မြေဆီလွှာမှိုဖြူစွဲခြင်း ဘာကြောင့်ဖြစ်လို့ ဘယ်လိုအန္တရာယ်ရှိလဲ
မြေဆီလွှာမှာ မှို (အဖြူရောင် အစက်အပြောက်) တွေ ကျတာက ပုံမှန်ယာမြေတွေမှာ ဖြစ်ခဲပါတယ်။ အိုးထဲထည့်ထားတဲ့ မြေတွေမှာပဲ အဖြစ်များတာပါ။ ဒါပေမဲ့ ဟိုတစ်နေ့ကတော့ အစိမ်းရောင်လမ်း ဆော့ဝဲရဲ့ အမေးအဖြေကဏ္ဍမှာ ကွမ်းခြံထဲကမြေမှာ အဖြူရောင် အစက်အပြောက်လေးတွေ ပေါ်လာ လို့ အန္တရာယ်ရှိလားဆိုပြီး မေးလာတာ တွေ့ပါတယ်။
ဒါနဲ့ပတ်သက်လို့ လေ့လာသိရှိထားတာတွေကို မျှဝေပေးချင်ပါတယ်။
မှိုက အဝါရောင်၊ အဖြူရောင်၊ အစိမ်းရောင်၊ မီးခိုရောင်ဆိုပြီး အရောင်အမျိုးမျိုးရှိပေမယ့် အဖြူရောင်မှိုကတော့ မြေဆီလွှာမှာ အဖြစ်အများဆုံးပဲ ဖြစ်ပါတယ်။
အပင်တွေနဲ့ သူတို့ပတ်ဝန်းကျင်မှာရှိနေတဲ့ ဘက်တီးရီးယားနဲ့ အခြားအဏုဇီဝတွေရဲ့ကြားမှာ သဘာဝ မျှချေ ရှိနေတာကို တော်တော်များများက သဘောမပေါက်ကြပါဘူး။ ကျွန်မတို့လူသားတွေရဲ့ အရေပြား နဲ့ အူလမ်းကြောင်းမှာ အကျိုးပြုဘက်တီးရီးယားတွေရှိသလိုပဲ အပင်တွေမှာလည်း ဘက်တီးရီးယား တွေ၊ သဘာဝမြေဩဇာထဲမှာပါဝင်တဲ့ အဏုဇီဝသက်ရှိတွေနဲ့ ဆက်စပ်မှုရှိပါတယ်။ ဆက်စပ်တာမှ မိတ်ဆွေကောင်းလို့တောင် ပြောနိုင်ပါတယ်။
အိုးထဲမဟုတ်ဘဲ အပြင်မှာစိုက်တယ်ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့အခြေအနေတစ်ခုမှာ အဏုဇီဝ သက်ရှိတွေအားလုံး ပေါပေါများများ ဖြစ်မလာအောင် သဘာဝဖြစ်စဉ်တွေက ထိန်းပေးထားပါတယ်။ ဒါပေမဲ့ အိုးနဲ့စိုက်တဲ့ အပင်တွေမှာဆိုရင်တော့ မကောင်းတဲ့ ဘက်တီးရီးယားတွေဟာ ကောင်းတဲ့ ဘက်တီးရီးယားတွေကို သတ်ပစ်ဖို့ အဆိပ်ဖြစ်စေနိုင်တဲ့ လယ်ဗယ်ထိတောင် ပွားများလာနိုင်ပါတယ်။ အပင်တွေကျန်းကျန်းမာမာရှိဖို့ အဏုဇီဝသက်ရှိတွေအများကြီး မဖြစ်မနေကို လိုအပ်ပါတယ်။ ဒါပေမဲ့ သင့်တင့်တဲ့ ပမာဏဖြစ်ဖို့တော့ လိုတာပေါ့။ ကျန်းမာအာဟာရပြည့်မြေဖြစ်မှသာ အပင်လေးတွေ ကျန်းမာလှပစေမှာဆိုတာ ဒီကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ဆက်နွှယ်မှုသဘောကြောင့်ပဲဖြစ်ပါတယ်။
ဆိုလိုရင်းကတော့ အပင်လေးတွေကျန်းမာဖို့ဆိုရင် အပေါ်ယံမြေဆီလွှာမှာ အော်ဂဲနစ်တွေကြွယ်ဝနေဖို့ သဘာဝမြေဩဇာတွေ များများထည့်ပေးဖို့ဆိုတာပဲ ဖြစ်ပါတယ်။
ဒီလိုသဘာဝမြေဆွေးတွေထည့်ပေးခြင်းခြင်းဖြင့် အိုးထဲမှာရှိတဲ့ အကျိုးပြုအဏုဇီဝသက်ရှိတွေ တိုးပွား စေပြီး မြေဩဇာတက်စေပါတယ်။ ဒီလိုမဟုတ်လို့ အပေါ်ယံ မြေဆီလွှာနဲ့ အပင်လေးတွေရဲ့ ပတ်ဝန်း ကျင်မှာ ပြဿနာရှိလာပြီဆိုရင်တော့ ဦးကြီးတို့ကို ပထမဆုံးပြသမယ့် လက္ခဏာက အဖြူရောင်မှို အစက်အပြောက်လေးတွေပဲ ဖြစ်ပါတယ်။

ဘယ်လိုအခြေအနေတွေမှာ မှိုစစွဲလာနိုင်တာလဲ..?
