပြီး ၃ ရက်ခန့်အကြာ မူလအမဲရောင်မှ အဝါရောင်သို့ ပြောင်းလာ၏။ ထိုအခါ စတင်အသုံးပြု နိုင်ပြီဖြစ်သည်။ဖျော်စပ်ပြီး (၇) ရက်မှ (၁၀) ရက်အတွင်း အကုန်သုံးပစ်ရမည်။ ရက်ကျော်ပါက အဝါရောင်မှ အမည်းရောင်ပြောင်းပြီး အနံ့လည်း မကောင်းတော့ပေ။ ထိုအခြေအနေရောက်ပါက အာနိသင်ပြယ်ပြီဟု မှတ်ပါ။

မှတ်ချက်။ ဖျော်စပ်ရာတွင် အသုံးပြုသည့် ဘူးခွံ့သည် ဓါတ်ဆီ၊ ဒီဇယ်၊ စားသုံးဆီစသည့် ဆီပါသော ဘူးများအား အသုံးမပြုရပါ။

အီးအမ်ဘိုကာရှီပြုလုပ်ပုံအဆင့်ဆင့်
(၁) အရိပ်ကောင်းကောင်းနေရာကို ရွေးပါ။

(၂) သီးနှံစွန့်ပစ်ပစ္စည်း( ဥပမာ-ကောက်ရိုး၊ ဗေဒါ)သို့မဟုတ် မြက်ခြောက်နှင့်နွားချေးတို့ကို စုဆောင်းပါ။

(၃) စည်ပိုင်းပြတ်ထဲသို့ ရေဂါလံ ၂၀ ထည့်ပါ။ ထိုအထဲသို့ အသင့်သုံးအီးအမ်ဖျော်ရည်နို့ဆီ ၃ ခွက် နှင့် တင်လဲရည် ၃ ခွက်ရောစပ်ပြီး သမအောင်တုတ်ဖြင့်မွှေပေးပါ။ (နို့ဆီ ၃ ခွက် = ၁ လီတာ)

(၄) သစ်သားငုတ်များသုံး၍ မြေဆွေးပုံနေရာကို သတ်မှတ်ပါ။ မြေဆွေးပုံအကြီးအသေးသည် အသုံးပြုမည့် သီးနှံ သို့မဟုတ် မြက်ခြောက်ပမာဏပေါ် မူတည်ပါသည်။ သို့သော် ဘိုကာရှီတစ်ပုံသည် အလျား ၆ပေ၊ အနံ ၄ ပေ၊ အမြင့် ၃ ပေထက်မပိုသင့်ပါ။

(၅) လျာထားသတ်မှတ်ထားသောနေရာတွင် စွန့်ပစ်ပစ္စည်းများကို ပထမအလွှာအဖြစ် ဖြန့်ခင်းပြီး သိပ်သည်း တင်းကြပ်နေစေရန် ခြေဖြင့်ဖိနင်း၍ ၆ လက်မထုရသည်အထိပြုလုပ်ပါ။

(၆) ထိုအလွှာပေါ်သို့ အီးအမ် ၃ ဂါလံပက်ဖြန်းပေးပါ။

(၇) နွားချေး ၈ ပြည်ထပ်၍ဖြူးပါ။

(၈) မြေဆွေးပုံအမြင့် ၃ ပေရောက်သည်အထိ အဆင့်(၅)၊ (၆)၊ (၇) တွင်ဖော်ပြထားသည့်အတိုင်း တစ်လွှာ ပြီးတစ်လွှာဆင့်တင်သွားပါ။

(၉) မြေဆွေးပုံပူနွေးစေရန်နှင့် လေတိုက်၍ခြောက်သွေ့မှုမဖြစ်စေရန် အပေါ်မှပလတ်စတစ်ဖုံးထားပေးရသည်။

(၁၀) (၇-၁၀) ရက်ခန့်အကြာ အစိုဓါတ် အနည်းအများကို စီစစ်ပါ။ ခြောက်သွေ့နေက ရေဖျန်းပေးပါ။ မြေဆွေး ပုံ အမြဲစိုစွတ်နေစေရန် ဂရုပြုပေးပါ။ မခြောက်လွန်းစေရ။ မစိုလွန်းစေရပေ။

(၁၁) ၁-၂ ပတ်ခန့်အကြာ (တစ်ဝက်တစ်ပျက် ဆွေးမြေ့နေသည့်တိုင်) စတင်သုံးစွဲနိုင်ပါသည်။

ဘိုကာရှီ ကို နောက်ဆုံးထွန်ရေးနှင့်အတူ ကြဲပက်ကျွေးရသည်။ တစ်ဧကအတွက် ဘိုကာရှီ (၂-၅) တန် (၈ မှ ၂၀ပုံ) လိုအပ်သည်။နှစ်ရှည်ပင်များ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းပင်များအတွက် ဘိုကာရှီကို အစိုဓါတ် အလုံအလောက်ရှိစဉ် အပင်ခြေ၌ထည့်သွင်းပေးရသည်။

