“ဘီလားငါး( ခေါ်)ဂိုရာမီလေး”
သစ်ရွက်ပုံစံကဲ့သို့ရှိသော ဂိုရာမီလေးငါးမျိုးကို အခြားအမည်များအနေဖြင့် "ဘီလားငါး၊ဂျပန်ငါး”ဟုခေါ်ဆိုကြပြီး အချို့မှာလည်း ၎င်းငါးမျိုးအား တီလားပီးယားငါးမျိုးနှင့် ဆင်တူသဖြင့် မှားယွင်းစွာ ဇလားဘီးယားငါးဟု ခေါ်ကြပြန်သည်။
ဘီလား (ခေါ်) ဂိုရာမီလေးငါးမျိုးကို အရှေ့တောင်အာရှနိုင်ငံများတွင် တွေ့ရှိရသည်။မြန်မာနိုင်ငံအတွင်း မြက်ဒိုက်ပေါများသော ရေဝပ်ဒေသများဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မအူပင်နှင့် ညောင်တုန်းမြို့နယ်များရှိ အင်းရေပြင်များတွင် တွေ့ရှိရပါသည်။
ဘီလား (ခေါ်) ဂိုရာမီလေးငါးမှာ မျိုးရင်း (Family)-Anabantidae, မှဆင်းသက်လာပြီး သိပ္ပံအမည် (Scientific Name)-Trichopodus pectoralis (or) Trichogaster pectoralis ဖြစ်ပြီး အများအခေါ် (Common Name) မှာ- Snakeskin gourami ဟုသိရပါသည်။
ဂိုရာမီလေးငါး၏သဘာဝ
ဂိုရာမီလေး (ခေါ်) ဘီလားငါးမျိုးသည် ခန္ဓာကိုယ်ဒေါင်လိုက်ပြားပြီး စိမ်းညိုရောင် (သို့မဟုတ်) အမဲရောင်ရှိပါသည်။ ခန္ဓာကိုယ်ပေါ်ရှိ အမဲရောင်အဆင်းများမှာ ဦးခေါင်းပိုင်းမှ အမြှီးပိုင်းအထိရှိကြသည်။
၎င်းငါးမျိုးသည် အစာအနေဖြင့် ရေတွင်နေထိုင်သော အင်းဆက်ပိုးများ၊ ခြင်သားလောင်းများ၊ ရေညှိပင်များ၊ ရေပေါက်ပင်များ၊ ရေမြက်များ၊ အပင်မျှောလှေး၊ သတ္တမျှောလှေးနှင့် အဆွေးအမြေ့များကို စားကြပါသည်။
အရွယ်ရောက်ခြင်းနှင့် မျိုးပွားခြင်း
ဘီလား (ခေါ်) ဂိုရာမီလေးငါးမျိုးသည် အသက်အရွယ်အားဖြင့် (၆-၇) လတွင် မျိုးရင့်အရွယ်ရောက်ပြီး မိုးဦးရာသီကာလတွင် သားပေါက်ကြပါသည်။ ဧပြီလမှ စက်တင်ဘာလအထိ သားပေါက်လေ့ရှိပြီး အပေါက်အများဆုံးအချိန်မှာ ဩဂုတ်လမှ စက်တင်ဘာလအတွင်းဖြစ်ပါသည်။ ဂိုရာမီလေးငါးအမတစ်ကောင်မှ ဥလုံးရေ (၁၈၀၀၀ မှ ၃၆၀၀၀)ထိဥဆောင်နိုင်ပြီး တစ်နှစ်လျှင် အကြိမ်များစွာ ဥချနိုင်ပါသည်။
၎င်းငါးမျိုးတို့သည် ရေသေတွင် ဥချသားပေါက်နိုင်ပြီး အထီးမျိုးငါးမှ ရေပေါက်ပင်၊ မြက်ဒိုက်တို့ဖြင့် အသိုက်ပြုလုပ်ပါသည်။ ငါးအထီး(၁)ကောင်လျှင် အမ(၁)ကောင်နှင့် စုံတွဲအလိုက် မိတ်လိုက်ဥချကြပါသည်။ ၎င်းငါးတို့၏ သန္ဓေအောင်ဥများသည် ရေပေါ်ပေါ်ပြီး အဝါရောင်ရှိ၍ ကြီးမားသောဥနှစ်ပါရှိပါသည်။ ၎င်းငါးဥ၏အရွယ်မှာ (၁.၅) မီလီမီတာမှ (၂.၀) မီလီမီတာအချင်းရှိကြသည်။
