အသားနူးညံ့ အရသာကောင်းမွန်သော ငါးဖီးမငါး
ငါးဖီးမငါးမှာ မျိုးပေါင်းစု (Phylum)- Chordata မှ ဆင်းသက်လာပြီး မျိုးရင်း (Family) -Pristolepididae အောက်တွင် ပါဝင်ပါသည်။
ငါးဖီးမငါးကို သိပ္ပံအခေါ်(Scientific Name)အရ Pristolepis fasciatus ဟုသိရပြီး အင်္ဂလိပ်အခေါ်မှာ “Malayan Leaffish”ဟု ခေါ်ဆိုကြပါသည်။ ထိုငါးကို ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ဆူမတ်တြား၊ ဘော်နီယို စတဲ့ နေရာဒေသတွေမှာ တွေ့ရှိရပါသည်။
အမြင့်ဆုံးခန္ဓာကိုယ်အလျှား ၂၀ စင်တီမီတာထိ ကြီးထွားနိုင်ကြသည်။ ငါးဖီးမငါးကို တချို့ဒေသတွင် “ငါးတံငါ”ဟူ၍ ခေါ်ဆိုကြပြီး ရခိုင်လို “ငါးဥကြီး”ဟူ၍ သိကြသည်။
ငါးဖီးမငါးမှာ အသားနူးညံ့၍ အရသာကောင်းမွန်သော ငါးအမျိုးအစားတွင်ပါဝင်သဖြင့် ဒေသခံများမှာ ငါးဖီးမငါးကို ငါးခဲပတ်ကင်၊ မာလာချက်၊ အစပ်ချက်၊ ငါးသံပုရာပေါင်း၊ ငါးကြော်၊ ငါးကင်၊ ရဲယိုရွက်ဟင်းအပြင် ငါးဖီးမငါးမွှေချက်မှာလည်း နာမည်ကြီးဟင်းတစ်မည် ဖြစ်သဖြင့် ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါသည်။
ငါးဖီးမ ငါးမွှေချက်ဖို့-
ငါးဖီးမ ငါးတစ်ကောင်- ၄၀ ကျပ်သားအရွယ်
ဆီ - ၁၀ ကျပ်သား
ရှမ်းကြက်သွန်ဖြူ - ၆ မွှာ
ကြက်သွန်နီ -၃ လုံး
ချင်း - လက်တဆစ်
စပါးလင် -၂ ချောင်း
ဆား၊ နနွင်း၊ ငံပြာရည် - အနည်းငယ်
ဟင်းခပ်မှုန့် - အနည်းငယ်
အရောင်တင်မှုန့် - အနည်းငယ် နှင့်
ရှမ်းနံနံ -အနည်းငယ် တို့လိုအပ်ပါသည်။
ချက်နည်းမှာ -
၁။ ငါးဖီးမငါးကို အကြေးထိုး ဗိုက်ခွဲပြီး ပါးဟက်၊ အူ၊ ကလီစာထုတ် ရေဆေးသန့်စင်ပြီး ၂ ပိုင်း ပိုင်းကာ ဆား၊ နနွင်း၊ ငံပြာရည်၊ ဟင်းခပ်မှုန့်တို့ဖြင့် နယ်ထားရပါမည်။
၂။ စပါးလင်ကို ပါးပါးလှီးပြီး ညက်နေအောင်ထောင်းပြီးမှ ကြက်သွန်ဖြူ/နီ၊ ချင်းကို ထည့်ကာ ထောင်းရပါမည်။ စပါးလင်ရဲ့ အဖျားပိုင်းကိုတော့ ထုပြီး အထုံးလေး ထုံးထားရပါမည်။
၃။ အားလုံးပြီးစီးပါက ငါးပြုတ်ဖို့ ငါးမြုပ်ရုံ ရေနှင့် ငံပြာရည် အနည်းငယ်ကို ထည့်ပြီး ဆူပွက်အောင်ကျိုရပါမည်။ ရေဆူပွက်လာမှ ငါးနှင့် စပါးလင်အထုံးထုံးထားတာကို ထည့်ပြုတ်ရပါမည်။ ငါးကို နူးအောင်ပြုတ်ရပါမည်။ ငါးမနူးလျှင် ညှီတတ်၍ဖြစ်သည်။
၄။ ပြုတ်ထားသောငါးနူးလျှင် ဆယ်ပြီးအအေးခံကာ အရိုးနွှင်ထားရပါမည်။
၅။ ပြီးနောက် ဆီ ၁၀ ကျပ်သားကို ဆီသေအောင်တည်ပြီး ဆီသေလျှင် စပါးလင်၊ ကြက်သွန်ဖြူ/နီ၊ ချင်း အရောထောင်းနှင့် အရောင်တင်မှုန့်ကိုထည့်ပြီး ဆီသတ်ရပါမည်။
၆။ ဆီသတ်ထားသော အဆာပလာတွေ ရွှေရောင်လေးသန်းလာလျှင် အရိုးနွှင်ထားသော ငါးအသားများထည့်ပြီး မွှေပေးပါ။ ပြုတ်ထားသောငါးပြုတ်ရည်ကိုပါ ပြန်ထည့်ပြီး ဆီပြန်လိတ်လာသည်အထိ မွှေပေးရပါမည်။ 
၇။ မွှေပြီးပါက မီးဖိုပေါ်မှ ဒယ်အိုးချခါနီးတွင် ရှမ်းနံနံလေးအုပ်ပြီးပါက အလွန်အရသာကောင်းမွန်ပြီး မွှေးပျံ့လှတဲ့ “ငါးဖီးမ ငါးမွှေချက်”ဟင်းကို သုံးဆောင်လို့ရပါပြီ။
ပင်လယ်ပြာ (ငါးဦးစီး)
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....