တီစွန့်ပစ်မြေဩဇာ ပြုလုပ်သည့်နည်းလမ်းများ
၁။ မြေကျင်းတူး၍ ပြုလုပ်ခြင်း
၅ ပေအကျယ်၊ ၃ပေ အနက် မြေကျင်းတူး၍ ပလပ်စတစ်နှင့် အလုံကာပြီး တီကောင်မွေးမြူနိုင် သည်။ အရှည်ကို ကြိုက်နှစ်သက်သလို ထားနိုင်သည်။ မိုးရာသီတွင် ရေမဝင်စေရန် အမိုးအကာ ပြုလုပ်ထားပြီး ကျင်းနှုတ်ခမ်းကို မြှင့်ထားရမည်။
၂။ မြေပေါ်တွင်ပုံခြင်း
အမိုးအကာအောက်တွင် မြေပြင်ပေါ်၌ ပလတ်စတစ်ကန်များပြုလုပ်ပြီး တီကောင်မွေးမြူနိုင် သည်။
၃။ အုတ်ကန်နှင့် မွေးမြူခြင်း
၃ပေ အကျယ်၊ ၉ပေ အရှည်၊ ၃ပေ အမြင့်ရှိသော အုတ်ကန်များပြုလုပ်ပြီး တီကောင်မွေးမြူနိုင် သည်။ တီစွန့်ပစ်ရည်များကို အလွယ်တကူစွန့်ပစ်နိုင်ရန်အတွက် ကန်၏အောက်ခြေကို ဆင်ခြေ လျော ပြုလုပ်ပေးရမည်။ ရေကောင်းစွာ ထုတ်နိုင်ရန် အောက်ခြေတွင် ကျောက်ခဲလေးများ ၁ လက်မခွဲအထူ ဖြန့်ခင်းထားရမည်။
၄။ သစ်သားပုံများနှင့် မွေးမြူခြင်း
၂ပေ ပတ်လည်၊ ၂ပေအမြင့်ရှိသော သစ်သားပုံး (၃) လုံးအား ဆင့်ထားပြီး အောက်ခြေပုံးမှ လွဲ၍ ကျန်ပုံးများ၏ အောက်ဖက်မျက်နှာပြင်တွင် အပေါက်ဖောက်ထားသည်။ အောက်ဆုံးပုံးတွင် အစာနှင့် တီကောင်များထည့်ထားပြီး ကျန်ပုံးများတွင် အစာများသာ ထည့်ထားသည်။ အောက် ဆုံးပုံးတွင် တီစာများကုန်သွားပါက အပေါ်ပုံးများသို့ တီကောင်များတက်လာမည်။ ထိုအခါ အောက်ဆုံးပုံးအား ဖယ်ရှားပြီး တီကောင်စွန့်ပစ်မြေဩဇာများ ရယူနိုင်သည်။
၅။ ကွန်ကရစ်ခွေများ အသုံးပြု၍ မွေးမြူခြင်း
တစ်ပိုင်တစ်နိုင် မွေးမြူနိုင်သော နည်းစနစ်ဖြစ်သည်။ ကြိုက်နှစ်သက်ရာ အရွယ်အစားကို အသုံး ပြုနိုင်သည်။ အောက်ခြေတွင် တီစွန့်ပစ်ရည်ထုတ်နိုင်ရန် ရေထုတ်ပေါက် ပြုလုပ်ပေးရမည်။
၆။ ပလပ်စတစ်ကန်များဖြင့် ပြုလုပ်ခြင်း
အဝတ်လျှော်သော ပလပ်စတစ်ကန်များကို အောက်ခြေတွင် ရေပိုက်ခေါင်းတပ်ပြီး တီမွေးနိုင်ပါ သည်။ အိမ်အောက်တွင်ထားပြီး တောင်သူများ တစ်နိုင်တစ်ပိုင် ဆောင်ရွက်နိုင်သဖြင့် အလွန် အသုံးဝင်ပါသည်။
တီစွန့်ပစ်မြေဩဇာ ပြုလုပ်ရာတွင် အသုံးပြုနိုင်သောပစ္စည်းများ
လယ်ယာ စွန့်ပစ်ပစ္စည်းများ (ပြောင်းရိုး၊ ကောက်ရိုးစသည့် အပင်အကြွင်းအကျန်များ)၊ ပဲမှော်ခွံ များနှင့် ပဲပင်အကြွင်းအကျန်များ၊ သီးနှံအခွံများ (ဖရဲသီးခွံ၊ ငှက်ပျောခွံ)၊ ဟင်းသီးဟင်းရွက် အကြွင်းအကျန်များ (ဂေါ်ဖီထုပ်၊ မုန်းညင်းရွက်)၊ ပန်းမပွင့်မီ ပေါင်းပင်များ (မြက်မုန်းညင်း၊ ဝက်လာ)၊ သစ်ရွက်ခြောက်၊ ငှက်ပျောအူ၊ ဗေဒါ၊ ကြံဖတ်၊ မြက်စသည်တို့ဖြစ်သည်။
