မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေးတွင် ထုတ်လုပ်မှု၊ အာဟာရဖြည့်ဆည်းခြင်းနှင့် စျေးကွက်တိုးတက်လာစေရန် ကူညီမှု စီမံကိန်း
မြန်မာနိုင်ငံရှိ ကလေးသူငယ်သုံးပုံတစ်ပုံသည် ရေရှည်အာဟာရချို့တဲ့ (ပုညှက်)ပြီး ကလေး ၃၂ % မှာလည်း ရှိသင့်သော ကိုယ်အလေးချိန်အောက်တွင် အတော်အတန် လျော့နည်းလျက်ရှိပါသည်။ ပျမ်းမျှ အိမ်ထောင်စု အသုံးစရိတ်၏ ၆၈ % မှာ အစားအစာအတွက် ကုန်ကျလျက်ရှိသည်။ ငါးသည် ကိုယ်ခန္ဓာသန်မာကြီးထွားရန်နှင့် အမြင်အာရုံဖွံ့ဖြိုးစေရန် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်ကြွယ်ဝသည့် ပရိုတင်း အသားဓာတ်အရင်းအမြစ် တစ်ခုဖြစ်ပါသည်။ မြန်မာတွင် ပရိုတင်း၏ ၇၀ % ကို ငါးမှ ဖြည့်ဆည်းပေးသည်။ အထူးသဖြင့် ငါးငယ်များမှာ ဦးခေါင်းမှ အစအရိုးပါမကျန် တစ်ကောင်လုံး စားနိုင်ပြီး အဏုအာဟာရများဖြစ်သော ကယ်(လ်)စီယမ်၊ ဗီတာမင်အေ၊ သံဓာတ်၊ ဇင့်နှင့် ဗီတာမင်ဘီ ၁၂ စသည်များ ပါဝင်လျက်ရှိပါသည်။ အများအားဖြင့် သဘာဝရေပြင်မှ ဖမ်းယူသော ငါးများကို စားသုံးလျက်ရှိခြင်းများကြောင့် ရေချို၊ ကုန်းတွင်းနှင့် ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းများမှ ငါးဖမ်းယူရရှိမှုမှာလည်း ယခုအခါ ကျဆင်းနေသည်။ ဤအခြေအနေတွင် မွေးမြူရေးငါးများမှာလည်း နေရာဒေသအကန့်အသတ်ဖြင့်သာ မွေးမြူထုတ်လုပ်နိုင်သဖြင့် ဆင်းရဲ နွမ်းပါးသော မိသားစုများ ဝယ်စားနိုင်ရန် စျေးကြီးလျက်ရှိပါသည်။
INLAND MYSAP စီမံကိန်းကို ၂၀၂၀ ပြည့်နှစ်ထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်ပိုင်တစ်နိုင်ရေချိုငါးမွေးမြူရေး ရေရှည်ဆောင်ရွက်ခြင်းဖြင့် ဆင်းရဲနွမ်းပါးသော မိသားစုများ အာဟာရ ပြည့်ဝသော ငါးရိက္ခာရရှိရန် မွေးမြူထုတ်လုပ်ခြင်း သာမက ဝင်ငွေလည်း ရရှိနိုင်မည်ဖြစ်ပါသည်။ ဤ စီမံကိန်းဖြင့် ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ငါးရှားပါးမြို့နယ်များတွင် ကူညီဆောင်ရွက်သွားမည်။ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တွင်လည်း တိုးချဲ့လျက် ရှိသည်။ INLAND MYSAP စီမံကိန်းသည် မြန်မာရေသတ္တဝါမွေးမြူရေး ကဏ္ဍရေရှည်ဖွံ့ဖြိုးရေး အစီအစဉ် (MYSPA) မှ စီမံကိန်းတစ်ခုဖြစ်ပြီး ဉရောပသမဂ္ဂ(EU)နှင့် ဂျာမနီစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးကော်ပိုရေးရှင်း ဝန်ကြီးဌာန (BMZ) တို့က ရန်ပုံငွေပံ့ပိုးပေးထားသည်။ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ခြင်းကို WorldFish မှ တာဝန်ယူပြီး ဆောင်ရွက်လျက်ရှိပါသည်။ WorldFish သည် နိုင်ငံတကာ စိုက်ပျိုးရေးသုတေသန ပညာရှင်များအဖွဲ့ (CGIAR) မှ ငါးနှင့် စိုက်ပျိုးရေးကဏ္ဍတွင် "ငါး" သုတေသနလုပ်ငန်းများကို အဓိက တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