စူပါအီးအမ်ဘိုကာရှီ မြေဆွေးပြုလုပ်ပုံအဆင့်ဆင့်

လိုအပ်သော ပစ္စည်းများ 

  •  စပါးခွံ / စပါးခွံမီးသွေး/ စက်ဖွဲပြာ
  •  နွားချေး/ ကျွဲချေး/ ကြက်ချေး/ ဆိတ်ချေး/ မြင်းချေး/ ဝက်ချေး
  •  ဖွဲနု
  •  အသင့်သုံး အီးအမ် ဖျော်ရည်
  •  သကာရည်/ တင်လဲရည်
  •  လေလုံသောအိတ်

ပြုလုပ်နည်း

(၁) စပါးခွံ့၊ နွားချေး နှင့် ဖွဲနု (၂-ဆ၊ ၂-ဆ၊ ၁-ဆ) တို့ကိုရောစပ်၍ပုံပါ။

(၂) အပုံပေါ်သို့ အသင့်သုံးအီးအမ်ဖျော်ရည်ဖျန်း၍ သမအောင်မွွှေပါ။ အစိုဓါတ်မများလွန်း၊ မနည်းလွန်း စေရ။ လက်ဖြင့်ဆုပ်ကြည့်ပါက လက်ကြားမှရေမထွက်စေရ။ လက်ဖြန့်လိုက်ပါကအလုံး မပျက်စေရ။

(၃) ရောစပ်ပြီးပစ္စည်းများကို လေလုံအိတ်အတွင်းထည့်၍ ချည်နှောင်ပြီး အေး၍ခြောက်သွေ့သောအရိပ်ထဲ တွင်ထားပါ။

(၄) ချိုသင်းသင်းအနံ့ရရှိလာပါက နွေရာသီတွင် (၃)ရက်၊ ဆောင်းရာသီတွင် (၁၀) ရက်ကြာလျှင် မြေ ဆွေးအဖြစ် စတင်အသုံးပြုနိုင်သည်။ ကြာရှည်သိုလှောင်လိုပါက နေရိပ်တွင် အခြောက်ခံပြီး အိတ်ထဲ သို့ ပြန်လည် ထည့်သွင်း၍ (၆)လခန့်အထိ သိုလှောင် ထားနိုင်သည်။ တစ်ဧကအတွက် အနည်းဆုံး ၁ တင်းခွဲဝင် ပီနန်အိတ် ၂၀ အသုံးပြုရမည်။

ကိုးကား- အစိမ်းရောင်လမ်းသင်ရိုးညွန်းတမ်း

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

ဦးဝင်းစိုး

ဦးဝင်းစိုး

လွန်ခဲ့သော ၄ နှစ် က

ဆောင်းပါးကိုအချိန်မရွေး ဖတ်လို့ရအောင်လုပ်ပေးပါ စိုက်ပျိုးရေးသမားအများစုက အင်တာနက်သုံးရခက်တယ်

မိုးသီဟ

မိုးသီဟ

လွန်ခဲ့သော ၄ နှစ် က

EM ဘိုကာချီ ပြုလုပ်နည်းမှာ CN အချိုးအတိုင်း ထည့်ပေးရပါလား ၁၀ ရက်ခန့်အကြာ အပူတက်လာချိန်မှာ အထက်အောက်ပြန်လှန်ပေးခြင်း လိုအက်လျှင် EM ထပ်၍ဖျန်းခြင်း ရေဖျန်းခြင်းဟာ aerobic composting method နှင့်ရော နှော သွားပါသလားရှင့် အဲ့လို နည်းနှစ်ခု ပေါင်းစပ်ခြင်း ဆွေးမြေ့မူ့ကို ပိုမို မြန်ဆန်စေပါသလား ကောင်းနိုင်ပါလားဆိုတာ သိပါရစေရှင့်

