"ငါးရံ့ငါး (Snake head murrel)”
ငါးရံ့ငါးဆိုလျှင် ငါးခြောက်ပြုလုပ်ပါက အရမ်းချိုပြီး အတော်စားကောင်းသည့် ငါးလည်းဖြစ်၍ "ငါးရံ့ငါးခြောက်"ကို လူတော်တော်များများ သိကြပါသည်။ ငါးရံ့အူဆီပြန်၊ ငါးရံ့ခေါင်းချဥ်ရည်ဟင်း၊ ငါးရံ့ဒန့်သလွန်သီးချက်၊ ငါးရံ့ပင်စိမ်း၊ ငါးရံ့ဆန်လှော်ဟင်း၊ ငါးရံ့ပေါင်းဟင်းများသည်လည်း လူကြိုက်များသော ဟင်းလျာများဖြစ်ကြသည်။ ထို့ပြင် ငါးရံ့ငါးမှာ ချိုလှသဖြင့် မုန့်ဟင်းခါးပြုလုပ်ရာ၌လည်း အသုံးပြုကြပါသည်။

ငါးရံ့မျိုးစိတ်ပေါင်းများစွာရှိသည့်အနက် မြန်မာနိုင်ငံတွင် ငါးရံ့ (၅) မျိုးရှိကြပါသည်။ (၁) ငါးရံ့ဒိုင်း၊ (၂) ငါးရံ့အောက်၊ (၃) ငါးရံ့ပနော်၊ (၄) ငါးရံ့ခေါင်းတို၊ (၅) ငါးအုံးမတ် တို့ဖြစ်ကြပြီး ငါးရံ့အောက်အမျိုးအစားမှာ ကြီးထွားနှုန်းကောင်းမွန်သဖြင့် ရွေးချယ်မွေးမြူသင့်ကြောင်း သိရပါသည်။
ငါးရံ့မျိုးစိတ်များမှာ ရေချိုတွင်သာ နေထိုင်ကြပြီး ရေချို၌သာ သားပေါက်လေ့ရှိသည့် Potamodromous မျိုးများဖြစ်ကြပါသည်။ အင်္ဂလိပ်ကို Snake head (မြွေဦးခေါင်းငါး) ဟုခေါ်ကြပါသည်။
ငါးရံ့ကိုယ်ထည်မှာ ခပ်လုံးလုံးရှိ၍ အမြီးဖက်သို့ ရှူးသွားသည်။ ခေါင်းသည် မြွေခေါင်းကဲ့သို့ ပြားသည်။ အမြီးထိပ်သည် ဝိုင်းသည်။ အညိုစင်းများနှင့် အမဲကွက်များသည် တစ်ကိုယ်လုံး၌ ထင်ရှားလျက်ရှိ၏။ ငါးရံ့များသည် ငါးပြေမကဲ့သို့ လေထဲမှ အောက်ဆီဂျင်ကို တိုက်ရိုက်ရှူနိုင်၏။ လေရှူငါးမျိုးများဖြစ်ကြသဖြင့် ရေမရှိဘဲ အနည်းဆုံး(၄)ရက်ခန့် အသက်ရှင်နိုင်ကြပြီး အလွန်အသက်ပြင်းသည့် ငါးတစ်မျိုးလည်း ဖြစ်ပါသည်။
ငါးရံ့မျိုးစိတ်များမှာ မြစ်၊ ချောင်း၊ ရေအိုင်ကြီးများ ရေစီးနည်းသော(သို့) ရေသေအင်းအိုင်များ၊ စိမ့်တောများတွင် နေထိုင်လေ့ရှိပြီး အများအားဖြင့် ရေအနက်(၃- ၆)ပေလောက်အထိ တွင်းတူးပြီး နေလေ့ရှိကြသည်။ အခြားငါးများနှင့်မတူသောအချက်မှာ နွေရာသီတွင် ရေခမ်းနေသာအိုင်များ၊ ကန်များ၏ အောက်ခြေတွင် ရွှံ့နွံများ၏အောက်မှာတိုးပြီး အသက်ရှင်နေထိုင်ကြပါသည်။ အကြေးခွံနှင့် လေရှူအင်္ဂါတွေ စိုစွတ်နေသရွေ့ အသက်ရှင်နိုင်ပြီး မိုးရာသီကို စောင့်ဆိုင်းနေနိုင်ကြပါသည်။
ငါးရံ့များ၏ အစာမှာ ငါး၊ ဖား၊ မြွေ၊ အင်းဆက်၊ တီကောင်နှင့် ရေနေအကောင်ငယ်များကို ဖမ်းယူစားသောက်ကြပါသည်။ ငါးရံ့ငါးမှာ ထိုင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့မှာ အဓိကအစားအစာဖြစ်ပြီး အာရှတိုက်နှင့် အရှေ့တောင်အာရှမှာ မွေးမြူရေးရော ဖမ်းဆီးရေးမှာပါ အရေးပါသည့် ငါးမျိုးစိတ်လည်းဖြစ်ပါသည်။ သားပေါက်သည့် အလေ့အထမှာ မိုးဦးရာသီတွင် ရေအိုင်များ၊ ရေဝင်ရောက်ရာလယ်ကွင်းများ၊ ကိုင်းကွင်းများမှာ တက်ရောက်မိတ်လိုက်ပေါက်ဖွားကြပါသည်။၊ ငါးသားပေါက်ငယ်များမှာ ရေမျက်နှာပြင်ပေါ်တွင် အုပ်စုလိုက် ကူးခတ်နေလေ့ရှိကြပြီး ငါးအထီးကြီးမှ ရေအောက်ကနေ လိုက်လံစောင့်ရှောက်ပေးတတ်ကြပါသည်။