စီမံကိန်းတွင် (၀.၅ ဧက)သို့မဟုတ် (၂၀၂၃) စတုရန်းမီတာ ဧရိယာရှိပြီး နှစ်စဉ် (၆)လ ကျော် ရေရှိပြီး ငါးမွေးနိုင်သော ကန်များကို တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေးအသေးစားကန်များဟု သတ်မှတ်ပါသည်။ INLAND MYSAP စီမံကိန်းသည် စပါးနှင့်ငါး ပူးတွဲစိုက်ပျိုးမွေးမြူရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျေးရွာပိုင်ငါးကန်အရွယ်အစားအမျိုးမျိုးတွင်လည်း ငါးမွေးမြူနိုင်ရန် ကူညီသွားမည်ဖြစ်သည်။
INLAND MYSAP စီမံကိန်းဆောင်ရွက်သောနေရာများရှိ မိသားစုများအနေဖြင့် ငါးနှင့် ဟင်းသီးဟင်းရွက် စားသုံးသော အကြိမ်အရေအတွက်များလာခြင်း၊ စားသုံးသော ပမာဏများပြားလာခြင်း၊ အရည်အသွေးကောင်းမွန်သည်များကို စားသုံးခြင်းစသည်များ တိုးတက်ဖြစ်ပေါ်လာစေရန် ဖော်ဆောင်သွားမည်။ ဤသို့အားဖြင့် အစားအစာအမျိုးမျိုးကို စားသုံးလာပြီး အာဟာရပိုမိုရရှိလာပါမည်။ အထူးသဖြင့် အရွယ်ရောက်သော အမျိုးသမီးများနှင့် ကလေးငယ်များ ဖွံ့ဖြိုးရေးအတွက် အလွန်အရေးကြီးသော သန္ဓေသားဖြစ်တည်ချိန်မှစ၍ မွေးဖွားပြီး (၂) နှစ်သားအထိ ရှေးဦးရက် (၁၀၀၀) အတွင်း ကလေးသူငယ်များအတွက် အာဟာရ ပိုမိုရရှိစေမည်ဖြစ်သည်။
စီမံကိန်းအနေဖြင့် တစ်ပိုင်တစ်နိုင် ရေရှည်တည်မြဲသော ရေသတ္တဝါမွေးမြူရေး အသေးစားလုပ်ငန်းများနှင့် စားသုံးသူများ အာဟာရပိုမိုရရှိစေရန် ဆောင်ရွက်ခြင်းတွင် အိမ်ထောင်စု ၁၅၀၀ ကို တိုက်ရိုက်အကျိုးခံစားမှု ရရှိစေရန်နှင့် အခြားအိမ်ထောင်စု ၁၅၀၀ ကို သွယ်ဝိုက်အကျိုးခံစားနိုင်ရန် ရည်မှန်းချက် ထားရှိပါသည်။
INLAND MYSAP စီမံကိန်းကို ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါ နေရာများသည် မြန်မာနိုင်ငံ၏ မြေပြင် ၄၁ % ကို လွှမ်းခြုံထားပြီး နိုင်ငံလူဦးရေ စုစုပေါင်း၏ ၃၃.၆ % နေထိုင်လျက်ရှိသည်။ စီမံကိန်းများဖြစ်သော တစ်ပိုင်တစ်နိုင်ငါးမွေးမြူရေး အသေးစားလုပ်ငန်းများ ဖြစ်ပေါ်လာစေရန်နှင့် စားသုံးသူများ အာဟာရပိုမိုရရှိစေရန် ဆောင်ရွက်ခြင်းကို အောက်ဖော်ပြပါ (၅) မြို့နယ်တွင် အကောင်အထည်ဖော်သွားမည် ဖြစ်ပါသည်။
(၁) ကလေး၊ စစ်ကိုင်းတိုင်းဒေသကြီး
(၂) ရွှေဘို၊ စစ်ကိုင်းတိုင်းဒေသကြီး
(၃) ကျိုင်းတုံ၊ ရှမ်းပြည်နယ်
(၄) ပင်လောင်း၊ ရှမ်းပြည်နယ်
(၅) အမရပူရ၊ မန္တလေးတိုင်းဒေသကြီး
INLAND MYSAP သည် ရေရှည်တည်မြဲရန် ဆောင်ရွက်ရမည့် နိုင်ငံတကာဖွံ့ဖြိုးရေး ရည်မှန်းချက်များ (Sustainable Development Goals – SDGs) မှ
ရည်မှန်းချက် (၁) ဆင်းရဲနွမ်းပါးမှု ပပျောက်စေရန်