ရေလောင်းများခြင်း
ရေကအပင်တွေရှင်သန်ကြီးထွားဖို့ မရှိမဖြစ်လိုအပ်တဲ့အရာဆိုပေမဲ့ အများကြီးလောင်းနေမိရင်တော့ ပြဿနာရှိလာတာပေါ့။ အိုးနဲ့စိုက်တဲ့ အပင်ဆိုရင် ပိုသတိထားရပါမယ်။ မြေကလည်းစိုနေမယ် ရေစီးဆင်းမှုကလည်း မကောင်းဘူးဆိုရင်တော့ မှိုစွဲဖို့နဲ့ မှိုတွေကြီးထွားဖို့ အကြိုက်ပါပဲ။
ရေစီးဆင်းမှုမကောင်းခြင်း
အိုးထဲမှာမြေဆီလွှာက အချိန်အကြာကြီး စိုထိုင်းနေမယ်ဆိုရင် အပေါ်မှာပြောခဲ့သလိုပဲ မှိုတွေ ဖြစ်လာ နိုင်ပြီး အပင်သေစေနိုင်ပါတယ်။ ရေတွေကြောင့် ဆွေးမြည့်နေတဲ့အမြစ်၊ ပင်စည်နဲ့ အရွက်တွေက မှိုတွေ ပေါက်ဖွားစေတဲ့ နေရာတွေပဲဖြစ်ပါတယ်။
လေဝင်လေထွက်မကောင်းခြင်း
မြေဆီလွှာက ပူနွေးစိုစွတ်နေမယ်ဆိုရင် မှိုတွေစွဲနိုင်ပါတယ်။ ဒါဆိုရင် အိမ်မှာစိုက်ထားတဲ့ အပင်လေး တွေလည်း မှိုကျပြီပေါ့။ စိုထိုင်းဆများပြီး လေဝင်လေထွက်မကောင်းတဲ့နေရာတွေက မှိုကြိုက်တဲ့ နေရာတွေပဲဖြစ်ပါတယ်။
မြေဆီလွှာထဲမှာမှိုပါလာနေခြင်း
ဒါကတော့ အိုးနဲ့စိုက်တဲ့အပင်လေးတွေအတွက် အိုးထဲမြေကြီးထည့်ရာမှာ သတိထားရမယ့် အချက်ပဲ ဖြစ်ပါတယ်။ အိုးထဲကို မြေကြီးတွေထည့်မယ်ဆို မှိုပါဝင်မှုမကင်းတဲ့ မြေကိုထည့်မိရင်တော့ မှိုရောဂါ ဖြစ်ဖို့ စတင်ပြီလို့ပဲ ပြောနိုင်ပါတယ်။
ပုပ်သိုးဆွေးမြည့်နေတဲ့အရွက်
အိုးထဲက ကြွေကျပြီး သေနေတဲ့အရွက်တွေရှိလို့ရှိရင် မြန်မြန်ကောက်ပြီး ဖယ်ရှားရပါမယ်။ အဲ့အရွက် တွေက မှိုတွေရှင်သန်ကြီးထွားဖို့အတွက် အစာတွေကို ထောက်ပံ့ပေးနိုင်လို့ပါ။
မြေဆီလွှာမှာ မှိုစွဲနေတာက အပင်တွေကို ထိခိုက်နိုင်လားဆိုရင်တော့ .... မှိုတွေကြောင့် တိုက်ရိုက် ထိခိုက်တာမဟုတ်ဘဲ မှိုတွေကိုဖြစ်စေနိုင်တဲ့ ပတ်ဝန်းကျင်အခြေအနေတွေက အပင်ရောဂါတွေကို ဖြစ်စေတာလို့ပဲဆိုရမှာပါ။
မှိုဖြူတွေကြောင့် ထိခိုက်လေ့ရှိတဲ့ စားပင်တွေကတော့ ပဲအမျိုးမျိုး၊ ခရမ်းချဉ်၊ ဆလပ်ရွက်၊ ဂေါ်ဖီထုပ်၊ ရှောက်၊ သံပရာ မျိုးနွယ်ဝင်များ၊ စတော်ဘယ်ရီ၊ ဖရဲသီးနဲ့ ဘလူးဘယ်ရီသီးပင်တွေပဲဖြစ်ပါတယ်။
အိမ်မှာအိုးနဲ့ စိုက်တဲ့အပင်တွေက မှိုဖြူဒဏ်ကို ပိုခံရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပတ်ဝန်းကျင် အခြေအနေနဲ့ မြေပြင်ပေါ်ချစိုက်တဲ့အပင်တွေလိုမဟုတ်ဘဲ ကန့်သတ်ခံထားရတာကြောင့်ပါ။