ငါးရံ့ငါးများမှာ အသားစား (carnivorous)များဖြစ်ကြပြီး မိုးဦးရာသီမှာ အစောဆုံးသားပေါက်သော ငါးမျိုးစိတ်လည်းဖြစ်သည်။ မိုးမရွာမီ သင်္ကြန်ဝန်းကျင်ကာလတွင် ငါးရံ့များ သားပေါက်ကြပါသည်။ အကြောင်းမှာ အသားစား ငါးရံ့သည် သူစားမယ့်အကောင်နဲ့ အတူတူပေါက်လို့ မရ၍ဖြစ်သည်။ စောပြီးပေါက်မှ အရွယ်မတူမှ သူစားမယ့်ငါးလေးတွေကို ဖမ်းယူနိုင်ပါမည်။
ထို့ကြောင့် ရေချိုငါးလုပ်ငန်းဥပဒေမှာ ငါးရစ်/ ငါးသန် တားမြစ်ချိန်ကို ကဆုန်၊ နယုန်၊ ဝါဆိုလဟု သတ်မှတ်ထားပါသည်။ ကဆုန်လမှာ အများအားဖြင့် မိုးမရွာတတ်သော်ငြား ငါရံ့လိုငါးမျိုးစိတ်များ သားပေါက်ကာလဖြစ်လို့ ကြိုတင်တားမြစ်ရခြင်း ဖြစ်ပါသည်။
ငါးရံ့ငါးမှာ Protein (အသားဓါတ်) ကြွယ်ဝစွာပါဝင်သဖြင့် နေမကောင်းသူများ၊ နလန်ထလူမမာများအတွက် 'ငါးရံ့ဆန်ပြုတ်'မှာ အာဟာရများစွာပါဝင်ပါသည်။
ထိုသာမက ငါးရံ့ငါးမှာ နှုတ်ကိုမြိန်စေပြီး ဝမ်းမီးတောက်စေသည့်အပြင် ကြေလွယ်ကျက်လွယ်၏။ ချိုစိမ့်သော အရသာရှိပြီး အနည်းငယ်ဖန်၏။
ငါးရံ့(၁၀)ကျပ်သားနှင့် ဆီးဖြူသီး(၁၀)ကို ရောချက်ပြီး သုံးကြိမ်မျှ စားရုံဖြင့် ဆီးချိုရောဂါ လက်တွေ့သက်သာကြောင်း ဖတ်မှတ်ရဖူးပြီး (၆)လခွဲလောက် စွဲစားပါက ရောဂါအမြစ်ပြတ်ကြောင်း သိရပါသည်။
ငါးရံ့ငါးနှင့်ပတ်သက်၍
Phylum (မျိုးပေါင်းစု) - Chordata
Class(အမျိုးအစား) - Actinopterygii
Order(မျိုးစဥ်) - Anabantiformes
Family(မျိုးရင်း) - Channidae
Genus(မျိုးစု) - Channa
Species(မျိုးစိတ်) - Channa-Striata ဟူ၍ဖြစ်ပါသည်။
ရေချိုငါးဖြစ်သော ငါးရံ့ငါးများမှာ လူကြိုက်များပြီး ဆေးဖက်ဝင်ငါးဖြစ်သည့်အပြင် စီးပွားရေးတွင်လည်း အရေးပါသော ငါးတစ်မျိုးဖြစ်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။
ပင်လယ်ပြာ(ငါးဦးစီး)
Ref: ဆရာဦးစန်းဝင်း(ငါးဦးစီး)၏ ငါးရံ့အကြောင်းသိကြောင်းစရာဆောင်းပါးမှ အချက်အလက်တချို့ကို မှီငြမ်းပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
nay myo
လွန်ခဲ့သော ၅ နှစ် ကသားပေါက်စျေးကြီးလို့ကိုဘာသာဖောက်ပြီးမွေးချင်လို့သားဖောက်နည်းသင်ပေးတဲ့ဆရာမရှိဘူးလားဗျာသင်တန်းတက်ချင်လို့ပါ
နှင်းဖြူဖြူ
လွန်ခဲ့သော ၅ နှစ် က၆ လ မှ ၈ လ
ko thu
လွန်ခဲ့သော ၅ နှစ် ကရောင်းတန်းဝင်ငါးရဖို့ဘယ်နှစ်လမွေးလည်း
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....