မြေကြီးဆိုတာ ဘာလဲ၊ ဘာတွေပါတာလဲ
ကဲ ဒီတစ်ခေါက်ကျပြန်တော့ စိုက်နေပျိုးနေတဲ့ မြေကြီးတွေအကြောင်းကို လေ့လာကြည့်ကြတာပေါ့။
မြေကြီးဆိုတာက စိုက်ရေးပျိုးရေးမှာ ဘယ်လောက်အရေးပါလိုက်သလဲ ဆိုတဲ့မေးခွန်းကိုဖြေကြည့်လိုက်ရင်ပဲ ရှင်းနေပါပြီ။ အာဟာရရည်နဲ့ စိုက်ပျိုးတယ်တို့၊ မြေမဲ့ စိုက်ပျိုးရေးတွေမလုပ်နိုင်သေးတဲ့ကာလမှာ မြေကြီးဟာ စိုက်ရေးပျိုးရေးအတွက် အကောင်းဆုံး သွင်းအားစုဖြစ်နေပါတယ်။ စိုက်ရေးပျိုးရေးမှာ မြေကြီးဆိုတာက အထွက်ရော အရည်အသွေးကိုရောပေါ်မှာ မူတည်နေပါတယ်။ စိုက်ရင်းပျိုးရင်းနဲ့ ပျက်လာတဲ့မြေတွေဆိုရင် ပြန်ပြင်နိုင်မှပဲ ပြန်ကောင်းနိုင်မဲ့အခြေအနေတွေပါ။
မြေကြီးက စိုက်ပျိုးရေးအတွက် အရေးပါသလားဆိုတော့ အောက်ကအချက်လေးတွေကိုကြည့်
(၁) အပင်အာဟာရတွေရယ်၊ အောက်စီဂျင်နဲ့ ရေကို အပင်တွေအတွက် သိမ်းဆည်းပေးထားနိုင်တယ်။
(၂) သီးနှံအကြွင်းအကျန်တွေနဲ့ စားကျက်က အကျန်တွေကိုလည်း မြေကြီးသုံးပြီးတော့ ဆွေးပစ်လိုက်လို့ရတယ်။
(၃) အပင်တွေ ထောင်မတ်နေစေဖို့လည်း ကူညီပေးတယ်။
(၄) စက်တွေဝင်ပြီး ထွန်ယက်ဖို့ဆိုလည်း တောင့်ခံနိုင်တဲ့ မြေကြီးဆိုတော့ စိုက်ရေးပျိုးရေးမှာ မြေကြီးမပါပဲ မစိုက်နိုင်ဘူးဆိုတာ သေချာတာပေါ့၊ ဒါဟာလည်း ခေတ်သစ် စိုက်ပျိုးရေးနည်းလမ်းတွေပေါ်လာပြီး မြေမဲ့စိုက်ပျိုးရေးတွေ လုပ်ကိုင်နေကြပေမဲ့လို့ မြေကြီးဟာ ခုထိကို အရေးကြီးနေရသေးတာပါပဲ။
မြေကြီးဆိုတာ ဘာလဲ
မြေကြီးဆိုမှတော့ မြေကြီးပေါ့လို့…မှန်ပါတယ်။ ဒါပေမဲ့ အပြည့်အစုံ ဆိုရရင်တော့ မြေကြီးဆိုတာက ကမ္ဘာ့အပိုင်းအစလေးတွေပါပဲ။ နေရာတိုင်းမှာ ဖြစ်ပေါ်မှုပုံစံအမျိုးမျိုးနဲ့ ရှိနေတာပါ။ အဲ့လို ပုံစံမျိုးစုံ ဖြစ်ပေမဲ့လို့ အဓိကပါဝင်တဲ့ပစ္စည်းကတော့ (၄) မျိုးပဲရှိတာပါ။ သတ္တုပစ္စည်းတွေရယ်၊ အော်ဂဲနစ်ပစ္စည်းတွေရယ်၊ ရေရယ်နဲ့ လေ အဲ့(၄)မျိုးပါပဲ။ အဲ့အထဲမှာမှ ရေနဲ့လေက အစိုင်အခဲမဟုတ်တာရယ်၊ သတ္တုပစ္စည်းနဲ့ အော်ဂဲနစ်ပစ္စည်းတွေက အစိုင်အခဲတွေဆိုတာရယ် ဆိုပြီး (၂)မျိုး ထပ်ခွဲလို့ရပါတယ်။ မှတ်ရလွယ်တာပေါ့။ အားလုံးပေါင်းပြီးတော့မှ မြေကြီးလို့ ခေါ်ပါတယ်။
ပါဝင်နှုန်း အစိုင်အခဲ
၁) သတ္တုပစ္စည်း
