မွေးမြူရေးတွင် နနွင်းအသုံးပြုခြင်း၏ အကျိုးကျေးဇူများ
နနွင်းကို မွေးမြူရေးအတွက် ကျွေးမွေးခြင်းဖြင့် အောက်ပါကျန်းမာရေးအကျိုးကျေးဇူးများ ရရှိလာနိုင်ပါသည်-
(၁) တိရစ္ဆာန်များ၏ အစာခြေစနစ်ကို ကောင်းမွန်စေခြင်း။
(၂) ထိခိုက်ရှနာများအတွက် ပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်ခြင်း။
(၃) အဖုအကျိတ်နှင့် ကင်ဆာရောဂါဖြစ်ပွားမှု အန္တရာယ်ကို လျော့ချပေးခြင်း။
(၄) အဆစ်အမြစ်များရောင်ရမ်းခြင်းမှ ကာကွယ်ပေးခြင်းတို့ ဖြစ်ကြသည်။
ကျွဲ၊ နွား အစာအိမ်ဖောင်းရောဂါအတွက် နနွင်းအသုံးပြုခြင်း
(၁) နနွင် - ၁ ကျပ်သား
(၂) ကြက်သွန်ဖြူ - ၅ ကျပ်သား
(၃) ကြက်သွန်နီ - ၅ ကျပ်သား
(၄) နှမ်းဆီ - ၅ ကျပ်သား
(၅) ဆား - ၅ ကျပ်သား တို့ကို လိုအပ်ပါသည်။
ပေါင်းစပ်ပုံ - ကြက်သွန်ဖြူ/နီကို ထုထောင်းပြီး အထက်မှာပါဝင်သော နနွင်း၊ နှမ်းဆီ၊ ဆားတို့နှင့် ရောစပ်ကာ တိုက်ကျွေးနိုင်ပါသည်။
အချိန်အဆ –
နွားကြီ - (၁) ခွက်စာ
နွားလတ် - (၂) ခွက်စာ
နွားငယ် - (၄) ခွက်စာ
တစ်နေ့လျှင် ( ၂- ၃)ကြိမ်ခန့် တိုက်ကျွေးနိုင်ပါသည်။
နွားများတိမ်ကျရောဂါ
နွားများတိမ်ကျလျှင် နနွင်းမှုန့်ကို မျက်လုံးထဲခပ်ပေးလျှင် သက်သာစေပါသည်။
ကြက်များနှင်းသီးအဖုပေါက်ရောဂါ
ကြက်များတွင် နှင်းသီးအဖုပေါက်ပါက အုန်းဆီနှင့် နနွင်းကို ဆတူရောစပ်ကာ လိမ်းပေးနိုင်ပါသည်။
တိုင်းရင်ကြက်များ ဝမ်းပျက်ဝမ်းလျောရောဂါ
တိုင်းရင်းကြက်များတွင် နနွင်းကို ပုံမှန်ထည့်ကျွေးလျှင် အစာချေအားကောင်းစေသလို မသန့်ရှင်းမှုကြောင့် ဝမ်းပျက်ဝမ်းလျောဖြစ်ပွားခြင်းကိုလည်း ကာကွယ်ပေးပါသည်။
သွေးဝမ်းသွားခြင်း၊ အူလမ်းကြောင်းသွေးယိုစိမ့်ခြင်း၊ ခြေဆစ်များရောင်ရမ်းခြင်းတို့ကိုလည်း ကာကွယ်ပေးပါသည်။
ရာသီဥတုအေးသော ကာလများတွင် ကြက်သောက်ရထဲတွင် ရေတစ်လီတာ၊ နနွင်းလက်ဖက်စားဇွန်းတစ်ဇွန်းထည့်ပြီး တိုက်ကျွေးပေးနိုင်ပါသည်။
တိုင်းရင်းကြက် ချွဲထခြင်းရောဂါ
တိုင်းရင်းကြက်များ ချွဲထလျှင် နနွင်း၊ တမာရွက်၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငါးပိတို့ကို ဆတူရောပီး ထောင်းကာ ခွံ့ကျွေးခြင်းဖြင့် သက်သာစေနိုင်ပါသည်။
ဦးဇော်(dof)
မှီငြမ်း -ဆရာမဖြူဖြူ၏ နနွင်းကိုမွေးမြူရေးတွင်အသုံးပြုပုံစာစုမှ ကောက်နှုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Aungthunaing
လွန်ခဲ့သော ၄ နှစ် ကတိုင်းရင်းကြက် မဒန်းအရွယ် ချီးစိမ်းပါ၊ချွဲထ၊ချိ၊ဘယ်လိုလုပ်ရမလဲ။၃ကောင်ဖြစ်ဝာ ၂ကောင်တော့ သေသွားပြီ။
အလင်းတန်း
လွန်ခဲ့သော ၅ နှစ် ကကျေးဇူးပါ
မန်းစံထူး
လွန်ခဲ့သော ၅ နှစ် ကဝက်ကြွေး..ရလား
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကဘဲရောတိုက်လို့ရလား
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....