ဓာတ်ဖိုနဲ့ ဓာတ်ဖိုဖလှယ်နိုင်စွမ်းအားဆိုတာ ဘာတွေလဲ
ဒါကတော့ မြေကြီးနဲ့ ဆိုင်ပါတယ်။ အပင်လေးတွေ အာဟာရတွေကို ဘယ်လိုစားသလဲဆိုတာ ဓာတုဗေဒနည်းအားဖြင့်ကြည့်ရင် ဓာတ်ဖို ဓာတ်မလေးတွေကို ဖလှယ်ပြီးတော့ စားတာပါ။ အဲ့လို ဖလှယ်ယူထားတာကိုမှ စုပေါင်းပြီး နောက်ထပ်ပစ္စည်းအသစ်တစ်ခု ထုတ်လုပ်ပါတယ်။ သကြားဆို သကြား အသားဆို အသားပေါ့။ အဲ့လို နည်းအားဖြင့် အပင်လေးတွေက ကြီးထွားလာကြပါတယ်။ အစာအာဟာရကို စားသုံးပါတယ်။
ဓာတ်ဖို ဆိုတာဘာလဲ
အိမ်မှာ မီးထွန်းတဲ့ ဆိုင်ကယ်ထဲထည့်တဲ့ ဘက်ထရီငုတ်လေး (၂) ငုတ်ကိုကြည့်လိုက်ရင် အပေါင်းဖက်တစ်ခု အနှုတ်ပြထားတဲ့ ငုတ်လေးတစ်ခုဆိုပြီး ၂ ခုပါပါတယ်။ တစ်အိုးမှာ အဲ့လို စုံလိုက်အတွဲပါမှ သုံးလို့ရတဲ့ ဘက်ထရီတစ်လုံးဖြစ်တာပါ။ ခု အပင်တွေကိုကျွေးနေတဲ့ အာဟာရဓာတ်တွေဆိုလည်း အဲ့လို အပေါင်းလေးနဲ့ အနှုတ်ကလေး တွဲထားပါတယ်။ ဥပမာဆိုရင် လယ်ထဲမှာ အများဆုံးသုံးတဲ့ ပုလဲကို တစ်ချက်ကြည့်ရအောင်။ ပုလဲရဲ့ ဓာတုနည်းအရ ဖော်ပြချက်က - CH4N2O ဖြစ်ပါတယ်။ အဲ့ဒါကို တစ်ခုချင်းစီ ပြန်ခွဲချလိုက်ရင်
C - ကာဗွန်ဖြစ်ပြီးတော့ သူက ဓာတ်ဖိုဖြစ်ပါတယ်။ ဓာတု နဲ့ဆို C2+ ဖြစ်ပါတယ်။
H - ဟိုက်ထရိုဂျင်ပါ ဓာတ်ဖို ဖြစ်ပြီး H+ လို့ ဖော်ပြနိုင်ပါတယ်။
N - နိုက်ထရိုဂျင်ပါ ဓာတ်မဖြစ်ပြီးတော့ N2- လို့ ဖော်ပြပါတယ်။
O - အောက်စီဂျင် ဖြစ်ပြီး O2- နဲ့ ဖော်ပြပါတယ် ဓာတ်မပါ။
အနှုတ်လက္ခဏာနဲ့ဆို ဓာတ်မဖြစ်ပြီး အပေါင်းလက္ခဏာနဲ့က ဓာတ်ဖိုဖြစ်ပါတယ်။ အဲ့မှာပါနေတဲ့ ဂဏာန်းသေးသေးလေးက သူနဲ့ပေါင်းစပ်မယ်ဆိုရင် လိုအပ်တဲ့ပမာဏကို ဖော်ပြတာဖြစ်ပါတယ်။ နိုက်ထရိုဂျင် နဲ့ အောက်စီဂျင်ကိုကြည့်ပါ။ အဲ့မှာဆို ဂဏန်းလေးက (၂) ဆိုပြီးပါနေပါတယ်။
ဆိုလိုတာက သူတို့ဟာ ဓာတ်မပါ။ သူတို့နဲ့ပေါင်းဖို့ ဓာတ်ဖို (၂) လုံး လိုပါတယ်လို့ပြောတာဖြစ်ပါတယ်။ တကယ်လို့များ အပင်တွေက နိုက်ထရိုဂျင်ကို ဖလှယ်ပြီး စားမယ်ဆိုရင် သူတို့ဆီမှာရှိတဲ့ အနှုတ်လက္ခဏာရှိတဲ့ ဓာတ်မ ၂)ခုကို ထုတ်လိုက်မယ်။ ပြီးတော့မှ အနှုတ်လေးဖြစ်တဲ့ နိုက်ထရိုဂျင်ကို ပြန်စုပ်ယူပါမယ်။ အဲ့လိုနည်းအားဖြင့် အပင်တွေကနေ ထည့်လိုက်တဲ့ ပုလဲကနေ နိုက်ထရိုဂျင်တွေကို စားသုံးနိုင်ကြပါတယ်။
ဓာတ်ဖို ဖလှယ်နိုင်စွမ်းဆိုတာကဘာလဲ
မြေကြီးကနေ ဓာတ်ဖိုတွေကို ထိန်းသိမ်းထားနိုင်တဲ့ စွမ်းအားကို ဓာတ်ဖို ဖလှယ်နိုင်စွမ်းအားလို့ခေါ်ပါတယ်။
