မြေချဉ်ငံကိန်းတိုင်းထားကြမယ်
ဒီလိုရာသီသိမ်းချိန်တွေမှာဆိုရင် အဓိကလုပ်ရာမှာက ကိုယ့်မြေအခြေအနေကို ကြည့်ရမှာပါနော်။ မြေပြုပြင်ဖို့ လိုလား မလိုလား? မြေအောင်းပိုးတွေရှိလို့ မြေလှန်ထားသင့်လား? မြေချဉ်ငံဓာတ်ကရော ဘယ်လိုတွေဖြစ်နေပြီလဲ? ဆိုတာတွေကို စဉ်းစားကြရတော့မယ်။ ဒီဆောင်းပါးထဲမှာတော့ မြေချဉ်ငံဓာတ်တိုင်းတဲ့နေရာမှာ ဘယ်လိုနည်းလမ်းတွေရှိတယ်ဆိုတာ လေ့လာနိုင်မှာပါ။
pH (မြေချဉ်ငံဓာတ်) ဆိုသည်မှာ potential of Hydrogen ရဲ့အတိုကောက်ဖြစ်ပြီး မြေကြီးအတွင်းရှိ ဟိုက်ဒရိုဂျင်အိုင်းယွန်း ကိုတိုင်းတာခြင်းဖြစ်ပါတယ်။ ယနေ့ခေတ်မှာဆိုရင်တော့ဖြင့် pH တိုင်းတာစက်တွေကို အလွယ်တကူပဲ ဝယ်ယူနိုင်နေပါပြီ။ ဒါပေမဲ့ ဝယ်ဖို့ရာ ဝေးပြီး အခက်အခဲဖြစ်နေသူတွေ၊ စက်ကိရိယာမဟုတ်ပဲ လက်လုပ်လေးတွေ သုံးချင်တဲ့သူတွေအတွက် အဆင်ပြေစေရန် မျှဝေလိုက်ရပါတယ်။
မြေချဉ်ငံကိုင်းတိုင်းတာရာတွင်
ဂေါ်ဖီထုပ်ဖြင့်တိုင်းတာခြင်း
ပထမဦးစွာ ဂေါ်ဖီထုပ်အနီရောင်ရှာပါ။ အနီရောင်ဟုဆိုသော်လည်း ခရမ်းရောင်လေးတော့သန်းနေမှာပေါ့။ ဂေါ်ဖီထုပ်ကို နုပ်နုပ်စင်းပြီး ရေနဲ့ဆေးကြောပါ။ ဆေးကြောထားတဲ့ အရည်များကို ခွက်သန့်သန့်လေးတွင်ထည့်ထားပါ။ စိုက်ကွက်တစ်ကွက်စီကိုစစ်ဆေးမည်ဆိုပါက မြေကို ဟင်းစားဇွန်း (၂) ဇွန်းနှုန်းထည့်ပါ။ ထည့်မည့်မြေပမာဏပေါ်မှာ ချိန်ဆပြီး ခရမ်းရောင် အရည်များကိုထည့်ရမည်။ နာရီဝက်ခန့်ကြာသောအခါ ထိုအရည်၏အရောင်ကို စစ်ဆေးကြည့်ပြီး ခရမ်းရောင်အတိုင်းပဲရှိနေပါက ထိုမြေကြီးသည် pH 7.0 နားရှိပြီး ပန်းရောင်ပြောင်းသွားပါက မြေချဉ်အမျိုးအစား (pH<7.0) ဖြစ်ပါသည်။ ပန်းရောင်ဖက်သန်းလေလေ မြေပိုချဉ်လေလေဖြစ်သည်။ အပြာရောင် သို့မဟုတ် အစိမ်းရောင်ဖက်ပြောင်းပါက မြေငန်အမျိုးအစား (pH>7.0) ဖြစ်ပါသည်။
ရှာလကာရည်နှင့်မုန့်ဖုတ်ဆိုဒါတို့ဖြင့်တိုင်းတာခြင်း
စစ်ဆေးလိုသောနေရာမှ မြေကြီးကိုယူ၍ ရှာလကာရည်ကိုလောင်းထည့်ပါ။ အမြှုပ်ထပြီး တစီစီအသံကြားပါက မြေငန်အမျိုးအစားဖြစ်သည်။ အမြှုပ်မထခဲ့ပါက အကုန်လုံးရွှဲသွားအောင်လောင်း၍ မုန့်ဖုတ်ဆိုဒါထည့်ပါ။ အမြှုပ်ထလာပါက မြေချဉ်အမျိုးအစားဖြစ်သည်။ ရှာလကာနှင့် မုန့်ဖုတ်ဆိုဒါ နှစ်ခုစလုံးထည့်ပြီး အမြှုပ်မထပါက ထိုမြေကြီးသည် မချဉ် မငန်သော pH 7.0 မြေအမျိုးအစား အကောင်းဆုံးအနေအထားဖြစ်ပါသည်။
