သိပ္ပံနည်းကျအဆင့်မြင့် ငါးခူမွေးမြူရေးအကြောင်း
ငါးခူငါး၏ သဘာဝ
ငါးခူငါးမှာ အကြေးခွံမပါသော အကြေးခွံမဲ့ ငါးတစ်မျိုးဖြစ်ပြီး သူ့ခန္ဓာကိုယ်ကို အကျိအချွဲများဖြင့် ဖုံးလွှမ်းထားတတ်သော ငါးဖြစ်သည်။ အရောင်မှာ မီးခိုးရောင်သန်းပါသည်။ ရေလုံးဝမရှိသော နေရာများတွင်လည်း ငါးခူငါးများမှာ အတန်ကြာသည်အထိ အသက်ရှင်နိုင်ကြပြီး နေရာမရွေး တွေ့ရှိနေထိုင်အသက်ရှင်သော ရေသတ္တဝါလည်းဖြစ်သည်။
ငါးခူသက်တမ်းမှာ (၂၀ -၂၅)နှစ်အထိ အသက်ရှည်ကြပြီး အသက်ပြင်းသော ငါးဖြစ်သည်။ ငါးခူအမမှာ ဥတစ်ကြိမ်ဥလျှင် ဥပေါင်း(၇၀၀၀-၈၀၀၀)ခန့်အထိ ဥ,ဥနိုင်ကြပါသည်။ "ငါးခူမှာ နှုတ်ခမ်း၊ ငါးတန်မှာဝမ်း"ဆိုပြီး ငါးအမျိုးအစားအလိုက် စားကောင်းသော နေရာကို ညွှန်းဆိုထားသည့် စာချိုးလေးဖြစ်ပါသည်။ ငါးခူနှုတ်ခမ်းမွှေးမှာ အာရုံထိတွေ့မှု ကောင်းမွန်လှပြီး ပါးစပ်တဝိုက်တွင် အာရုံခံအမြှေးများ ရှိကြပါသည်။ ငါးခူငါးတွင် အပိုလေရှုအင်္ဂါ ပါရှိကြောင်းသိရပြီး ငါးခူငါးထီး၏ လိင်အင်္ဂါမှာ ရှည်ပြီးချွန်နေပါသည်။
ရေရှိသည့်လယ်ကွင်းပြင်များ၊ ကုန်းနိမ့်ပိုင်းရှိရေအိုင်များ၊ ရေစပ်စပ်ရှိသောကန်များ၊ ရေလျှံကွင်းများ အစရှိသည်တို့တွင် အများအားဖြင့် နေထိုင်ကျက်စားကြပါသည်။ ရေငြိမ်သောနေရာနှင့် ရွှံ့နွံထူသောနေရာများတွင်လည်း တွေ့ရတတ်ပါသည်။ ချောင်းရိုးများမှသည် မြစ်ပြင်ကျယ်ထိ တွေ့ရတတ်ပါသည်။ မိမိနေထိုင်သော နေရာမှ တခြားနေရာသို့လည်း တွားသွားကာ ရွှေ့ပြောင်းနိုင်ကြသည်။
ရေချိုပိုင်းတွင် အများဆုံးကျက်စားကြပြီး၊ ရေချိုရေငန်စပ်၊ ရေငန်ပိုင်းတွင်လည်း တွေ့ရှိရပြီး ဒေသအခေါ်အရ 'ရေချိုငါးခူ' ‘ပင်လယ်ငါးခူ'ဟူ၍ လည်း ခေါ်ကြပါသည်။ အစုံစား (Omnivorous)များဖြစ်ကြပြီး ခရု၊ ကမာ၊ ငါးငယ်၊ အပင်မျှောစသည်တို့ကို သူတို့၏ အစာအဖြစ် စားသုံးကြပါသည်။
ငါးခူငါးမှာ မွေးမြူ၍ရသော ငါးဖြစ်ပြီး မွေးမြူမည်ဆိုပါက အောက်ပါအချက်များကို သိရှိရန်လိုအပ်ပေသည်။
သိပ္ပံနည်းကျ အဆင့်မြင့် ငါးခူမွေးမြူနည်းအကြောင်းသိကောင်းစရာ
၁။ သားပေါက်ပြုစုကန်
သားပေါက်စခန်းများမှာ ရောက်ရှိလာသော ငါးခူသားပေါက်ငါးမှုန်များကို ရှေးဦးအဆင့်တွင် သားပေါက်ပြုစုကန်အတွင်း ပြုစုစောင့်ရှောက်ထားရပါမည်။
(က)ကွန်ကရစ်အုတ်ကန်(သို့) မြေကန်တစ်မျိုးမျိုးကို - အငယ်ဆုံးအရွယ်အစားအားဖြင့် အလျား (၅)ပေxအနံ (၃)ပေx အနက်(၂)ပေမှ အကြီးဆုံးအရွယ်အစား အလျား(၂၅)ပေ xအနံ(၁၀)ပေx အနက်(၄)ပေကန်များကို လိုအပ်သလို တည်ဆောက်ရပါမည်။