ရည်မှန်းချက် (၂) ငတ်မွတ်ဆာလောင်သူများ လုံးဝမရှိစေရန်များကို ဦးတည်ဆောင်ရွက်သွားမည်။
မြန်မာနိုင်င်၌ အောက်ပါ ငါးလုပ်ငန်းဖွံ့ဖြိုးရေး မှန်းချက်များကို သက္ကရာဇ် ၂၀၂၂ တွင်ဖော်ဆောင်ပြီး ဖြစ်လာစေရန်။
ငါးမွေးသူ အိမ်ထောင်စု ၄၅၀,၀၀၀ သည် အရည်အသွေးမြင့် ငါးသားပေါက်နှင့် အစာထုတ်လုပ်နိုင်ခြင်း၊ ငါးရောဂါများကို ထိန်းသိမ်းကာကွယ်နိုင်ခြင်း၊ အကောင်းဆုံးနည်းလမ်းကျင့်စဉ်များဖြင့် ရေသတ္တဝါမွေးမြူရေး ဆောင်ရွက်လာခြင်း။
အမျိုးသမီးဦးရေ ထက်ဝက်ပါဝင်မည့် လူဦးရေ ၁၂၀,၀၀၀ သည် အစားအစာတွင် မရှိမဖြစ် လိုအပ်သော အဏုအာဟာရများ သံဓာတ်၊ ဇင့်၊ အိုင်အိုဒင်း၊ ဗီတာမင်အေ၊ ဖောလစ်အက်စစ်နှင့် ဗီတာမင်ဘီ ၁၂ စသည်များ ချို့တဲ့ခြင်းမှ ပပျောက်စေခြင်း။
အရွယ်ရောက် အမျိုးသမီး ၃၅၀,၀၀၀ သည် အာဟာရပြည့်ဝသော အစားအစာအုပ်စုများ အလုံအလောက်စားသုံးလာခြင်း။
အမျိုးသမီးဦးရေ အနည်းဆုံးထက်ဝက်ပါဝင်မည့် လူဦးရေ ၄၀၀,၀၀၀ သည် ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ရေထွက်ကုန် ပစ္စည်းများတန်ဖိုးမြင့် ထုတ်လုပ်ရောင်းဝယ်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းမှုများ ပိုမိုတိုးတက်လာပြီး ဆင်းရဲခြင်းမှ လွတ်မြောက်စေခြင်း။
INLAND MYSAP စီမံကိန်းသည် ဆင်းရဲနွမ်းပါးမှု ပပျောက်စေရန်၊ တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေးအသေးစား လုပ်ငန်းများ ဖြစ်ပေါ်လာစေရန်၊ ဘက်စုံစိုက်ပျိုးမွေးမြူရေး(စပါး-ငါး) စနစ်များ ဖြစ်ထွန်းလာစေရန်စသော လုပ်ငန်းအစီအစဉ်များကို တိုးတက်ကောင်းမွန်စွာ ဆောင်ရွက်လျက်ရှိသည်။ ဤတွင် ငါးပိုမိုရရှိစေခြင်း၊ ကျား-မ တန်းတူ အခွင့်အလမ်း ပိုမိုဖော်ဆောင်နိုင်ခြင်းအားဖြင့် ဝင်ငွေနှင့် အာဟာရဖြည့်ဆည်းမှုကို တိုးတက်လာနိုင်စေရန်စသော ရည်မှန်းချက်များ ထားရှိသည်။ စီမံကိန်းလုပ်ငန်းများ စတင်ရန်လိုအပ်သော အခြေခံအချက်အလက်များကို မဲခေါင်အီကော်နော်မစ်အဖွဲ့က ကွင်းဆင်းစစ်တမ်းကောက်ပြီးဖြစ်သည်။ ဆက်လက်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို အာရုံဦး ဘရက်-မြန်မာနှင့် မာတီဆာ အင်တာနေရှင်နယ်အဖွဲ့အစည်းတို့က ငါးရှားပါးသော မြို့နယ် (၅) မြို့နယ်တွင် စတင်ဆောင်ရွက်လျက်ရှိသည်။
မိုက်ကယ် အေကက်(စ်)တာ
ဒါရိုက်တာ
ဝေဖစ်(စ်) - မြန်မာ
မိတ်ဖက်များ
- ဉရောပသမဂ္ဂ (EU) သည် ဂျာမနီစီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးကော်ပိုရေးရှင်းဝန်ကြီးဌာန (BMZ) နှင့် ပူးပေါင်း၍ မြန်မာရေသတ္တဝါမွေးမြူရေးကဏ္ဍရေရှည်ဖွံ့ဖြိုးရေးစီမံကိန်းအစီအစဉ် ( Myanmar Sustainable Aquaculture Program- MYSAP) ကို ရန်ပုံငွေ ပံ့ပိုးသည်။ ဂျာမနီနိုင်ငံ (Deutsche Gesellschaft fur Internationale Zusammemarbeit – GIZ) က လုပ်ငန်းများကို တာဝန်ယူ အကောင်အထည်ဖော်သည်။