မြေချဉ်ငံဓာတ်တိုင်းဖို့ မြေနမူနာယူရာတွင်လည်း
၁။ နမူနာယူမည့် မြေကွက်၏ ကန်သင်းမှ အနည်းဆုံး (၆) ပေအကွာအတွင်းမှ မယူရ။
၂။ သီးနှံရိုးပြတ်များ စုပုံထားသော နေရာအနီးမှ မယူရ။
၃။ နွားချေးနှင့် သဘာဝမြေဆွေးပုံများအနီးမှ မယူရ။
၄။ ထုံး၊ ဂျပ်ပဆန် ကဲ့သို့သော ပစ္စည်းပုံများအနီးမှ မယူရ။
၅။ အဆောက်အဦးအနီးမှ မယူရ။
၆။ သစ်ပင်ရိပ်အနီးမှ မယူရ။
ကဲ…..pH မီတာသွားဝယ်ရမှာဝေးတယ်တို့၊ ဘယ်မှာဝယ်ရမလဲမသိဘူး ဆိုတဲ့သူတွေအတွက် လွယ်ကူ ရိုးရှင်းတဲ့ နည်းပညာလေးပါ။ ဒါဆိုရင် ဘယ်သူမဆို မြေချဉ်ငံကိန်း တိုင်းလို့ရပြီနော်။
ကိုးကား- ဒေါက်တာကိုကို (စိုက်ပျိုးရေး)၏ အရည်အသွေးကောင်း ဖရဲသီး စနစ်တကျစိုက်ပျိုးထုတ်လုပ်နည်းစာအုပ်မှ ကောက်နုတ်ဖော်ပြသည်။
အစိမ်းရောင်လမ်း
ကိုအောင်ဇော်
လွန်ခဲ့သော ၁၁ လ ကရှာလကာရေ ဆိုတာဘာကိုပြောတာပါလဲ
ဟဲနေ
လွန်ခဲ့သော ၁ နှစ် ကမိုးလေဝသ
နန်းချယ်ရီ
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးတင်ပါတယ်
စိုးထွန်းအောင်
လွန်ခဲ့သော ၃ နှစ် ကph ဘယ်မာဝယ်လို့လဲ ဗျ
သိန်းသက်အောင်
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးပါ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
စံပယ်ကအအေးပိုင်းဝင်သွားရင်အစာခိက်လုပ်မှုနေးကွေးသွားပြီးအဖူးမလိုက်တော့လို့ မြေပြင်အပူဓာတ်ရအောင်ဘယ်လိုပြုစုရမလဲ ဘာတွေထည့်ဖို့လိုသေးလဲပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
ဧရာပဒေသာကြဲသားခင်းအတွက်စတင်ကြဲပက်သည့်ရက်မှရိတ်သိမ်းကြိမ်အထိဘယ်ရက်သားကနေမြေသြဇာစကျွေးပြီးဘယ်ရက်သားထိမြေသြဇာနောက်ဆုံးကျွေးကတာလည်းဖြေကြားပေးပါအုံးဆရာတို့ခဗျာ
ဆန်းထိုက် • ဖြေကြားချက် 4 ခု
em 1 ကို သီနှံမျိုးစုံဖျန်းပေးရလားဆရာဆေးဖျန်းနှုန်းထားပါဖြေပေးပါဆရာ
U Than Toe Aung • ဖြေကြားချက် 1 ခု
ထရိုင်ကို ဒါးမားဝယ်ချင်လို့ပါ အဆင်ပြေလားဗျ
Zaw Latt • ဖြေကြားချက် 1 ခု
ကင်းပွန်းချဉ်
Hlaing Hlaing Thin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....