မြေဆွေးပုံတွေမှာ ကူညီပေးတတ်တဲ့အကောင်တွေက ဘာတွေဖြစ်မလဲ
အရင်က ပြောထားတာ ဆက်သွားရအောင်လေ.........
လေရှိ ဆွေးမြေ့ခြင်း ဖြစ်စဉ်ရဲ့ ဖြစ်စဉ်အစတွေမှာဆိုရင် ဘက်တီးရီးယားလေးတွေက ကူညီပေးတာများပါတယ်။ နောက်ပိုင်းအဆင့်တွေမှာဆိုရင် နည်းနည်းကြီးတဲ့ အကောင်တွေပါလာတယ်။ မှိုတွေ၊ Sowbugs၊ Pillbug စတဲ့ မြေနေ ဂျပိုးတွေ၊ Centipedes လို့ခေါ်တဲ့ ခြေထောက်ဆယ်ချီရှိတဲ့ ကင်းခြေများလို အကောင်တွေ၊ Millipedes အုပ်စု (မီးရထားပိုးကောင်လို ခြေထောက်အများကြီးရှိတဲ့အကောင်တွေပါတဲ့ အုပ်စု)၊ ပင့်ကူတွေ၊ တီကောင်တွေက ပါဝင်ပြီးတော့ ကူညီလာပါတယ်။
ပါဝင်တဲ့အကောင်တွေအများစုကိုတော့ သေချာမမြင်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က သေးငယ်တဲ့ အကောင်လေးတွေဖြစ်ပြီးတော့ ရေရှိ၊ လေရှိပြီး သူတို့အစာရှိတဲ့နေရာတွေမှာ ရှင်သန်ပေါက်ဖွားပြီး အော်ဂဲနစ်ပစ္စည်းတွေကိုစားတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ရေနဲ့ အပူကို ပြန်ထုတ်ပေးပါတယ်။
တကယ်တမ်း မြေဆွေးဖြစ်ဖို့ ဖြတ်ရတဲ့အဆင့်တွေ ရှိပါတယ်။ မြေဆွေးပုံရင် စစချင်း ပူတဲ့အဆင့်၊ နောက်တော့ အအေးဖက် ပြန်ရောက်တဲ့အဆင့်ရယ်၊ တည်ငြိမ်တဲ့အဆင့်ရယ်ဆိုပြီးတော့ ဖြစ်ပါတယ်။
ပူလာတဲ့ အပူအဆင့်မှာဆိုရင် ပုံထားတဲ့မြေဆွေးပုံအလယ်တည့်တည့်က အပူဆုံးပါပဲ။ အဲ့ဒါက တော်တော်လေးမိုက်ပါတယ်။ ဘာလို့လဲဆိုရင် အဲ့အပူကြောင့်ပဲ ရောဂါပိုးတွေကို သေစေနိုင်တယ်။ ပြီးတော့ တစ်ချို့သော ပေါင်းစေ့တွေကိုရောပေါ့။
အဲ နောက်တစ်ဆင့်ကျတော့ ပူတာတွေက ပြန်ပြီးတော့အေးလာတဲ့ အဆင့်ပါပဲ။ အဲအချိန်မှာ မှိုမျှင်လေးတွေက ပွားများလာပြီး မြေဆွေးပုံထဲမှာ ပွားနေပါပြီ။
ကဲ နောက်ဆုံးတစ်ဆင့်ကတော့ တည်ငြိမ်တဲ့အဆင့်ဖြစ်ပါတယ်။ အဲ့အဆင်မှာ termites ချ နဲ့ တီကောင်မျိုးနွယ်ဝင် အကောင်တွေက မြေဆွေးပုံထဲမှာဝင်ပြီးတော့ သမအောင်လုပ်ပေးပါတယ်။ တွင်းလေးတွေတူး အပေါ်ကမြေကြီးအောက်ရောက်။ အောက်ကမြေကြီး အပေါ်ရောက်ပေါ့။
