ငါးစင်ရိုင်းငါး
ငါးစင်ရိုင်းငါးမှာ ရေပေါ်ရေလွှာမှာ နေထိုင်ကျက်စားသော (pelagic fish)များ ဖြစ်ကြပြီး အုပ်စုလိုက် ရွှေ့ပြောင်းနေထိုင်တတ်သော ငါးမျိုးစိတ်လည်းဖြစ်သည်။
အုပ်စုလိုက်ရွှေ့ပြောင်းနေထိုင်တတ်ကြသော ငါးစင်ရိုင်းငါးများကို ရေချိုရေငန်စပ်တွင် တွေ့ရှိရသလို ရေချိုပိုင်းတွင်လည်း တွေ့ရှိရပါသည်။ ငါးစင်ရိုင်းငါးမှာ ခန္ဓာကိုယ်ရှည်လျားပြီး အနည်းငယ်ကျယ်ပြန့်သည်။ နှုတ်ခမ်းမွှေး(၄)စုံပါရှိပြီး ကျောဘက်ဆူးချွန်ပါရှိခြင်းကလည်း ငါးစင်ရိုင်း၏ ထူးခြားမှု တစ်ခုဖြစ်ပေသည်။ အကြေးခွံမပါဘဲ သူ့ခန္ဓာကိုယ်ကို အကျိအချွဲများဖြင့် ဖုံးလွှမ်းထားတတ်ပါသည်။
ငါးစင်ရိုင်းငါး၏ သက်တမ်းမှာ(၁ – ၂)နှစ်ခန့်သာ အသက်ရှည်ကြပါသည်။ အမြင့်ဆုံးခန္ဓာကိုယ်အလျားမှာ (21)cm ထိရှိကြသည်။ ငါးစင်ရိုင်းငါးကို အင်္ဂလိပ်လို ‘striped dwarf catfish’ဟု ခေါ်ဆိုကြပြီး သိပ္ပံအမည်မှာ ' Mystus vittatus’ဟု သိရပါသည်။ ထိုမျိုးစိတ်ကို မြန်မာနိုင်ငံအပြင် အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန်၊ ဘင်္လားဒေ့ရှ် စသည့် နိုင်ငံများမှာလည်း တွေ့ရပါသည်။
ငါးစင်ရိုင်းအုပ်စုတွင် ငါးစင်ရိုင်း၊ ငါးစင်ရိုင်းကျွဲ၊ ငါးစင်ရိုင်းကြက်ချေး၊ ငါးစင် ဟူ၍ မျိုးစိတ်များလည်း ရှိကြပါသေးသည်။
မိုးဦးကျတွင် ငါးစင်ရိုင်းငါးများစွာ မြစ်ပြင်ကျယ်မှ တဆင့် ချောင်းငယ်၊ မြောင်းငယ်၊ ချောင်းရိုး၊ မြောင်းရိုး၊ လယ်ကွင်းပြင်များမျာ အတွင်းသို့ ဥချသားပေါက်ရန် ရောက်လာကြသည်။ ဉမှ သားပေါက်သော ရေသတ္တဝါဖြစ်ပြီး ညဘက်တွင် အစာရှာဖွေလေ့ရှိကြသည်။ ငါးစင်ရိုင်းများမှာ တစ်ကောင်တည်းနေလေ့မရှိဘဲ အထီးနှင့် အမကို တွဲလျက် တွေ့ရှိရလေ့ရှိသည်။ မြစ်ဝများ၊ ဒီရေအတက်အကျရှိသော နေရာများတွင် များစွာတွေ့ရတတ်သည်။ တစ်ခါတရံ ငါးစင်ရိုင်းအရွယ်တူများ သီးသန့်အုပ်စုဖွဲ့၍ ရှိနေသည်ကို တွေ့ရတတ်သည်။
အရွယ်ရောက် ငါးစင်ရိုင်းအကောင်ကြီးများကို ရွံ့နွံပေါများသည့် မြစ်၊ ချောင်း၊ ရေပြင်ကျယ်များတွင် တွေ့ရသည်။ ငါးစင်ရိုင်းငါးမှာ အုပ်စုဖွဲ့နေထိုင်လေ့ရှိပြီး တစ်အုပ်စုတွင် (၁၀ -၂၅) ကောင်ခန့်တွေ့ရှိရပါသည်။

