တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများဖြင့် မြေသြဇာ ပြုလုပ်နည်း
ကျေးလက်ဒေသများတွင်မွေးမြူထားသည့် ကျွဲ၊ နွား၊ ကြက်၊ ဘဲ၊ ဝက်၊ ဆိတ်၊ သိုးများမှ စွန့်ပစ်ပစ္စည်းများကို စနစ်တကျ သိမ်းဆည်း၍ သဘာဝမြေသြဇာအဖြစ် အသုံးပြုနိုင်ပါသည်။
နွားချေးသိုလှောင်နည်း
အကျယ် ၁၀ ပေ ပတ်လည်ရှိသည့် ရေမဝပ်သည့်မြေနေရာတစ်ခုရွေးပါ။ ယင်းပတ်ပတ်လည်တွင် ၆ လက်မ အနက်၊ ၆ လက်မ အကျယ်ရေနုတ်မြောင်း တူးပါ။ အပူပိုင်းဒေသတွင်၂ ပေ x ၁၀ ပေ x ၁၀ ပေ ကျင်းတိမ် တူး၍ သုံးနိုင်ပါသည်။ နေဒဏ်၊ မိုးဒဏ်မှ ကာကွယ်ရန်အတွက် ယာယီ အမိုးငယ် တစ်ခု ပြုလုပ်ပေးပါ။ မိုးမများလွန်းပါက အရိပ်ကောင်းသော သစ်ပင်ရိပ်အောက်တွင် ပြုလုပ်နိုင်ပါသည်။
နွားတင်းကုပ်မြေပြင်ပေါ်တွင် အမှိုက်၊ ကောက်ရိုး၊ ရိုးပြတ်၊ မြက်ခြောက်၊ ကောက်မှော်ရရာတို့ကို ခင်း၍ နွားများကို သိပ်ပေးပါ။ တင်းကုပ် သန့်ရှင်းစဉ် နွားမစင်၊ ကျင်ငယ်ရည်တို့ရောနှောနေသော အမှိုက်များနှင့်မြေသားတို့ကို စုဆောင်းပါ။ ယင်းတို့ကို သိုလှောင်မည့်နေရာပေါ်တွင် ၆ လက်မ ထုခန့်ရှိ အလွှာအဖြစ် ဖြန့်ပေးပါ။ ယင်းအပေါ်မှ ထုံးမှုန့်၊ စားဖိုပြာ၊ စပါးခွံပြာများကို ပါးပါးဖြူးပေးပါ။ တီစူပါ၊ ကျောက်မှုန့်၊ လချေးမှုန့် ရရာကို နို့ဆီဗူးတစ်ဗူးခန့် ပါးပါးဖြူးထည့်နိုင်ပါက ပိုကောင်းမွန်ပါသည်။
ဤနည်းဖြင့် နွားချေးများကို နှစ်ပတ်လည် စုဆောင်းသွားနိုင်ပါသည်။ အကယ်၍ ထုထည်ကြီးလာပါက ပြိုမကျစေရန်ဘေးပတ်လည်မှ ယာယီ အကာအရံများ ပြုလုပ်ပေးပါ။ အစိုဓာတ်နှင့် အာဟာရများ ဆုံးရှုံးမှုလျော့နည်းစေရန် အပေါ်ဆုံးမှ အမှိုက် သစ်ရွက်ခြောက်၊ ထန်းရွက်ခြောက်၊ ကျူဖျာ၊ ဝါးထရံ စသည်တို့ဖြင့် လုံအောင် လုပ်ထားပေးပါ။
သုံးစွဲနည်း
တစ်ဧကလျှင် နွားလှည်း ၅-၁၀ စီးခန့်မြေပြုပြင်ချိန်တွင် ထည့်သွင်းပါ။ နွားချေး၊ မြေဆွေးထည့်ပြီးပါက ချက်ချင်းမြေဖြင့် ဖုံးအုပ်ထားပေးရန် လိုအပ်ပါသည်။ ဓာတ်မြေသြဇာများ ၁ ဆ၊ နွားချေးမြေဆွေး ၃ ဆရောနှော၍လည်း သုံးစွဲနိုင်ပါသည်။ ကောင်းစွာဆွေးမြေ့သော နွားချေးများကိုသာမြေသြဇာအဖြစ် သုံးစွဲပါ။
အာနိသင်နှင့် အကျိုးသက်ရောက်မှု
စနစ်တကျသိုလှောင်ထားသော နွားချေးဆွေးမြေသြဇာတွင်အောက်ပါ ဓာတ်ပစ္စည်းများပါဝင်ပါသည်။
အကျိုးကျေးဇူး
အပင် အဓိက အာဟာရဓာတ်စာများအပြင် သစ်ဆွေးဓာတ် ပါဝင်မှုကြောင့်မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိကို ပိုမိုတိုးတက်ကောင်းမွန်စေ၍အောက်ပါအကျိုးကျေးဇူးများကို ရရှိနိုင်မည် ဖြစ်ပါသည်။
• စေးသောမြေကိုပွရွစေခြင်း။
• သဲဆန်သောမြေကိုစေးကပ်လာစေခြင်း။
• အစိုဓာတ်ထိန်းသိမ်းမှုကောင်းခြင်း။
• အပူအအေးမျှတစေခြင်း။
• အာဟာရဓာတ်များကို ကာလရှည်ကြာစွာ ထုတ်ပေးနိုင်ခြင်းတို့ဖြစ်ပါသည်။
အစိမ်းရောင်လမ်း စိုက်ပျိုးရေး အခမဲ့ ဖုန်းဆော့ဝဲလ်
ကိုးကား-မြေဆီလွှာ အကျိုးပြု သဘာဝမြေသြဇာ၊ ဇီဝမြေသြဇာ အမျိုးမျိုးပြုလုပ်သုံးစွဲနည်း
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ကိုယ်တိုင်လုပ် သဘာဝမြေသြဇာများ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
ဆက်စပ်မေးခွန်းများ
စံပယ်ကအအေးပိုင်းဝင်သွားရင်အစာခိက်လုပ်မှုနေးကွေးသွားပြီးအဖူးမလိုက်တော့လို့ မြေပြင်အပူဓာတ်ရအောင်ဘယ်လိုပြုစုရမလဲ ဘာတွေထည့်ဖို့လိုသေးလဲပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
ဧရာပဒေသာကြဲသားခင်းအတွက်စတင်ကြဲပက်သည့်ရက်မှရိတ်သိမ်းကြိမ်အထိဘယ်ရက်သားကနေမြေသြဇာစကျွေးပြီးဘယ်ရက်သားထိမြေသြဇာနောက်ဆုံးကျွေးကတာလည်းဖြေကြားပေးပါအုံးဆရာတို့ခဗျာ
ဆန်းထိုက် • ဖြေကြားချက် 4 ခု
em 1 ကို သီနှံမျိုးစုံဖျန်းပေးရလားဆရာဆေးဖျန်းနှုန်းထားပါဖြေပေးပါဆရာ
U Than Toe Aung • ဖြေကြားချက် 1 ခု
ထရိုင်ကို ဒါးမားဝယ်ချင်လို့ပါ အဆင်ပြေလားဗျ
Zaw Latt • ဖြေကြားချက် 1 ခု
ကင်းပွန်းချဉ်
Hlaing Hlaing Thin • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026