(ခ) သားပေါက်ပြုစုကန်များအစား, အသားတိုးကန်ကြီးအတွင်း နိုင်လွန်ဇကာ(သို့)ဇာပိတ်ဖြင့် ပြုလုပ်ထားသော လှောင်ကန်အမျိုးမျိုးကို အသုံးပြုုနိုင်ပါသည်။
၂။ အသားတိုး မွေးမြူရေးကန်
မိသားစုတစ်နိုင်တစ်ပိုင်မွေးမြူလိုသူများအနေဖြင့် ကန်အရွယ်အစားကို အငယ်ဆုံး- အလျား (၆.၅)ပေ x အနံ (၆.၅)ပေ x အနက်(၃)ပေမှ အကြီးဆုံး- အလျား(၃၂)ပေ x အနံ(၃၂)ပေ x အနက်(၄)ပေကန်များကို လိုအပ်သလို တည်ဆောက်ရပါမည်။ ငါးသန်ကောင်ရေ (၂၅၀ – ၅၀၀၀)အတွင်း မွေးမြူနိင်ပါသည်။
စီးပွားဖြစ် မွေးမြူလိုသူများအနေဖြင့် ကန်အရွယ်အစားကို အငယ်ဆုံး(၀.၂၅)ဧကမှ အကြီးဆုံး(၂.၀)ဧကအထိ လိုအပ်သလို ထည်ဆောက်နိုင်ပါသည်။
သို့သော် ပြုစုထိန်းသိမ်းစောင့်ရှောက်မှုလွယ်ကူသည့် ကန်အငယ်စားများဖြစ်သည့် အငယ်ဆုံး အလျား (၆၅.၆) ပေx အနံ ( ၆၅.၆)ပေ x အနက် (၅)ပေ (သို့မဟုတ်) အလျား (၁၃၅) ပေ x အနံ ( ၃၆)ပေ x အနက် (၆)ပေရှိ ကန်များသည် အထူးပင်သင့်လျော်ပါသည်။ ဤကန်မျိုးတွင် တစ်လသား ငါးသန်ကောင်ရေ(၂၀၀၀၀)မွေးမြူနိုင်ပါသည်။

ငါးကန်ရေနှင့်မြေကို ဘယ်လိုပြုပြင်မလဲ
ကန်အတွင်း ယခင်ကတည်းကရှိနေသော ငါးများကို ဆွဲပြီးလို့ ရေစပ်စပ်ရှိသည့် အချိန်၌ ရိုးရိုးထုံးနှင့် CaCo3(၂)မျိုးကို ရောစပ်၍ ကန်ပတ်ပတ်လည် လိုက်ပတ်ကျဲပေးပါ။
၁ဧက ရိုးရိုးထုံး(၆)အိတ် (၆၀ပိဿာ)နှင့် ၁ဧက CaCo3 (၅)အိတ် (25kg) (၇၅ပိဿာ) ကို (၃)လခန့် နေလှန်းထားရပါမည်။
- ငါးမထည့်မီ (၁)လအလိုတွင် မိမိကန်ရေကို ပြုပြင်ရပါမည်။ ပထမဦးဆုံးရေကို (၁)ပေခန့် ထည့်သွင်းရပါမည်။ ပြီးနောက် ၁ဧက CaCo3 (25kg) (၃)အိတ်ခန့်ကို ထည့်သွင်းထားသောရေနှင့် ရောစပ်ဖျော်၍ နေရာအနှံ့လိုက်ပက်ပါ။ ထည့်သွင်းထားသော ရေပြင်အပေါ်ကို CaCo3 ထည့်သွင်းပါ။ (၂)ညခန့် သိပ်ထားပါ။
- (၂)ညကြာပြီးနောက် (၃)ရက်မြောက် မနက်ပိုင်းတွင် ရေကို (၁)ပေခန့်ထည့်သွင်းပါ။ ပြီးနောက် zeolite (or) Prozeoliteကို ၁ဧကတွင် (၂)အိတ်နှုန်း ထည့်သွင်းပါ။ 50kgကို မိမိထည့်သွင်းထားသောရေနှင့် ရောစပ်ဖျော်၍ ရေပြင်အပေါ်သို့ လိုက်ပက်ပေးပါ။ ( ၂)ညခန့် သိပ်ထားပါ။
- (၂)ညကြာပြီး နောက်တစ်နေ့တွင် ရေကို (၁)ပေခန့် ထည့်သွင်းပါ။ ရေသွင်းပြီးပါက (၁)ဧကလျှင် Dolomite (25)kg ကို (၃)အိတ်နှုန်းထည့်သွင်းပါ။ ထို(၃)အိတ်ကို မိမိထည့်သွင်းထားသော ရေနှင့် ရောစပ်ဖျော်၍ နေရာအနှံ့ လိုက်ပက်ပေးပါ။ (၂)ညခန့် သိပ်ထားပါ။