အော်ဂဲနစ်မြေသြဇာတွေမှာဆိုရင် ဓာတ်ဖိုဖလှယ်နိုင်စွမ်းအားမြင့်ပါတယ်။ မြေသားဆီမှာ ဓာတ်ဖို ဖလှယ်နိုင်စွမ်းအား ကောင်းလေလေ မြေသြဇာတွေ သိုလှောင်သိမ်းဆည်းနိုင်မှုအား များလေလေဖြစ်ပါတယ်။ သဲဆန်တဲ့မြေတွေမှာဆိုရင် အဲ့လို အာဟာရတွေ သိုလှောင်နိုင်စွမ်းအားတိုးတက်အောင်လို့ အော်ဂဲနစ် မြေဆွေးဖြစ်ဖြစ်၊ မြေသြဇာဖြစ်ဖြစ် ထည့်ပေးကြတာဖြစ်ပါတယ်။
အဲ့လို ထည့်ပေးလိုက်တာကြောင့်မို့ မြေသားကြီး တစ်ခုလုံးမှာ အနုတ်လက္ခဏာဖြစ်လာပြီးတော့ အပေါင်းလက္ခဏာဖြစ်တဲ့ ဓာတ်ဖိုလေးတွေကို အများကြီးစုပ်ယူထိန်းသိမ်းထားနိုင်ပါတယ်။ အဲ့လို ထိန်းသိမ်းထားနိုင်လေလေ အပင်ကနေ စုပ်ယူနိုင်တဲ့ အာဟာရတွေကို များများရနိုင်လေလေဖြစ်ပါတယ်။
ဓာတ်ဖိုဖြစ်တဲ့ အပင်တွေစုပ်ယူတဲ့ အာဟာရတွေဆိုတာကတော့ ကယ်လ်စီယမ် Ca2+ ပိုတက်စီယမ် K+ နဲ့ မဂ္ဂနီစီယမ် Mg2+ နဲ့ ဆိုဒီယမ် Na+ တွေ ဖြစ်ပါတယ် အများဆုံးနဲ့ အခြေခံဖလှယ်ကြတဲ့ ဓာတ်ဖိုတွေပဲဖြစ်ပါတယ်။
အဲ့လိုဆိုတော့ လေ့လာစရာများတဲ့လောကကြီးမှာ ဆက်ပြီးတော့ လေ့လာရဦးပါမယ်။ ခုတော့ အပင်တွေစုပ်ယူတဲ့ပုံစံက အပေါင်းတွေလား အနှုတ်တွေလားဆိုတာရယ် ဓာတ်ဖို ဖလှယ်နိုင်စွမ်းအားဆိုတာဘာလဲ ဆိုတာရယ်နဲ့ ကျေနပ်ကြရအောင်။
တောင်သူကြီးများ အကျိုးစိးပွား ပိုမိုတိုးတက်အောင်မြင်ကြပါစေ။
ထွန်းဝင်းကျော်
http://www.soilquality.org.au/factsheets/cation-exchange-capacity
စိုးသူ
လွန်ခဲ့သော ၅ နှစ် ကကျေးဇူးတင်ပါတယ်ဗျ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
စံပယ်ကအအေးပိုင်းဝင်သွားရင်အစာခိက်လုပ်မှုနေးကွေးသွားပြီးအဖူးမလိုက်တော့လို့ မြေပြင်အပူဓာတ်ရအောင်ဘယ်လိုပြုစုရမလဲ ဘာတွေထည့်ဖို့လိုသေးလဲပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
ဧရာပဒေသာကြဲသားခင်းအတွက်စတင်ကြဲပက်သည့်ရက်မှရိတ်သိမ်းကြိမ်အထိဘယ်ရက်သားကနေမြေသြဇာစကျွေးပြီးဘယ်ရက်သားထိမြေသြဇာနောက်ဆုံးကျွေးကတာလည်းဖြေကြားပေးပါအုံးဆရာတို့ခဗျာ
ဆန်းထိုက် • ဖြေကြားချက် 4 ခု
em 1 ကို သီနှံမျိုးစုံဖျန်းပေးရလားဆရာဆေးဖျန်းနှုန်းထားပါဖြေပေးပါဆရာ
U Than Toe Aung • ဖြေကြားချက် 1 ခု
ထရိုင်ကို ဒါးမားဝယ်ချင်လို့ပါ အဆင်ပြေလားဗျ
Zaw Latt • ဖြေကြားချက် 1 ခု
ကင်းပွန်းချဉ်
Hlaing Hlaing Thin • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026