မြေကြီးရဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ ဘာတွေ အပိုပါနေသေးလဲ

မြေကြီးကို ပုံဆွဲကြည့်ရင် အပေါ်က ပုံလေးအတိုင်းတွေ့ရမှာဖြစ်ပါတယ်။ အဲ့လို သဲမှုန်နည်းနည်း ဟိုဟာနည်းနည်း ဒီဟာနည်းနည်းနဲ့ စုပြီးတော့ အလုံးလေးဖြစ်နေတာကို မြေအစိုင်အခဲလေးတွေလို့ သတ်မှတ်ပါတယ်။ 
မြေကြီးဆိုတာဖြစ်လာရင် သူတို့က အပေါ်ကပုံလေးအတိုင်း ချိတ်ဆက်ပြီးတော့ နေကြပါတယ်။ နေရာလွတ်လေးတွေဖြစ်နေတဲ့ နေရာကတော့ လေဝင်လေထွက် ရေဝင်ရေထွက်အတွက် နေရာဖြစ်ပါတယ်။
မြေလုံးလေးတွဖြစ်ဖို့အတွက် ပေါင်းစပ်ပေးရတဲ့တာဝန်ကို ယူတဲ့သူကတော့ အော်ဂဲနစ်ပစ္စည်းတွေဖြစ်ပါတယ်။ အပေါ်ဆုံးကလို မြေလုံးလေးတွေပေါင်းစပ်ထားတဲ့ မြေကြီးကမှသာ ပွပြီးတော့ စိုက်ပျိူးရေးအတွက်ကောင်းတာဖြစ်ပါတယ်။ များသောအားဖြင့် သဲကတော့ ပေါင်းစည်းဖို့ဆန္ဒမရှိတာ ဖြစ်ပါတယ်။ သဲတွေကို ဒီအတိုင်းတွေ့ရတယ်ဆိုရင် ဖွဲ့စည်းတည်ဆောက်ပုံ မကောင်းဘူးလို့ ယူဆနိုင်ပါတယ်။
အဲ့ဒါဆို မြေစေးပါနေလို့ ရွှံ့ပါနေလို့ အလုံးလိုက်လေးတွေဖြစ်တယ်လေ။ ကောင်းတာပေါ့ ဆိုတာကလည်း တစ်ချက် ပြန်ကြည့်ရပါမယ်။ အော်ဂဲနစ်ပစ္စည်းတွေ မပါဘူးဆိုရင် မြေကြပ်ခဲကြီးဖြစ်ပြီး လေဝင်လေထွက် ရေဝင်ရေထွက်လည်း မကောင်းနိုင်ပါဘူး။
မြေသားတည်ဆောက်မှု ကောင်းတယ် မကောင်းဘူးဆိုတာက မြေကြီးထဲက ရေလှုပ်ရှားမှုနဲ့ လေလှုပ်ရှားမှုတွေအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ပြီးတော့ မြေတွင်းမှာရှိတဲ့ အမြစ်တွေကိုလည်း သက်ရောက်မှုတွေ ရှိပြီးတော့ မြေကြီးထဲကအရာတွေ ဆွေးမြေ့တာမျိုး၊ မြေတိုက်စားခံရတာမျိုးတွေကိုလည်း ဆုံးဖြတ်ပေးနိုင်တာဖြစ်ပါတယ်။
ဝင်ပေါက် ထွက်ပေါက်
ဆက်တွယ်နေတဲ့ မြေလုံးလေးတွေ တစ်ခုနဲ့တစ်ခုကြားမှာ နေရာလွတ်လေးတွေရှိပါတယ်။ အဲ့လိုနေရာလွတ်လေးတွေက လေ သို့ ရေတွေ ဖြည့်ပြီးတော့ နေလို့ရပါတယ်။ အဲ့လိုနေရာလွတ်လေးတွေ ဘယ်လောက်ပါပြီးတော့ ဘယ်အရွယ်အစားရှိတာက မြေက ရေနဲ့ လေအဝင်အထွက်တွေ ဘယ်လောက်ထိ လုပ်နိုင်တယ်ဆိုတာကို ဆုံးဖြတ်ပေးနိုင်ပါတယ်။ အဲ့လို နေရာလွတ် အပေါက်လေးတွေကို (၂)မျိုး ခွဲနိုင်ပါတယ်။