Min Paing Ko

Min Paing Ko

လွန်ခဲ့သော ၄ နှစ် က

EM ပြုလုပ်/ ပြန့်ပွားနည်း ================== #EMပြုလုပ်နည်း ၁။ #လိုအပ်သောပစ္စည်းများ - (က) ရေသန့်ဘူးအလွတ်(၁) လုံး။ (ခ) အုန်းစိမ်းနုနုအရည်(၁)လီတာ။ (ဂ) ဒိန်ချဉ်(၂) ဇွန်း။ (ဃ) သကြားညို့ (၄)ဇွန်း။ (င) တဆေး(Yeast)အမှုန့်(၂)ဇွန်း။ (စ) ကြာညို့(၁)ဇွန်း။ (ပဲငံပြာရည်အနောက်ရည်) ၂။ #ပြုလုပ်နည်း။ ခွက်တခုထဲတွင် သကြားညို ဒိန်ချဉ် တဆေး အုန်းစိမ်းရည် (အနည်းငယ်) ကြာညို့တို့ကိုသကြားကြေသည်အထိမွှေပါ ထို့နောက်အုန်းစိမ်းရည်လက်ကျန်နှင့် ထပ်ရောပြီးအဖုံးပိတ်၍ သန့်ရှင်းသော ရေသန့်ဘူးထဲထည့်ပြီး လှုပ်ခါပါ အဖုံးလုံအောင်ပြန်ပိတ်၍ အရိပ်ထဲ (၇) ရက်ခန့်ထားပါ (၇)ရက်ပြည့်ပါက 100% EM ဖြစ်သော EMဦးရည်(၁)လီတာကျော်ရုံခန့်ရရှိပါမည်။ #EMပြန်ပွားပုံ ၃။ #လိုအပ်သောပစ္စည်းများ - (က) EM ဦးရေ(၁)လီတာ။ (ခ) သကြားညို့(၁)ကီလို။ (ဂ) ရေ(၁၀) လီတာ။ ၄။ #ပြုလုပ်ပုံ။ သမအောင်မွှေပါအရိပ်ထဲ(၇) ရက်ထာပါ 100% EM ကိုရရှိပါမည်။ ၅။ ယခု EM ကိုလိုအပ်သလို (၃) ကြိမ်အထိပြန့်ပွားနိုင်ပါသည် (၃)ကြိမ်အထက်ပြန့်ပွားပါက 100% EM မဖြစ်နိုင်တော့၍ ဆက်မပွားသင့်တော့အကြံပြုထားပါသည် EM ဆိုသည်မှာ ဂျူလင်စီအနုဇီဝပိုးများ အမြဲရှင်သန်နေသည်မှာ မှန်သော်လည်း အကြိမ်ရေများလာသည်နှင့်အမျှ အနုဇီဝပိုးများပေါက်ဖွားမှုအားနည်းကာ အကောင်ရေအားနည်းသွားတတ် လို့ဖြစ်ပါသည်။ ၆။ စိုက်ပျိုးရေးအတွက်အဓိကကျသော အကျိုးပြုအနုဇီဝဖျော်ရည်ကို ပြုလုပ်ရလွယ်ကူခြင်း အကုန်အကျသက်သာခြင်း အချိန်တိုအတွင်းအမြန်ရရှိနိုင်သဖြင့် တောင်သူများအားထားရသော အနုဇီဝဖျော်ရည်ဖြစ်လို့တင်ပြပေးလိုက်ပါသည်။ EM ဆိုတာဘာလဲလို့ မကြာခဏမေးလာသူများအတွက် မျှဝေလိုက်ပါတယ် Credit to thanks to Daw Atar May (Organic Farm)

ဦးမျိုးမြင့်

ဦးမျိုးမြင့်

လွန်ခဲ့သော ၅ နှစ် က

နှမ်ရိုး နဲ့ကောလုပ်လိုရပါသလား

ဦးကျော်

ဦးကျော်

လွန်ခဲ့သော ၅ နှစ် က

EMဖျော်ရည်ပြင်းကိုရောဘယ်လိုပြာလုပ်ရပါလဲခင်ဗျာ

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

စံပယ်ကအအေးပိုင်းဝင်သွားရင်အစာခိက်လုပ်မှု‌နေးကွေးသွားပြီးအဖူးမလိုက်တော့လို့ မြေပြင်အ‌ပူဓာတ်ရအောင်ဘယ်လိုပြုစုရမလဲ ဘာတွေထည့်ဖို့လိုသေးလဲပြောပြပေးပါအုံး

အောင်ကိုမင်း • ဖြေကြားချက် 1 ခု

ဧရာပဒေသာကြဲသားခင်းအတွက်စတင်ကြဲပက်သည့်ရက်မှရိတ်သိမ်းကြိမ်အထိဘယ်ရက်သားကနေမြေသြဇာစကျွေးပြီးဘယ်ရက်သားထိမြေသြဇာနောက်ဆုံးကျွေးကတာလည်းဖြေကြားပေးပါအုံးဆရာတို့ခဗျာ

ဆန်းထိုက် • ဖြေကြားချက် 4 ခု

em 1 ကို သီနှံမျိုးစုံဖျန်းပေးရလားဆရာဆေးဖျန်းနှုန်းထားပါ‌ဖြေပေးပါဆရာ

U Than Toe Aung • ဖြေကြားချက် 1 ခု

ထရိုင်ကို ဒါးမားဝယ်ချင်လို့ပါ အဆင်ပြေလားဗျ

Zaw Latt • ဖြေကြားချက် 1 ခု

ကင်းပွန်းချဉ်

Hlaing Hlaing Thin • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....