တီစွန့်ပစ်မြေဩဇာ ပြုလုပ်ခြင်း
တီစွန့်ပစ်မြေဩဇာ ပြုလုပ်ခြင်းလုပ်ငန်းသည် မြေဆွေးရရှိရန်အတွက် ရိုးစင်းသော ဇီဝနည်း ပညာဆိုင်ရာ လုပ်ငန်းစဉ်ဖြစ်ပြီး ဖြစ်စဉ်ထဲတွင် တီကောင်များအား အသုံးပြု၍ စွန့်ပစ်ပစ္စည်း များအား ပိုမိုကောင်းမွန်သော အသုံးချနိုင်သည့် နောက်ဆုံးပစ္စည်းဖြစ်သည့် မြေဆွေး ရရှိစေခြင်း ဖြစ်သည်။
တီကောင်မွေးမည့် ကန်၏အောက်ခြေတွင် သစ်ရွက်ခြောက်များကို (၄) လက်မ အထူ ခင်းပေး ရမည်။ ၎င်းအပေါ်မှ သီးနှံအကြွင်းအကျန်များ၊ စင်းထားသော ငှက်ပျောအူ၊ ဗေဒါစသော အစာ စိမ်းများကို တစ်ပေအထူရအောင် ထည့်ပေးရမည်။ ၎င်းအပေါ်မှ ကောင်းစွာ ဆွေးမြေ့နေသော နွားချေး (၃) လက်မအထူ ဖြန့်ထည့်ပေးရမည်။ ထို့နောက် တီကောင်များကို ၉ပေ x ၃ပေ ကန် တစ်ကန်လျှင် အကောင် (၁၀၀၀) ကို နွားချေးပေါ်မှ ဖြန့်၍ ထည့်ပေးရမည်။ ကန်သေးလျှင် ကန်မျက်နှာပြင် ၁ပေ ပတ်လည် အကျယ်တွင် (၃၀) ကောင်နှုန်း တွက်ထည့်ပေးပါ။ ၎င်းအပေါ်မှ သစ်ရွက်ခြောက်များကို (၄) လက်မခန့် ထည့်၍ဖြန့်ပေးပြီး အုပ်ပေးရမည်။ အစိုဓာတ် မပြတ် စေရန် နေ့စဉ်စစ်ဆေး၍ လိုအပ်ချိန်တွင် ရေလောင်းပေးရမည်။ အသုံးပြုသော သီးနှံအကြွင်း အကျန် ပစ္စည်းများပေါ်မူတည်၍ (၂) လ မှ (၄) လအကြာတွင် တီကောင်စွန့်ပစ်မြေဩဇာရရှိပြီး ပြန်လည်ရရှိသော စွန့်ပစ်မြေဩဇာအလေးချိန်၊ ပါဝင်သော အာဟာရဓာတ်များနှင့် တီကောင်ပွား များမှုတို့မှာ အသုံးပြုသော အစာပေါ်မူတည်၍ ကွာခြားသည်။
မြေဆွေး ဖယ်ထုတ်ခြင်း
တီကောင်စွန့်ပစ် မြေဩဇာထုတ်လုပ်ရန် မြေဆွေးကန်အား ရေ (၃) ရက် ဖြတ်လိုက်ရမည်။ တီကောင်များသည် ကန်အောက်ခြေရှိသော အစိုဓာတ်ရှိရာနေရာများသို့ ရောက်ရှိသွား မည်ဖြစ် သည်။ အပေါ်ယံ မြေဆွေးအား ဖယ်ထုတ်ပြီး နေရိပ်တွင် အခြောက်ခံ၍ သိုလှောင်ထားနိုင်သည်။
တီစွန့်ပစ်ရည် ထုတ်ယူသုံးစွဲခြင်း