- (၂)ညခန့်သိပ်ပြီးနောက် (၂)ပေ (သို့မဟုတ်) (၃)ပေခန့် ရေထည့်သွင်းပါ။ ရေသွင်းပြီး(၁)ဧကကို Prozeocompolizer 25kg (၂)အိတ်ခန့်ထည့်သွင်းပါ။ ထို(၂)အိတ်ကို မိမိထည့်သွင်းထားသောရေနှင့် ရောစပ်ဖျော်၍ နေရာအနှံလိုက်ပက်ကျဲပေးပါ။ ထိုသို့ပြုလုပ်ပြီး တစ်ပတ်လောက်တွင် ရေအရောင်သည် တဖြည်းဖြည်းရေဩဇာတက်လာပါမည်။ ထိုအချိန်အတွင်း (၁)လသားငါးခူငါးငယ်လေးများကို ထည့်သွင်းပြုစုပါ။
ငါးခူကျွေးသောအစာသည် အသားဓါတ် (၃၀ %မှ ၃၂%)ပါရှိရပါမည်။
ငါးခူငါး၏ အသုံးဝင်ပုံများ
ငါးခူငါးမှာ လူ့အကျိုးပြု ၊အမိုင်နို၊ ဖက်တီးအက်စစ်၊ ပရိုတင်း၊ ဗီတာမင်၊ သံဓါတ် စသည့်ဓါတ်များ ပါဝင်ပြီး ဈေးသင့်ကာ အရသာကောင်းမွန်သော ငါးဖြစ်ပါသည်။ ငါးအရသာအလွန်ချိုသောကြောင့် နေမကောင်းသူများ ငါးဆန်ပြုတ်လုပ်စားပါက ငါး၏ အဓိက အာဟာရချဥ်ဆီရည်ကို အများဆုံးထုတ်ပေးရရှိနိုင်သော ငါးဖြစ်သောကြောင့် ကျန်းမာရေးနှင့် ကိုယ်ခံအားကို အမြန်ဆုံးနလန်ထူနိုင်ကြောင်း သိရပါသည်။ အဆီပိုမပါ၊ ကယ်လိုရီအလွန်နည်းသောကြောင့် Diet planလုပ်ရန် အကောင်းဆုံးငါးတစ်မျိုးဖြစ်သည်။
ငါးခူငါးကို ငါးခူစဥ်းကော၊ ငါးခူမွကြော်၊ ငါးခူခြောက်စပ်၊ ငါးခူငါးငါးပိရည်အပြင် မုန့်ဟင်းခါးလုပ်ရန်၌လည်း ငါးခူငါးကို အသုံးပြုကြပါသည်။ မွန်ပြည်နယ်ဘက်၌ ပင်လယ်ငါးခူခုတ်သားဖြင့် မွန်ရိုးရာချဥ်ငန်စပ်မရမ်းပြားဟင်း ချက်စားလေ့ရှိကြပါသည်။
ငါးခူငါးကို -
Phylum (မျိုးပေါင်းစု) - Chordata
Class(အမျိုးအစား) - Actinopterygii
Order(မျိုးစဥ်) - Siluriformes
Family(မျိုးရင်း) - Clariidae
Genus(မျိုးစု) - Clarias
Species(မျိုးစိတ်) - Clarias Batrachus ဟူ၍ သိရပါသည်။
ပင်လယ်ပြာ (ငါးဦးစီး)
Ref: Myanmar Pioneer Star
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဦးချစ်ကောင်း
လွန်ခဲ့သော ၁ နှစ် ကငါးခူသားပေါက် ဝယ်ချင်ပါတယ်
Aungkyaw
လွန်ခဲ့သော ၄ နှစ် ကရိုးရိုးငါးခူကိုမွေးလို့ရလား
Aungkyaw
လွန်ခဲ့သော ၄ နှစ် ကလယ်ငခူကသဘာဝသားပေါက်နိုင်လား
ဦးကျော်ကျော်အောင်
လွန်ခဲ့သော ၄ နှစ် ကဖြစ်ပါတယ်ဗျ းးးး
Brang Aung
လွန်ခဲ့သော ၄ နှစ် ကအောက်ဆီဂျင် ကို ရေပိုက် အပေါက်ဖောက်ထားပြီးရေတိုင်ကီ ကနေရေဖြန်ပေးခြင်းအားဖြင့် အောက်ဆီဂျင် ဖြစ်စေနိင်ပါသလား
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....