အကြမ်းပဲ ဆိုထားတာပါ။ များသောအားဖြင် ဖွဲ့စည်းတဲ့ပုံပေါ်မူတည်ပြီးတော့ ပြောင်းလဲနိုင်တာကြောင့်မို့ပါ။ အဲ့လို ပစ္စည်းတွေက (၉၅) ကနေ (၉၉) ရာခိုင်နုန်းလောက်ထိ ပါဝင်ပါတယ်။ ကျောက်တွေ တိုက်စားခံရတယ်။ အဲ့လို သတ္တုပစ္စည်းတွေဖြစ်လာကြတယ်။ အဲ့ကနေမှ အရွယ်အစားလေးတွေကို တိုင်းတာပြီးတော့ ခွဲခြားထားတာရှိပါတယ်။ အဲ့ဒါတွေအကုန်လုံးပါတော့မှ သတ္တုပစ္စည်းတွေလို့ ခေါ်တာပါ။ တိုင်းထားတာက မီလီမီတာနဲ့ပါ။
၂ မီလီမီတာ ထက်ကြီးတဲ့ အရွယ်ဆိုရင်- ကျောက်စရစ် Gravel
၀.၀၂ ကနေ ၂ မီလီမီတာ အရွယ်အစားဆိုရင်- သဲ Sand
၀.၀၂ မီလီမီတာကနေ ၀.၀၀၂ မီလီမီတာကြားဆိုရင် - နုန်း Silt
၀.၀၀၂ မီလီမီတာနဲ့ သူ့အောက်ငယ်သွားရင် - ရွံ့Clay လို့ခေါ်ပါတယ်။
အဲ့ဒါ ပါဝင်တဲ့ပုံအပေါ်မူတည်ပြီးတော့ မြေသား ကောင်းတာ မကောင်းတာ။ အာဟာရတွေ ရတာ မရတာက ကွဲပြားသွားတာဖြစ်ပါတယ်။ အဲ့အထဲမှာ အသေးဆုံးဖြစ်တဲ့ ကောင်လေးက အရေးကြီးဆုံးဖြစ်ပါတယ်။ သူက ရေထိန်းနိုင်အား၊ အာဟာရထိန်းထားနိုင်အားတွေကို ဆုံးဖြတ်ပါတယ်။ ခုဏကပြောခဲ့တဲ့ (၄)မျိုးထဲမှာ ကျန်တဲ့ (၃) ခုမှာ အာဟာရကို ထိန်းထားနိုင်အားမရှိပါဘူး။ ဒါပေမဲ့ မြေကြီးထဲမှာ လေဝင်လေထွက်ကောင်းဖို့ကျတော့ အဲ့ (၃)မျိုးရှိနေမှဖြစ်မယ် ဆိုတော့ကာ…… ရှိသင့်တာတွေေတော့ ရှိရမှာပေါ့နော်၊ အဲအတွက် အကောင်းဆုံး ဥပမာပေးပါဆိုရင်တော့ သဲကန္တာရထဲမှာ အပင်စိုက်လို့မရဘူးဆိုတာပါပဲ။
၂) အော်ဂဲနစ်ပစ္စည်းတွေ
မြေကြီးထဲမှာပါတဲ့ အစိုင်အခဲ (၂)မျိုးထဲက နောက်တစ်မျိုးဖြစ်ပါတယ်။ အော်ဂဲနစ်ပစ္စည်းတွေလို့ ပြောလိုက်ရင် ဘာတွေပါမလဲဆိုတော့ မြေကြီးထဲမှာကျန်နေတဲ့ အပင်အကြွင်းအကျန်တွေ၊ တိရိစ္ဆာန်အကြွင်းအကျန်တွေရယ် ပါပါမယ်။ အသစ်စက်စက် ဘယ်လိုမှ မနေသေးတဲ့အဆင့်ပဲဖြစ်ဖြစ်၊ တစ်ဝက်တစ်ပျက် ဆွေးနေတာပဲဖြစ်ဖြစ်၊ အကုန်ဆွေးကျနေတာပဲဖြစ်ဖြစ် အော်ဂဲနစ်ပစ္စည်းတွေလို့ ရေတွက်လို့ရပါတယ်။ ပြီးတော့ မြေကြီးထဲမှာ အစကတည်းကရှိနေတဲ့ သက်ရှိတွေ အဏုဇီဝသက်ရှိတွေကိုလည်း အော်ဂဲနစ်ပစ္စည်းတွေလို့ ထည့်တွက်ပါတယ်။ ကဲ ဦးကြီးတို့ ပြောပြောနေတဲ့ မြေကြီး ဆိုတဲ့အထဲမှာ အော်ဂဲနစ်ပစ္စည်းဆိုတာ (၆) ရာခိုင်နှုန်း ပါဝင်ပါတယ်။ အဲ့ဒါက ယေဘုယျ ခြုံပြောပြတာပါ။ စိုက်ပျိုးမြေတွေအတွက်ဆိုရင်တော့ (၀.