တကယ်လို့ အိမ်မှာစိုက်ထားတဲ့ အပင်တွေမှိုစွဲနေပြီဆိုရင်
၁။ အိုးအသစ်လဲပါ။
၂။ အိုးကိုနေရောင်ခြည်တွင် တိုက်ရိုက်အခြောက်ခံပါ။
၃။ အပင်မှမှိုတွေကို ဖယ်ရှားပြီး မှိုသတ်ဆေးဖျန်းပါ။
၄။ မှိုတွေဆက်လက်ကြီးထွားမှုကို ကာကွယ်ရန် မြေဆီလွှာထဲသို့ မှိုသတ်ဆေးထည့်ပါ။
၅။ ရေထွက်ကောင်းတဲ့ အပေါက်ပါတဲ့ အိုးတွေကို အသုံးပြုသင့်ပြီးတော့ ရေလောင်းတာကိုလည်း သတိထားရပါမယ်။
၆။ ရောဂါတွေမပြန့်ပွားရန်အတွက် မှိုရောဂါကျနေတဲ့ အပင်တွေကို သေချာဖျက်စီးဖို့က အလွန်အရေးကြီးပါတယ်။
ဘယ်လိုကာကွယ်လို့ရလဲဆိုရင်တော့
၁။ ရေလောင်းတာကို စနစ်တကျလောင်းရပါမယ်။
၂။ အလင်းရောင်ကောင်းကောင်းရရပါမယ်။
၃။ ရေစိမ့်ဝင်စီးဆင်းမှုကောင်းရပါမယ်။
၄။ အပင်တွေကကြွေကျတဲ့ အရွက်ခြောက်တွေ၊ အမှိုက်တွေကို ဖယ်ရှားရပါမယ်။
၅။ လေဝင်လေထွက်ကောင်းရပါမယ်။
၆။ အပင်စိုက်ဖို့ အိုးအဟောင်းတွေကို ပြန်သုံးမယ်ဆိုရင်လည်း သေချာသိမ်းဆည်းထားပြီး ခြောက်သွေ့နေတဲ့ အိုးကိုသာ အသုံးပြုရပါမယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မြေဆီလွှာမှိုဖြူစွဲခြင်း
မောင်နေရဲထက်
လွန်ခဲ့သော ၃ နှစ် ကအသုံးဝင်ပါတယ်
ဆက်စပ်မေးခွန်းများ
စံပယ်ကအအေးပိုင်းဝင်သွားရင်အစာခိက်လုပ်မှုနေးကွေးသွားပြီးအဖူးမလိုက်တော့လို့ မြေပြင်အပူဓာတ်ရအောင်ဘယ်လိုပြုစုရမလဲ ဘာတွေထည့်ဖို့လိုသေးလဲပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
ဧရာပဒေသာကြဲသားခင်းအတွက်စတင်ကြဲပက်သည့်ရက်မှရိတ်သိမ်းကြိမ်အထိဘယ်ရက်သားကနေမြေသြဇာစကျွေးပြီးဘယ်ရက်သားထိမြေသြဇာနောက်ဆုံးကျွေးကတာလည်းဖြေကြားပေးပါအုံးဆရာတို့ခဗျာ
ဆန်းထိုက် • ဖြေကြားချက် 4 ခု
em 1 ကို သီနှံမျိုးစုံဖျန်းပေးရလားဆရာဆေးဖျန်းနှုန်းထားပါဖြေပေးပါဆရာ
U Than Toe Aung • ဖြေကြားချက် 1 ခု
ထရိုင်ကို ဒါးမားဝယ်ချင်လို့ပါ အဆင်ပြေလားဗျ
Zaw Latt • ဖြေကြားချက် 1 ခု
ကင်းပွန်းချဉ်
Hlaing Hlaing Thin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဆုမြတ်နိုး
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....