"ငါးနီတူငါး"
ငါးနီတူငါးမှာ ရေပေါ်ရေလွှာနေ (Pelagic Fish) များဖြစ်ကြသည်။ ရေငန်ပိုင်းတွင် ငါးနီတူငါးလေးများကို တွေ့ရှိရပါသည်။ အင်္ဂလိပ်လို Commerson’s anchovyဟု ခေါ်ဆိုကြပါသည်။ ငါးနီတူမျိုးစိတ်ကို ရခိုင်ပြည်နယ်ဘက်တွင် အများဆုံးရမိကြပြီး ပြည်တွင်း၌သာမက ပြည်ပသို့လည်း တင်ပို့ရောင်းချကြပါသည်။
ငါးနီတူငါးများကို ဆောင်းရာသီတွင် ပိုမိုဖမ်းဆီးရမိတတ်ကြပါသည်။ ထို့ကြောင့်လည်း တချို့ဒေသများတွင် မိုးတွင်းကာလစားသုံးဖို့ ငါးနီတူခြောက်လေးများကို ထိုဒေသခံများမှ ဆောင်းရာသီ၊ နွေရာသီတည်းက စုဆောင်းထားလေ့ရှိကြသည်။ မိုးကျခါနီးလေ ငါးနီတူများ ဈေးပိုကောင်းလေဖြစ်သည်။
ငါးနီတူလေးများမှာ ရေပေါ်ငါးဖြစ်သောကြောင့် အပင်မျှောလှေး၊ အကောင်မျှောလှေး (planktons) များကို သူတို့ အစာအဖြစ် စားသုံးကြပြီး အသက်ရှင်နေထိုင်လေ့ရှိကြသည်။ ငါးနီတူငါးကို မြန်မာနိုင်ငံတွင် အများအားဖြင့် ငါးခြောက်ပြုလုပ်ကြပါသည်။ အနောက်နိုင်ငံတချို့တွင်မူ ငါးနီတူငါးကို ဆားနယ်ပြီး ငါးပိကောင်လုပ်စားကြပြီး ငါးနီတူငါးပိကောင်ကိုလည်း ဆီမြုပ်အောင်လုပ်ပြီး စည်သွပ်ဘူး၊ ပလတ်စတစ်ဘူး၊ ဖန်ပုလင်းတို့ဖြင့်ထည့်ပြီး ရောင်းသော အီတာလျှံငါးနီတူမှာ ဈေးအလွန်ကြီးကြောင်း သိရပါသည်။
မြန်မာနိုင်ငံတွင်လည်း ငါးနီတူငါးကို ရခိုင်ဒေသဘက်တွင် အများဆုံးရမိတတ်ကြပြီး 'ရခိုင်ငါးနီတူသုပ်' မှာ နာမည်ကြီးလှပါသည်။
ငါးနီတူခြောက်ရခိုင်သုပ်ပြုလုပ်နည်းမှာ-
၁။ ငါးနီတူခြောက်လေးတွေကို ရေမဆေးဘဲ မီးမျှင်းမျှင်းနှင့်လှော်ရပါသည်။
၂။ ပြီးလျှင် မျှင်ငါးပိ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း တို့ကို ရောထောင်းရပါသည်။
၃။ ထောင်းထားတဲ့အနှစ်တွေကို လှော်ထားတဲ့ ငါးနီတူခြောက်ထဲသို့ ထည့်ရပါသည်။
၄။ ပြီးလျှင် မန်ကျည်းရည်ပျစ်ပျစ်လေးဖျော်ပြီး မန်းကျည်းရည်ဆမ်းကာ ရောသမမွှေပြီး နံနံပင်လေးဖြူးထည့်ခြင်းဖြင့် ရခိုင်ငါးနီတူခြောက်သုပ်ကို ရရှိပေသည်။
ငါးနီတူသုပ်နှင့် ဘူးသီးဟင်းခါးမှာ လိုက်ဖက်ညီသောစားဖွယ်တစ်ခုဖြစ်ပြီး မိုးတွင်ံးကာလ၊ မိုးများသောဒေသများမှာ ငါးခြောက်ငါးခြမ်း သိုလှောင်ထားသူများအတွက် အဆင်ပြေလှပါသည်။

ဒေသခံများမှာ ငါးနီတူငါးလေးတွေကို ဘာလချောင်ကြော်၊ ငါးနီတူအစပ်ကြော်၊ အချိုကြော်၊ ငါးနီတူခရမ်းချဥ်သီးချက်၊ ငါးနီတူမရမ်းသီး/ သရက်သီးချက်၊ ငါးနီတူမန်ကျည်းအနှစ်အစပ်ကြော်အပြင် ငါးနီတူကို ငါးမုန့်ပြုလုပ်၍လည်း စားသုံးကြပါသည်။

ငါးနီတူငါးကို-
Phylum (မျိုးပေါင်းစု) - Chordata
Class (အမျိုးအစား) - Actinopterygii
Order (မျိုးစဥ်) - Clupeiformes
Family (မျိုးရင်း) - Engraulidae
Genus (မျိုးစု) - Stolephorus
Species (မျိုးစိတ်) -Stolephorus Commersonnii
ဟူ၍ဖြစ်ကြပါသည်။
ငါးနီတူငါးမှာ ငါးအငယ်စားလေးများဖြစ်ကြသော်လည်း အရသာထူးခြားကောင်းမွန်ပြီး လူကြိုက်များကြသောကြောင့် ဈေးကွက်တွင် ဈေးကောင်းရသော ငါးတစ်မျိုးဖြစ်ကြပါကြောင်း လေ့လာရေးသား တင်ပြလိုက်ရပါသည်။
ပင်လယ်ပြာ(ငါးဦးစီး)
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....