ပူတဲ့ရာသီဥတုရှိတယ် ဆိုရင်တော့ အေးတဲ့ရာသီတွေထက် သက်ရှိကောင်လေးတွေက ပိုပြီးတော့ အလုပ်လုပ်ပါတယ်။ ပိုမြန်တာပေါ့လေ။
မှန်ကန်တဲ့ ရွေးချယ်မှုတွေလုပ်ကြမယ်ဆိုရင်
အနီးအနားက ပစ္စည်းတွေအကုန်လုံး ဆွဲထည့်လို့ရပါတယ်။ သွပ်တွေ သံတွေတော့ မပါဘူးပေါ့။ အော်ဂဲနစ်ပစ္စည်းဖြစ်လာနိုင်မဲ့ ပစ္စည်းတွေ အကုန်လုံးထည့်လို့ရပေမဲ့ ကိုယ်ထည့်လိုက်တဲ့ ပစ္စည်းကနေပြီးတော့ ပြန်ရလာတဲ့ ပစ္စည်းက ကွဲပြားသွားမှာပါ။
အကောင်းဆုံး ရွေးနည်းကတော့ အညိုရောင်နဲ့ အစိမ်းရောင်တွေပါအောင် ရွေးပါ။ အညိုရောင်ဆိုတာကတော့ အဆွေးတွေ အဟောင်းတွေကို ဆိုလိုပြီးတော့ အစိမ်းရောင်ဆိုတာကတော့ အရည်ရွမ်းပြီး လတ်လတ်ဆတ်ဆတ်ရှိနေတဲ့ ပစ္စည်းတွေကိုပြောတာဖြစ်ပါတယ်။ ဘာလို့အဲ့လိုရွေးခိုင်းလဲဆိုတော့ ကာဗွန်နဲ့ နိုက်ထရိုဂျင် အချိုးကိုမျှတစေဖို့ဖြစ်ပါတယ်။ ကာဗွန်နဲ့ နိုက်ထရိုဂျင်ဆိုတာက အဏုဇီဝသက်ရှိတွေ ရှင်သန်ကြီးထွားဖို့အတွက် မရှိမဖြစ်လိုအပ်တာကြောင့်ဖြစ်ပါတယ်။ သဘာဝကထွက်တဲ့ကာဗွန်က ဆဲလ်တွေကြီးထွားမှုကို (၅၀)ရာခိုင်နှုန်းထိတောင် ထောက်ပံ့ပြီးတော့ စွမ်းအင်တွေကိုလည်း ပေးပါတယ်။ နိုက်ထရိုဂျင်ကတော့ ပရိုတင်းတွေ၊ အမိုင်နိုအက်ဆစ်တွေနဲ့ အင်ဇိုင်းတွေအတွက် အထောက်အကူပြုတာပါ။
အဲ့တော့ သူတို့ (၂)ခုကို မျှတအောင်ရွေးရမယ်။ C/N ratio - ကာဗွန် နိုက်ထရိုဂျင် အချိုးလို့ခေါ်ပါတယ်။ ဖြစ်သင့်တဲ့ အချိုးကတော့ ၃၀း၁ ပါ။ နိုက်ထရိုဂျင်ပါတဲ့ပစ္စည်း တစ်ပိဿာထည့်တိုင်းမှာ ကာဗွန်ပါတဲ့ပစ္စည်းတွေ ပိဿာ (၃၀) ထည့်ပေးပါ။ ဘာလို့ အဲ့လိုထည့်ခိုင်းတာတုန်း၊ ပြောတော့ အကုန်ရတယ်ဆို…. ဟုတ် ဘာလို့လဲ ပြောပြပါမယ်။
ဘာလို့လဲဆိုတော့ အဲ့ထက် နည်းသွားမယ်ဆိုရင် နိုက်ထရိုဂျင်ကြောင့် အမိုးနီးယားဓာတ်ငွေ့တွေ ထွက်လာမှာပါ။ အနံ့ကတော့ ပြင်းပါတယ်။ နောက်ပြီး အဏုဇီဝသက်ရှိတွေရဲ့ ပွားများမှုမှာ စကားပြောပါတယ်။ အဲ့ဒါကြောင့် ညီအောင်ထည့်ပေးခိုင်းတာပါ။