Macropores - မြေလုံးလေးတွေအချင်းချင်း ဆက်တွယ်နေတဲ့နေရာက လွတ်နေတဲ့ အပေါက်လေးတွေကိုပြောတာပါ။ (၂)ခုထဲမှာဆိုရင်တော့ သူက ပိုကြီးပါလိမ့်မယ်။ လေနဲ့ ရေတွေက ဒီအပေါက်လေးတွေကနေတစ်ဆင့် လှုပ်ရှားသွားလာပြီးတော့ မြေတစ်ခုရဲ့ ရှိသင့်ရှိထိုက်တဲ့အစိုဓာတ်ကို ဖြည့်တင်းပေးပါတယ်။ ပုံမှန်အတိုင်းဆိုရင်တော့ အဲ့အပေါက်လေးတွေရဲ့ အချင်းက ၀.၁ မီလီမီတာ ရှိပါတယ်။
Micropores - သူကကျတော့ မြေလုံးလေးဖြစ်တဲ့အထဲမှာကိုပဲ လွတ်နေတဲ့နေရာလေးမှာရှိနေတဲ့ နေရာလွတ် အပေါက်လေးတွေကို ဆိုလိုတာဖြစ်ပါတယ်။ သူတို့ရှိတာကြောင့် မြေကြီးရဲ့ ရေထိန်းနိုင်အားကို ပြောင်းလဲစေတယ်။ ပြီးတော့ အမြစ်တွေကနေပြန်ထုတ်တဲ့ ရေကို သူတို့စုပ်ယူထိန်းထားပေးတယ်။ အဲ့လို အပေါက်လေးတွေရဲ့အချင်းကတော့ (၀.၁)မီလီမီတာအောက် ငယ်တာဖြစ်ပါတယ်။
အပေါက်ကြီးကြီး သေးသေး (၂) ခုလုံးမြေကြီးထဲမှာ ရှိနေမှ ကောင်းမွန်တာဖြစ်ပါတယ်။ macropore တွေချည်းပဲရှိပြန်ရင်လည်း ရေဝင်တာနဲ့ ရေကိုထိန်းထားနိုင်အားမရှိပါဘူး။ အဲ့လိုဖြစ်တာကြောင့် အပင်တွေအတွက် ရနိုင်တဲ့ရေပမာဏက နည်းပါးမှာဖြစ်ပါတယ်။ ဉပမာပြောရရင်တော့ သဲမြေဖြစ်ပါတယ်။ သဲတစ်မှုန်ချင်းစီပေါင်းထားတဲ့ မြေကြီးကို ရေလောင်းလိုက်ရင် ရေက ချက်ချင်းပြန်ထွက်သွားတာ ဖြစ်ပါတယ်။ အဲ့ဒါဟာ Macropore တွေ အရမ်းများနေလို့ဖြစ်ရတာပါ။
Micropore တွေပေါများလို့လည်း မကောင်းပါဘူး။ အပေါက်သေးသေးလေးထဲက ရေတွေက လွတ်လွတ်လပ်လပ်လှုပ်ရှားဖို့ မလွယ်ပါဘူး အဲ့လိုဆိုပြန်တော့လည်း အပင်တွေက ရေကိုမရနိုင်ပြန်ပါဘူး။ အဲ့လိုဆိုတော့ မြေသားဖွဲ့စည်းမှုကောင်းတယ်ဆိုတာက Micropore Macropore တွေ နဲ့ ကောင်းကောင်းလည်ပတ်နိုင်တယ် ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။
မြေမာ မမာ