ငါးစင်ရိုင်းငါးများ တခြားငါးများထက် အရသာလေးလေးပင်ပင်ရှိသောကြောင့် ပို၍ စားကောင်းကြသည်။ ငါးစင်ရိုင်းကို ငပိရည်ကျိုပြုလုပ်ကြသလို ငါးစင်ရိုင်းခြောက်ကိုလည်း လူကြိုက်များကြပါသည်။ ငါးစင်ရိုင်းအချဥ်ဆီပြန်၊ ငါးစင်ရိုင်းအိုးကပ်၊ ငါးစင်ရိုင်းပင်စိမ်းဟင်း၊ ငါးစင်ရိုင်းသရက်/သစ်တိုသီးချက်၊ ငါးစင်ရိုင်းမန်ကျည်းရွက်ချဥ်ရည်ဟင်း တို့မှာ နာမည်ကြီးသည်။

ငါးစင်ရိုင်းဟင်းချက်မည်ဆိုပါက ငါးကို ဆူးတောင်ဖြုတ်၊ ဗိုက်ဖောက်အညစ်အကြေး သန့်စင်ရပါသည်။ မန်ကျည်းသီးမှည့်(သို့) ဆားကြမ်းဖြင့် ငါးကို ပွတ်ဆေးပြီး နယ်ပေးပါမှ အချွဲနှင့် ညှီနံ့များ စင်သွားပါလိမ့်မည်။ ဆူးချွန်ပါငါးမို့ ဆူးဆိပ်တက်တတ်သဖြင့် သတိထားကိုင်တွယ်ရပါမည်။ မတော်တဆ ဆူးစူးမိပြီး အဆိပ်တက်ပါက ပင်လယ်သားများမှ ဒဏ်ရာကို အရက်ပျံထည့်ခြင်း (သို့) လူ့ကျင်ငယ်ရည်ဖြင့် ဆေးခြင်းဖြင့် ကုသကြကြောင်းသိရသည်။ ငါးစင်ရိုင်းငါးကို ငါးမြှားတံ(သို့)ငါးစင်ရိုင်းမြှုံးများဖြင့် ဖမ်းကြကြောင်းသိရပါသည်။
ငါးစင်ရိုင်းမှာ အရသာကောင်းမွန်သည် သာမက ဆေးဖက်ဝင်ငါးလည်း ဖြစ်သည်၊ ငါးစင်ရိုင်းငါးသည် အစာကြေညက်လွယ်သည်။ အဆီမရှိ၊ ဝမ်းမီးကို တောက်စေသည်။ သလိပ်သည်းခြေကို နိုင်၏။ အဆိပ်ကို လည်းကောင်း၊ သူငယ်နာကိုလည်းကောင်း၊ ပန်းနာချွဲကြပ်ခြင်းကိုလည်းကောင်း ပျောက်ကင်းစေတတ်၏။ အိပ်ပျော်စေတတ်ပြီး မန်းနာကိုလည်း နိုင်၏။
ထူးခြားသောရောဂါပျောက်ကင်းမှုအနေဖြင့် ငါးစင်ရိုင်းဟင်းကို မကြာခဏချက်စားလျှင်(သို့) ငါးစင်ရိုင်းခြောက်ကို ကြော်စားလျှင် ဦးခေါင်းသို့တက်သော အဆိပ်အခိုးအကင်းများကို ပျောက်ကင်းစေပြီး နှစ်ရှည်ဖြစ်နေသော ခေါင်းကိုက်ရောဂါ၊ နားကိုက်၊ နားအူ၊ အိပ်မပျော်ရောဂါ၊ ဦးခေါင်းပိုင်းဆိုင်ရာ ရောဂါများကို ပျောက်ကင်းစေတတ်ကြောင်း မှတ်ရဖူးပါသည်။ ငါးစင်ရိုင်းငါးမှာ တန်ဖိုးနည်းသော်လည်း လူသားတို့ကျန်းမာရေးအတွက် များစွာကောင်းကျိုးပြုသော ငါးတစ်မျိုးဖြစ်သည်.။
ငါးစင်ရိုင်းငါးကို -
Phylum (မျိုးပေါင်းစု) - Chordata
Class(အမျိုးအစား)- Actinopterygii
Order(မျိုးစဥ်) - Siluriformes
Family(မျိုးရင်း) - Bagridae
Genus (မျိုးစု) - Mystus
Species(မျိုးစိတ်) - Mystus vittatus ဟူ၍ သိရှိရပါသည်။
ပင်လယ်ပြာ (ငါးဦးစီး)
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026