အစိမ်းရောင် အရည်ရွမ်းလတ်ဆတ်နေသေးတဲ့ ပစ္စည်းတွေက နိုက်ထရိုဂျင်များဖို့ ပိုများပါတယ်။ နည်းနည်းခြောက်သွေ့သွားတဲ့ အညိုရောင်လေးတွေဆိုရင်တော့ ကာဗွန်များပါတယ်။ အကြမ်းအားဖြင့်ပေါ့။ အဲ့တော့ အညိုတွေစုချင်ရင်တော့ လိုက်နာရမဲ့ စည်းမျဉ်းလေးရှိပါတယ်။ တစ်ဝက်စီ ပုံထားပါ။ အညိုတစ်ဝက် အစိမ်းတစ်ဝက်ပါ။
မြေဆွေးပုံလို့ အပူတက်မလာဘူးဆိုရင် အစိမ်းရောင်တွေ လိုနေတာဖြစ်ပြီးတော့ အမိုးနီးယားနံ့ထွက်လာတယ်ဆိုရင်တော့ အညိုရောင်လိုနေတာဖြစ်ပါတယ်။ ဒါက အကြမ်းပါပဲ။
မြေဆွေးပုံက ကိုင်ရတာ အန္တရာယ်ရောကင်းရဲ့လားလို့ ဆိုခဲ့ရင်တော့ ကင်းပါတယ်။ ဓာတုဆေးတွေလိုမဟုတ်ဘူးဆိုတာကိုက စိတ်ချစရာကောင်းနေပါပြီ။ လက်ဆေးတာကတော့ စည်းကမ်းပါပဲနော်။ ကိုင်ပြီး လက်ကိုသေချာဆေး၊ စိတ်ချချင်တယ်ဆို လက်အိတ် ဖိနပ်စီး အနာတွေ ဖုံးထားလို့ရတယ်။ သတိထားရမှာ ရှိတယ်။ ကိုယ်လုပ်ထားတဲ့ မြေဆွေးပုံကတက်နေတဲ့ အပူက ၆၀-၇၀ လောက်ရှိတာဆိုတော့ နည်းနည်းတော့ ပူတယ်။ အဲ့ဒါလေးပါပဲ။ ကဲ နောက်တစ်ပတ်မှာတော့ ထည့်လို့ရတဲ့ပစ္စည်းတွေကို ပြောပေးပါမယ်။ …….
ထွန်းဝင်းကျော်
References: “Compost Making Made Easy”, ADDA – VNFU Organic Project.
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ကိုယ်တိုင်လုပ် သဘာဝမြေသြဇာများ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
စံပယ်ကအအေးပိုင်းဝင်သွားရင်အစာခိက်လုပ်မှုနေးကွေးသွားပြီးအဖူးမလိုက်တော့လို့ မြေပြင်အပူဓာတ်ရအောင်ဘယ်လိုပြုစုရမလဲ ဘာတွေထည့်ဖို့လိုသေးလဲပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
ဧရာပဒေသာကြဲသားခင်းအတွက်စတင်ကြဲပက်သည့်ရက်မှရိတ်သိမ်းကြိမ်အထိဘယ်ရက်သားကနေမြေသြဇာစကျွေးပြီးဘယ်ရက်သားထိမြေသြဇာနောက်ဆုံးကျွေးကတာလည်းဖြေကြားပေးပါအုံးဆရာတို့ခဗျာ
ဆန်းထိုက် • ဖြေကြားချက် 4 ခု
em 1 ကို သီနှံမျိုးစုံဖျန်းပေးရလားဆရာဆေးဖျန်းနှုန်းထားပါဖြေပေးပါဆရာ
U Than Toe Aung • ဖြေကြားချက် 1 ခု
ထရိုင်ကို ဒါးမားဝယ်ချင်လို့ပါ အဆင်ပြေလားဗျ
Zaw Latt • ဖြေကြားချက် 1 ခု
ကင်းပွန်းချဉ်
Hlaing Hlaing Thin • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026