၅) ကနေ (၃) ရာခိုင်နှုန်းလောက်ပါရင် စပြီးတော့ စိုက်လို့ရတဲ့အခြေအနေဖြစ်ပါတယ်။ သစ်တောမြေတွေမှာဆိုရင် (၂၀)ရာခိုင်နှုန်းအထိ ပါဝင်နိုင်ပါတယ်တဲ့။ ဘာလို့ သစ်တောတွေမီးရှို့ပြီး စိုက်ခင်းလုပ်ကြလဲဆိုတော့ မြေက ကောင်းတာကိုး။ အော်ဂဲနစ်ပစ္စည်းတွေပါဝင်တာက အပင်တွေအတွက် အာဟာရကိုထောက်ပံ့ပေးနိုင်ဖို့ အကောင်းဆုံးဖြစ်ပြီးတော့ ရေထိန်းထားနိုင်အားကိုလည်း ကောင်းစေပါတယ်။
ကဲ နောက်တစ်ပိုင်းကျတော့ အစိုင်အခဲမဟုတ်တဲ့အရာတွေ အပိုင်းကိုသွားကြမယ်။
အစိုင်အခဲ မဟုတ်တာတွေအတွက်ဆိုရင် အပိုင်း (၂)ပိုင်းခွဲလို့ရပါတယ်။ ရေနဲ့ လေပါပဲ။ စိုက်ပျိုးမြေလို့ သတ်မှတ်ထားရင် ရေက (၃၀) ကနေ (၅၀) ရာခိုင်နှုန်း ရှိသင့်ပါတယ်။ အခြေအနေ အချိန်အခါအရဆိုရင်တော့ မြေကြီးထဲမှာ အောက်စီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်တွေလည်းကလည်း အလဲအလှယ်လုပ်ရမှာမို့ သူတို့အတွက်လည်း နေရာက လိုပါသေးတယ်။
ကဲ အဲ့တော့ မြေကြီးထဲမှာ ဘာတွေပါဝင်ဖွဲ့စည်းထားတာလဲဆိုတာ သိလောက်ပြီထင်ပါတယ်။
ထွန်းဝင်းကျော်
References
1. Centre of Land Protection Research, “Know Your Soil – Introduction to Soils”
2. www.nre.vic.gov.au/agvic/ins-clpr/
Myokoko
လွန်ခဲ့သော ၅ နှစ် ကမြေ၀ါ မြေနီ မြေဖြူ မြေညို ဘာအတွက်အသုံးဝင်သလဲ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
စံပယ်ကအအေးပိုင်းဝင်သွားရင်အစာခိက်လုပ်မှုနေးကွေးသွားပြီးအဖူးမလိုက်တော့လို့ မြေပြင်အပူဓာတ်ရအောင်ဘယ်လိုပြုစုရမလဲ ဘာတွေထည့်ဖို့လိုသေးလဲပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
ဧရာပဒေသာကြဲသားခင်းအတွက်စတင်ကြဲပက်သည့်ရက်မှရိတ်သိမ်းကြိမ်အထိဘယ်ရက်သားကနေမြေသြဇာစကျွေးပြီးဘယ်ရက်သားထိမြေသြဇာနောက်ဆုံးကျွေးကတာလည်းဖြေကြားပေးပါအုံးဆရာတို့ခဗျာ
ဆန်းထိုက် • ဖြေကြားချက် 4 ခု
em 1 ကို သီနှံမျိုးစုံဖျန်းပေးရလားဆရာဆေးဖျန်းနှုန်းထားပါဖြေပေးပါဆရာ
U Than Toe Aung • ဖြေကြားချက် 1 ခု
ထရိုင်ကို ဒါးမားဝယ်ချင်လို့ပါ အဆင်ပြေလားဗျ
Zaw Latt • ဖြေကြားချက် 1 ခု
ကင်းပွန်းချဉ်
Hlaing Hlaing Thin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....