- INLAND MYSAP ကိုလည်း MYSAP အစီအစဉ်၏ ရည်မှန်းချက်ကို သီးခြား အကောင်အထည်ဖော်နိုင်ရန် ဉရောပ သမဂ္ဂ (EU) နှင့် (BMZ)က ရန်ပုံငွေပံ့ပိုးသည်။
- လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ ငါးလုပ်ငန်းဦးစီးဌာနသည် စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော်မည့် မိတ်ဖက်ဌာန ဖြစ်သည်။
- ကွင်းဆင်းဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သင်တန်းပို့ချခြင်း ပြုလုပ်ရန် အာရုံဦး၊ ဘရက်-မြန်မာနှင့် မာတီဆာ အင်တာနေရှင်နယ် တို့ကို ထပ်ဆင့်တာဝန်ပေးထားသည်။ ကလေးတွင် အိမ်ခြေ ၁၅၀၊ ရွှေဘိုတွင် အိမ်ခြေ ၂၅၆၊ ကျိုင်းတုံတွင် အိမ်ခြေ ၂၅၀ အတွက် ဆောင်ရွက်သွားမည်ဖြစ်သည်။
Source –INLAND MYSAP
Content provider
WorldFish
WorldFish သည် သုတေသနလုပ်ငန်းအဖွဲ့အစည်းနှင့် သိပ္ပံဌာန (၁၅) ခု ပူးပေါင်းဖွဲ့စည်းထားသော “ နိုင်ငံတကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသနာ အတိုင်ပင်ခံ ပညာရှင်အဖွဲ့ - Consultancy Group for international Agricultural Research- CGIAR” တွင် အဖွဲ့ဝင်ဖြစ်ပါ ကြောင်း၊ CGIAR ၏ အဓိကဝန်ဆောင်မှုမှာ ရည်မှန်းချက်မှာ (၁) ကျေးလက်ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး၊ (၂) ရိက္ခာဖူလုံမှုတိုးတက်ရေး (၃) ကျမ်းမာရေးနှင့် အာဟာရပြည့်ဝစွာဖြည့်ဆည်းရရှိရေး (၄) သဘာဝသယံဇာတများကို ရေရှည်သုံးစွဲနိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ ဖြစ်ပါသည်။ WorldFish ၏ သီးသန့်ဝန်ဆောင်မှု ရည်မှန်းချက်မှာ ဆင်းရဲနွမ်းပါးမှုနှင့် ဆာလောင်မွတ်သိပ်မှု လျော့နည်းစေရန် ငါးမွေးမြူခြင်း၊ ငါးလုပ်ငန်းဆောင်ရွက်ခြင်း၊ နည်းလမ်းများဖြင့် ဖော်ဆောင်သွားရန်ဖြစ်သည့်အတွက် ယခုအခါ ငါးမွေးမြူသူတောင်သူများ လေ့လာနိုင်ရန် Green Way - အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲလ် နှင့် ပူးပေါင်းကာ မွေးမြူရေးနည်းပညာများ ဖော်ပြပေးလျက်ရှိသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ကမ္ဘာ့ငါးအဖွဲ့
အားလုံး
ငါးမွေးကန်တွင်သုံးသည့် ထုံးအမျိုးအစား နှင့် pH တန်ဖိုးများ
14/01/2025
သားစားငါးရိုင်းများကြောင့် ငါးမွေးကန်တွင်ထိခိုက်နစ်နာနိုင်ခြင်း
26/12/2024
ရေမှော်၊ မြက်ပင်၊ ကိုင်းပင်များရှင်းလင်းခြင်း
28/11/2024
ကန်ဘောင်နှင့် ကန်အောက်ခြေပြင်ဆင်ခြင်း
22/11/2024
ငါးမွေးမြူရေးတွင် အဓိကရေရရှိမှုနှင့် ကန်သစ်တူးခြင်း၊ ကန်ပုံစံ၊ ကန်ဘောင်အချိုးအစား
14/11/2024
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....