ရေဖျော်လိုက်ရင် သိမှာပေါ့လေ။ ခြောက်နေတဲ့ မြေကြီးကို ရေထဲထည့်လိုက်ရင် သိရပါပြီ။ မြေကြီးခဲလေးထည့်ထားတဲ့ ပန်းကန်ထဲကို ရေလောင်းထည့်လိုက်ရင် အဲ့မြေကြီးမှာ ရှိနေတဲ့ လေဝင်ပေါက် ရေဝင်ပေါက်တွေကနေ ရေတွေကဝင်သွားပြီးတော့ မြေကြီးခဲကနေ တစ်ဖြည်းဖြည်းပြိုကျပြီး မြေလုံးသေးသေးလေးတွေ ဖြစ်သွားခဲ့ရင် မြေကောင်းတယ်လို့ အကြမ်းဖျင်းယူဆနိုင်ပါတယ်။ တကယ်လို့ ရေစိုတာကလည်း ကြာတယ်။ ပြိုကျတာလည်းမရှိဆိုရင်တော့ အော်ဂဲနစ်ပစ္စည်းတွေ လိုအပ်နေတာဖြစ်ပါတယ်။
ပျံ့နှံ့ခြင်း (Dispersion)
ပြိုကွဲတာပါပဲ။ ရေနဲ့ထိတယ်။ သဲဆို သဲသက်သက် မြေစေးကသက်သက် ကွဲထွက်သွားတာကို ပြောတာပါ။ မြေကြီးရဲ့ ဖွဲ့စည်းတည်ဆောက်မှုကို လေ့လာတဲ့အခါမှာ အဲ့အချက်ကလည်း အရေးကြီးပါတယ်။ မြေပြင်နိုင်ဖို့ စစ်ဆေးတဲ့အထဲမှာ တစ်ခုအပါအဝင်ပါပဲ။
စိုက်ပျိုးမြေတွေမှာ ကုန်ထုတ်စွမ်းအား တိုးတက်ခြင်း မတိုးခြင်းဆိုတဲ့အချက်မှာ အပင်တွေစိုက်ရတဲ့ မြေသားဆိုတာလည်း သတိပြု အလေးထားစရာ အချက်တစ်ချက်ဖြစ်ပါတယ်။ အဲ့တော့ မြေကြီးအကြောင်း ဘယ်လောက်သိလဲဆိုရင် ငါ ဒီလောက်တော့သိတယ်ဆိုပြီး ပြန်ပြောနိုင်အောင် လေ့လာပြီး လိုက်နာကျင့်သုံးမှပဲ တိုးတက်တဲ့ခေတ်ကို လိုက်မီမှာပါ။ တောင်သူကြီးများ အကျိုးပွားများကြပါစေ။
References
-
Centre of Land Protection Research, “Know Your Soil – Introduction to Soils”
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
စံပယ်ကအအေးပိုင်းဝင်သွားရင်အစာခိက်လုပ်မှုနေးကွေးသွားပြီးအဖူးမလိုက်တော့လို့ မြေပြင်အပူဓာတ်ရအောင်ဘယ်လိုပြုစုရမလဲ ဘာတွေထည့်ဖို့လိုသေးလဲပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
ဧရာပဒေသာကြဲသားခင်းအတွက်စတင်ကြဲပက်သည့်ရက်မှရိတ်သိမ်းကြိမ်အထိဘယ်ရက်သားကနေမြေသြဇာစကျွေးပြီးဘယ်ရက်သားထိမြေသြဇာနောက်ဆုံးကျွေးကတာလည်းဖြေကြားပေးပါအုံးဆရာတို့ခဗျာ
ဆန်းထိုက် • ဖြေကြားချက် 4 ခု
em 1 ကို သီနှံမျိုးစုံဖျန်းပေးရလားဆရာဆေးဖျန်းနှုန်းထားပါဖြေပေးပါဆရာ
U Than Toe Aung • ဖြေကြားချက် 1 ခု
ထရိုင်ကို ဒါးမားဝယ်ချင်လို့ပါ အဆင်ပြေလားဗျ
Zaw Latt • ဖြေကြားချက် 1 ခု
ကင်းပွန်းချဉ်
Hlaing Hlaing Thin • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026