အစိမ်းရောင်လမ်း
တန်ဖိုးကြီး . . . . . .ကင်းပုစွန်များ

တန်ဖိုးကြီး . . . . . .ကင်းပုစွန်များ

ကင်းပုစွန်များမှာ အခွံမာရေနေသတ္တဝါ (Crustaceans)အုပ်စုတွင် ပါဝင်ပါသည်။ ကင်းပုစွန်ကို အင်္ဂလိပ်နာမည် - Mantis Shrimp ဟုခေါ်ဆိုကြပြီး သိပ္ပံအမည်မှာ Harpiosquilla sp ဟု သိရသည်။ ကင်းနှင့်တူလို့ 'ကင်းပုစွန်' ဟု ခေါ်ဆိုကြသည်။ "ကင်းမြီးကောက်၏အမြီးနှင့် တူသောအမြီး၊ ပုစွန်လက်မနှင့်တူသောလက်မသဏ္ဍာန် ရှိသည့်ကင်း" ဟူ၍ သိရပါသည်။

ကမ္ဘာပေါ်တွင် ကင်းပုစွန်မျိုးစိတ်ပေါင်း (၄၅၀)ကျော်ခန့် ရှိကြပါသည်။ မြန်မာနိုင်ငံတွင် ကင်းပုစွန်()မျိုးခန့် တွေ့ရပြီး ဒေသအခေါ်အရ အဝါ၊ အစိမ်း၊ အနီ၊ အဖြူ၊ အညို၊ လိမ္မော်၊ ခရမ်း ဟူ၍ ဖြစ်ပါသည်။ ထို()မျိုးတွင်မှ အစိမ်းနှင့် အနီ နှစ်မျိုးကို ပိုမိုတွေ့ရှိရပါသည်။ ကင်းပုစွန်အစိမ်းရောင်ကို အထီး၊ အမ ခွဲခြားဝယ်ယူကြပြီး အနီမျိုးကိုမူ အထီး၊ အမ မခွဲခြားဘဲ ဝယ်ယူကြပါသည်။ ကင်းပုစွန်ကို အထီး၊ အမ ခွဲခြားရာတွင် လက်ညှပ်တိုပြီး ဝနေလျှင် အမ၊ လက်ညှပ်ရှည်ပြီး ပိန်နေလျှင် အထီး ဖြစ်သည်ဟု သိရပါသည်။ မြိတ်၊ ရခိုင်၊ ဧရာဝတီဘက်တွင် ကင်းပုစွန်များကို တွေ့ရလေ့ရှိသည်။

ကင်းပုစွန် (Mantis Shrimp )များမှာ တန်ဖိုးကြီးလှသလို ရှားလည်းရှားပါးလှပါသည်။ ကင်းပုစွန်ကို ကျားပိုက်၊ သုံးထပ်ပိုက်များတွင် ရမိကြသလို၊ ဒီရေတောစပ်နှင့် ရွှံ့နွံတွင်းများထဲမှ လက်နှိုက်၍ ဖမ်းဆီးခြင်းဖြင့်လည်း ရမိတတ်ကြပါသည်။ နိုဝင်ဘာလမှ မေလအထိ ရမိတတ်ကြပြီး အထူးသဖြင့် ဆောင်းတွင်းဘက် အအေးများချိန်၌ ပို၍ ရမိတတ်ကြပါသည်။

ကင်းပုစွန်ကို ပင်လယ်ပိုင်းနှင့် ရွှံ့နွံထူသော ကမ်းခြေရေပြင်တွင် တွေ့ရများပါသည်။ အောက်ခြေရွှံ့နွံတွင်းများတွင်လည်း နေလေ့ရှိကြသည်။ အစာရှာဖို့အတွက် တွင်းထဲမှ အပြင်သို့ ထွက်လေ့ရှိသည်။ ညဖက်ပိုင်းတွင် အစာရှာ ထွက်လေ့ရှိသည်။ ရေအနက် ပေ(၄၀)ခန့်အထိ ကင်းပုစွန်များကို မြင်တွေ့နိုင်ကြသည်။

ကင်းပုစွန်များမှာ ခြေထောက်()စုံပါရှိကြပြီး လက်တွင်ရှိသော ညှပ်မှာ ကြီးမားရှည်လျားကြသည်။ ညှပ်အတွင်း၌ လွှသွားပုံ ဆူးအထစ်များ ရှိသည်။ ကင်းပုစွန်များမှာ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများတွင် မျိုးပွားသားပေါက်ကြသဖြင့် ထိုကာလ၌ ကင်းပုစွန် ဖမ်းဆီးရောင်းဝယ်စုဆောင်းခြင်းမပြုရန် ပိတ်ပင်ကာလလည်းဖြစ်သည်။ မြစ်ဝကျွန်းပေါ်ပင်လယ်ကမ်းခြေဒေသများတွင် ကင်းပုစွန်ဖမ်းသည့် ရေလုပ်ငန်းကို 'ကင်းပိုက်' လုပ်ငန်း ဟုလည်း ခေါ်ကြသည်။

ကင်းပုစွန်များမှာ ဈေးကောင်းလှပြီး ၁ကီလို ၄၀၀၀၀ ကျပ် ဝန်းကျင်ရှိကြပါသည်။ ကင်းပုစွန်နှင့် ပတ်သက်၍ နာမည်ကြီး ဟင်းလျာများမှာ ကင်းပုစွန်ပေါင်း၊ ကင်းပုစွန်ကင်၊ ကင်းပုစွန်သုပ် တို့ဖြစ်ကြပါသည်။ ကင်းပုစွန်အခွံကိုလည်း ရုံးခန်း၊ ဧည့်ခန်းများတွင် အလှဆင်ပစ္စည်းအဖြစ် ချိတ်ဆွဲထားလေ့ ရှိကြပါသည်။

ပင်လယ်ပြာ (ငါးလုပ်ငန်းဦးစီးဌာန)

 

 

 

 

wai yan

wai yan

လွန်ခဲ့သော ၃ နှစ် က

ဝယ်မွေးလို့ရလားဗျာ

You

ဆက်စပ်ဆောင်းပါးများ

Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....