တီကောင်စွန့်ပစ်ရည်သည် အပင်များကို လျင်မြန်စွာ ကြီးထွားစေနိုင်ပြီး ပိုးမွှားများရန်မှလည်း ကာကွယ်ပေးနိုင်သည်။ တီမွေးမြူပြီး (၃) ပတ်ခန့်ကြာမှ ထုတ်ယူသုံးစွဲပါက ပိုမိုကောင်းမွန် သည်။ ဟင်းသီးဟင်းရွက်နှင့် သစ်ခွပင်များတွင် စမ်းသပ်ပက်ဖျန်းရာ အထူးဖြစ်ထွန်းသည်ကို တွေ့ရှိရပါသည်။ တီစွန့်ပစ်ရည် (၁) ဆ လျှင် ရေ (၁၀) ဆနှင့် ရော၍ ပန်းအလှပင်၊ သစ်သီးဝလံ နှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းများတွင် ပက်ဖျန်းနိုင်သည်။ ၁၀ ပေအရှည်၊ ၄ပေအကျယ်၊ အမြင့် ၃ပေ ရှိသော ကန်တစ်ကန်မှ တီစွန့်ပစ်အရည် တစ်လလျှင် လီတာ ၁၀၀ (၂၅ ဂါလန်) ခန့် ရရှိကြောင်း တွေ့ရှိရပါသည်။
အကယ်၍ တီစွန့်ပစ်ရည်ထုတ်သည် ထွက်ပေါက်မပါရှိပါက တီစွန့်ပစ်မြေဩဇာ စတီးဇွန်း တစ် ဇွန်း (၅၀ ဂရမ်ခန့်) ကို ရေတစ်လီတာနှင့် ရော၍ ခပ်နာနာမကြာခဏ လှုပ်ပေးပြီး တစ်ညထား ကာ တီစွန့်ပစ်ရည်အဖြစ် အသုံးပြုနိုင်ပါသည်။ တီစွန့်ပစ်ရည်တွင် စုစုပေါင်း နိုက်တြိုဂျင် (၀.၀၅၆%) ၊ စုစုပေါင်း ဖော့စဖိတ် (၀.၀၀၉%) ၊ စုစုပေါင်း ပိုတက်စီယမ် ( ၀.၁၇၉%)နှင့် ဩဂဲနစ်ပစ္စည်း (၀.၄၁၅%) ပါဝင်သည်။
ဒေါက်တာ မြင့်လွင်
ဩဂဲနစ်တောင်သူလက်စွဲ
ခင်ဇော်
လွန်ခဲ့သော ၆ လ ကတီကောင်မျိုးဝယ်လို့ရလား
Soe Naing
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးတင်ပါတယ် ဆရာ
ဝင်းနိုင်
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးတင်ပါတယ်ခင်ဗျာ
ရဲလေး
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးတင်ပါတယ်ဗျာ
u zaw bawk
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးဆရာ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
စံပယ်ကအအေးပိုင်းဝင်သွားရင်အစာခိက်လုပ်မှုနေးကွေးသွားပြီးအဖူးမလိုက်တော့လို့ မြေပြင်အပူဓာတ်ရအောင်ဘယ်လိုပြုစုရမလဲ ဘာတွေထည့်ဖို့လိုသေးလဲပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
ဧရာပဒေသာကြဲသားခင်းအတွက်စတင်ကြဲပက်သည့်ရက်မှရိတ်သိမ်းကြိမ်အထိဘယ်ရက်သားကနေမြေသြဇာစကျွေးပြီးဘယ်ရက်သားထိမြေသြဇာနောက်ဆုံးကျွေးကတာလည်းဖြေကြားပေးပါအုံးဆရာတို့ခဗျာ
ဆန်းထိုက် • ဖြေကြားချက် 4 ခု
em 1 ကို သီနှံမျိုးစုံဖျန်းပေးရလားဆရာဆေးဖျန်းနှုန်းထားပါဖြေပေးပါဆရာ
U Than Toe Aung • ဖြေကြားချက် 1 ခု
ထရိုင်ကို ဒါးမားဝယ်ချင်လို့ပါ အဆင်ပြေလားဗျ
Zaw Latt • ဖြေကြားချက် 1 ခု
ကင်းပွန်းချဉ်
Hlaing Hlaing Thin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....