အစိမ်းရောင်လမ်း
နွေရာသီတွင်ပေါများ………...ငါးဇင်းငါးများ

နွေရာသီတွင်ပေါများ………...ငါးဇင်းငါးများ

ငါးဇင်းငါးများသည် ကဘီလူး(Mullet)နွယ်ဝင် ငါးတစ်မျိုးဖြစ်ပြီး ရေပေါ်ကူး၊ ရေပေါ်ရေလွှာနေ(Pelagic fish)များ ဖြစ်ကြပါသည်။ ထိုငါးများမှာ အခြားငါးများကဲ့သို့ ရေအောက်တွင် ကြာရှည်မနေကြပေ။ ရေပြင်ထက်တွင် ခေါင်းဖော်ကူးခတ်ပြီး သွားလာလှုပ်ရှားတတ်ကြပါသည်။ ပင်လယ်ဒီရေတက်လာချိန်၌ ဒီရေနှင့်အတူ မြစ်တွင်းသို့ အုပ်သင်းဖွဲ့၍ ဝင်ရောက်လာတတ်ကြပါသည်။ ပင်လယ်ပိုင်းတွင် မျိုးပွားသားပေါက်ကြပါသည်။

ငါးဇင်းငါးများမှာ ရေငန်နှုန်းအတက်အကျကို ခံနိုင်ရည်ရှိကြသည်။ မျောပိုက်ဖြင့်လည်း ဖမ်းဆီးရမိတတ်ကြပါသည်။ အကြေးခွံများမှာ ငွေမှင်ရောင် တောက်ပကြပါသည်။ မြန်မာနိုင်ငံအပြင် အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ် စတဲ့နိုင်ငံတွေမှာ လည်း တွေ့ရှိရပါသည်။

နွေရာသီအချိန်ကာလသည် ငါးဇင်းငါးတို့ ဆူဖြိုးချိန် ဖြစ်၏။ ထိုအချိန်တွင် ငါးဇင်းငါးများ အုပ်စုလိုက်သည် ပင်လယ်မှ ပေါက်ဖွားကြပြီး မြစ်တွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက်လာကြပါသည်။

ငါးဇင်းငါးမှာ ကဘီလူးနှင့် ပုံစံဆင်တူသော်လည်း ငါးဇင်းမှာ အကြေးခွံသေးပြီး အရွယ်အစားလည်း သေးလှပါသည်။ ကဘီလူးငါးမှာ အကြေးခွံကြီးပြီး အရွယ်အစား ပိုမိုကြီးမားကြပါသည်။ ကဘီလူးငါးကို ရခိုင်ဒေသတွင် ' ငါးကင်ဂျိုင်း သို့မဟုတ် ငါးကန်သား' ဟုလည်း ခေါ်ကြပါသည်။ ကဘီလူးငါးနှင့်ဆင်တူသော ငါးဇင်း၊ ငါးကန့်ဗျိုင်၊ ငါးနံ့သာ ဟူ၍ သုံးမျိုးရှိကြပါသည်။ 'ငါးဇင်းငါး' မှာ လုံးလုံးလေးဖြစ်ပြီး 'ငါးကန့်ဗျိုင်' မှာလက်သီးဆုပ်လို အကောင်ကြီးမျိုးဖြစ်ကြကာ 'ငါးနံ့သာ'က ပြားပြားလေးဖြစ်ပါသည်။ ထိုတွင်မှာ ငါးဇင်းငါးမှာ အလွန်နူးညံ့ပြီး အရသာရှိလှသဖြင့် စား၍ပိုကောင်းပြီး ဈေးကောင်းလည်းရကြပါသည်။

ရေတက်ဦး၊ ရေပြည့်ရေအီချိန်နှင့် ရေကျဦး ရေအောင့်ချိန်များတွင် ငါးဇင်းငါး မြူးထူးလေ့ ရှိကြပါသည်။ တပေါင်း၊ တန်ခူးလရောက်လေတိုင်း ငါးဇင်းငါးများ အုံကျင်းဖွဲ့၍ ပင်လယ်ရေနှင့်အတူ မြစ်တွင်း၊ ချောင်းတွင်းသို့ ဝင်လာကြချိန်ဖြစ်သည်။ ရေခို လေခိုကောင်းသော သောင်ကြောနေရာများတွင် ငါးများအုပ်စုလိုက် မြူးထူးလာတတ်ကြသည်။

နွေရာသီတွင် ချောင်း၊ မြောင်း၊ အင်းအိုင်များ ရေခမ်းခြောက်ချိန် ငါး၊ ပုစွန်ရှားပါးခိုက်တွင် ငါးဇင်းငါးများ ဈေးကောင်းရချိန်လည်းဖြစ်သည်။ ဒေသခံများမှာ နူးညံ့ပြီး အရသာရှိလှသော ငါးဇင်းငါးများကို ဆီပြန်ချက်ခြင်း၊ မုန်လာဥဖြူနှင့်အစပ်ချက်ခြင်း၊ သောက်ဆမ်းဟင်း၊ ငါးဇင်းလှော်ချက် စသည်ဖြင့် ချက်ပြုတ်စားလေ့ရှိကြပါသည်။

ငါးဇင်းငါးကို

Phylum (မျိုးပေါင်းစု) - Chordata

Class (အမျိုးအစား) - Actinopterygii

Order (မျိုးစဉ်) - Mugili formes

Family (မျိုးရင်း - Mugilidae

Genus (မျိုးစု) - Rhinomugil

Species (မျိုးစိတ်) - Rhinomugil Corsula ဟူ၍ ဖြစ်ကြပါသည်။

ပင်လယ်ပြာ (ငါးဦးစီးဌာန)

ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ အသုံးဝင်ပါတယ်/အသုံးမဝင်ပါ ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ

 

You

ဆက်စပ်ဆောင်းပါးများ

Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....