“ငါးဇင်းပြား (Bigeye Ilisha)”
ငါးဇင်းပြားကို အင်္ဂလိပ်လို “Bigeye ilisha” ဟု အမည်တွင်ပြီး ငါးသလောက်နှင့်အတူ မျိုးစဉ်တစ်ခုတည်းတွင် ပါဝင်ကြပြီး ငါးသလောက်နှင့် ပုံသဏ္ဍာန်အနည်းငယ် ဆင်တူကြပါသည်။
ဆူးတောင်ရိုးပျော့ငါး (ray-finned fish) အုပ်စုတွင် ပါဝင်ကြပြီး ခန္ဓာကိုယ်တည်ဆောက်မှု (Morphology) အရ ငါးဇင်းပြား၏ ကိုယ်ထည်သည် ငွေရောင်ရှိပါသည်။ ခန္ဓာကိုယ်မှာ ရင်ဘက်ပိုင်းပြားနေပြီး ဦးခေါင်းအရွယ်အစား နှင့် မျက်လုံးသည် ကြီးမားကြပါသည်။ ပါးစပ်မှာ အပေါ်သို့မော့သည့်ပုံစံ (superior type) ဖြစ်ပါသည်။
အကြေးခွံပုံစံသည် cycloid အမျိုးအစားဖြစ်ပြီး အောက်မေးရိုးခိုင်မာပြီး ထိုးထွက်လျက်ရှိသည်။ အမြီးရေယက်မှာ ခရင်းခွပုံစံ ရှိကြသည်။ ငါးဇင်းပြား၏ ခန္ဓာကိုယ်အရွယ်အစားမှာ အမြင့်ဆုံး (၃၆.၅) စင်တီမီတာထိ ရှည်လျားကြပါသည်။
ငါးဇင်းပြားပါဝင်သော မျိုးစု (Genus)-Ilisha ငါးမျိုးစုတွင် မျိုးစိတ် (၁၆)ခု ပါဝင်ပြီး ကမ်းရိုးတန်းဒေသ၊ ရေချိုရေငန်စပ်နှင့် ရေချိုဒေသများတွင် တွေ့ရပါသည်။ ရေအနက် (၀-၅၀) မီတာအတွင်း၊ အပူချိန် (၂၄ ဒီဂရီ) တွင် ပိုပြီး ရမိကြပါသည်။ အင်ဒိုပစိဖိတ်ဒေသ၊ အိန္ဒိယသမုဒ္ဒရာ၊ တရုတ်ပြည်ဒေသရှိ ကမ်းရိုးတန်းဒေသများတွင်လည်း တွေ့ရပါသည်။
ငါးဇင်းပြားငါးများမှာ အစုံစား (omnivorous) များ ဖြစ်ကြပြီး သေးငယ်သောငါး/ ပုစွန်လေးများ၊ ရေညှိ/ ရေမှော်နှင့် diatom ကဲ့သို့သော အလွန်သေးငယ်သောသတ္တဝါများကို စားလေ့ရှိကြသည်။
ငါးဇင်းပြားမှာ စျေးကွက်ဝင် ငါးတစ်မျိုးဖြစ်ပြီး ဒေသခံများမှာ ငါးဇင်းပြားကို ကင်စား၊ ကြော်စား၊ အစပ်ချက်စားခြင်းနှင့် သောက်ဆမ်းဟင်း ချက်ပြုတ်စားကြသည်သာမက ငါးဆားနယ်၊ ငါးခြောက်ပြုလုပ်၍လည်း စားသုံးကြပါသည်။
ဒေသဟင်းတစ်ခွက်ဖြစ်သော ငါးဇင်းပြားမွန်ဟင်း (ခေါ်) သောက်ဆမ်းဟင်းချက်ရာတွင် ငါးဇင်းပြား၊ မျှင်ငါးပိ၊ မရမ်းပြား၊ ငရုတ်သီးစိမ်း၊ စပါးလင်၊ ရှမ်းနံနံ၊ ကြက်သွန်ဖြူ၊ နီ၊ ဂျင်း၊ နနွင်း၊ ဟင်းခတ်မှုန့်နှင့် ငါးငံပြာရည်တို့ လိုအပ်ပါသည်။
ငါးဇင်းပြား မွန်ဟင်း (ခေါ်) သောက်ဆမ်းဟင်းချက်ပြုတ်ပုံ
၁။ ငါးဇင်းပြားငါးအကောင်ကြီးကို အညစ်အကြေးများ ဖယ်ရှားသန့်စင်ပြီး အနေတော်အတုံးလေးတုံးကာ နနွင်း၊ ဟင်းခတ်မှုန့်ဖြင့် နယ်ထားရပါမည်။
၂။ ပြီးနောက် စပါးလင် (၂) ပင်ကိုလည်း အဖျားပိုင်းအရွက်များကို ညှပ်လိုက်ပြီး အရင်းပိုင်းကိုထုပြီး အတုံးလေး ထုံးချည်ထားရပါမည်။
၃။ ကြက်သွန်ဖြူနှင့် ဂျင်းအနည်းငယ်ကို ဓားပြားရိုက်ကာ ကြက်သွန်နီ (၂) လုံးကိုလည်း (၄) စိတ် စိတ်ထားရပါမည်။
၄။ ထို့နောက် မီးဖိုပေါ်ဒယ်အိုးတင်ပြီး ရေများများထည့်ကာ ရေနွေးဆူလာပါက ငါး၊ စပါးလင်အထုံး၊ မျှင်ငါးပိအနည်းငယ်၊ ကြက်သွန်ဖြူနှင့် ဂျင်း ဓားပြားရိုက်၊ ကြက်သွန်နီ (၄) စိတ်ခွဲ နှင့် ငါးငံပြာရည်ကိုပါ ထည့်ပြုတ်ရပါမည်။
၅။ ငါးပြုတ်အိုးပွက်ပွက်ဆူပါက မရမ်းပြားထည့်ရပါမည်။ မရမ်းပြားထည့်ပြီး မိနစ်အနည်းငယ်အကြာတွင် ငရုတ်သီးစိမ်း ဓားပြားရိုက်ကိုလည်း ထည့်ရပါမည်။
၆။ အရသာ အပေါ့အငန်မြည်းပြီးပါက ရှမ်းနံနံအုပ်ပြီး ဟင်းအိုးကို မီးဖိုပေါ်မှချပြီး သုံးဆောင်နိုင်ပါပြီ။
ထိုအခါ အနံ့အရသာနှင့်ပြည့်စုံသော “ချဉ်ငန်စပ်မွန်ဟင်း (ခေါ်) သောက်ဆမ်း” ဟင်းတစ်ခွက်ကို ရရှိနိုင်ပါပြီ။
ငါးဇင်းပြား၏ အသေးစိတ်ဖော်ပြချက် (specification) မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Phylum (မျိုးပေါင်းစု) – Chordata
Class (အမျိုးအစား) – Actinopterygii
Order (မျိုးစဉ်) – Clupeiformes
Family (မျိုးရင်း) – Pristigasteridae
Genus (မျိုးစု) – Ilisha
Species (မျိုးစိတ်) – Ilisha megaloptera တို့ ဖြစ်ကြပါသည်။
ပင်လယ်ပြာ (ငါးဦးစီး)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်” ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
နှင်းဖြူဖြူ
လွန်ခဲ့သော ၅ နှစ် ကလာလည်ပါ မွန်တို့ဌာနေ ရာမညမြေ
ညီညီ
လွန်ခဲ့သော ၅ နှစ် ကချက်ကြွေးမှာလား။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026