ရှေ့ယခင်က ၎င်းငါးမျိုးများကို ရေနက်ကွင်း၊ စပါးကွင်းများတွင် သဘာဝအစာဖြင့် သဘာဝအတိုင်းမွေးမြူကြပါသည်။ နောက်ပိုင်းတွင် မွေးမြူနည်းပညာများဖွံဖြိုးလာပြီး အစာအတွက် ဇီဝဩဇာဓါတ်အနေဖြင့် ငါးပေါင်းမှုန့်များအသုံးပြု၍လည်းကောင်း၊ အစာအတွက်ငါးနုတ်ငါးဖွဲများကျွေး၍ သိပ္ပံနည်းကျ မွေးမြူလာကြပါသည်။ ရှေးကာလအချိန်က သဘာဝနည်းအတိုင်း မွေးမြူကြခြင်း၊ တစ်ကန်တည်း၌ သားပေါက်များပြုစုခြင်းနှင့် မွေးမြူကြခြင်းကို ပြုလုပ်ကြသဖြင့် ထုတ်လုပ်မှုမှာ ပုံမှန်မရရှိခြင်းဖြစ်ခဲ့သည်။
ယနေ့ချိန်ခါတွင် မွေးမြူနည်းစနစ်များဖွံ့ဖြိုးလာသဖြင့် မွေးမြူထုတ်လုပ်ခြင်းမှာ ပုံမှန်ရှိလာပြီး ထုတ်လုပ်နိုင်စွမ်းမြင့်လာပါသည်။ ဂိုရာမီလေးငါးမျိုးသည် ဥပမာအားဖြင့် ရွံ့နွံထူသော ရေပေါက်ပင်များရှိသည့် ရေပြင်၊ ဒိုက်ထူပြီး organic အရာများ၊ သတ္တဝါငယ်များရှိသည့် နေရာများကို ပိုမိုကြိုက်နှစ်သက်သည့် အလေ့ရှိပြီး စပါးကွင်းနှင့် ကန်များဖြင့် ကောင်းစွာမွေးမြူနိုင်ပါသည်။
ဂိုရာမီလေးငါး အထီးနှင့်အမ
မျိုးငါးအထီးနှင့် အမတို့မှာ ခန္ဓာကိုယ်၊ ရေယက်နှင့် အရောင်တို့မှာ ကွဲပြားကြပါသည်။ မျိုးငါးအထီးသည် ခန္ဓာကိုယ်ပို၍ သွယ်လျပြီး ခန္ဓာကိုယ်ကျောရိုးတလျှောက်တွင် အစင်းကြောင်းပါရှိပါသည်။ မျိုးငါးအထီးသည် မျိုးငါးအမထက် အရောင်ပို၍တောက်ပပြီး လှပပါသည်။
မျိုးငါးအမ၏ကျောဘက်ရေယက်ပုံသဏ္ဍာန်သည် ဝိုင်းပြီး အမြီးရင်းအထိ မရောက်သည်ကို တွေ့ရှိနိုင်ပြီး ခန္ဓာကိုယ်အရောင်မှာဖျော့၍ ၎င်း၏ဝမ်းဗိုက်မှာ ဥချသားပေါက်ခါနီးအချိန်တွင် ဘေးနှစ်ဖက်သို့ ဖောင်းကားနေသည်ကို တွေ့ရှိရပါသည်။
စားသုံးပုံ
ဘီလား(ခေါ်)ဂိုရာမီလေးငါးမျိုးသည် သဘာဝငါးမျိုးဖြစ်၍ အရသာလေးလေးပင်ပင်ရှိပြီး အသားဓါတ် (protein) များခြင်းကြောင့် မြန်မာလူမျိုးများမှာ ငါးစိုအနေဖြင့်လည်းကောင်း၊ ငါးခြောက်အနေဖြင့်လည်းကောင်းစားသုံးလေ့ရှိကြပါသည်။
ဂိုရာမီလေးငါးမှာ ရေ၏ညစ်ညမ်းမှုဒဏ်ကိုခံနိုင်သည့် ငါးမျိုးများဖြစ်ပြီး ငါးအစိုထက် ငါးခြောက်မှာအရသာ အတော်ကောင်းမွန်သဖြင့် နိုင်ငံခြားသို့ တင်ပို့နိုင်သော ငါးမျိုးဖြစ်ပါသည်။
ဝါးခယ်မမြို့နယ်ရှိ အင်းလုပ်ငန်းတွင် ဘီလား(ခေါ်)ဂိုရာမီလေး(ခေါ်)ဂျပန်ငါးခြောက်ပြုလုပ်ပုံမှာ-
၁။ ဖမ်းဆီးရမိသော ဂိုရာမီလေးငါးများကို ရေဆေးရပါမည်။ ပြီးနောက် အကြေးခွံခွာ၊ ခေါင်းဖြတ်ပြီးနောက်, နောက်တစ်ကြိမ်ရေထပ်ဆေးရပါမည်။
၂။ ပြီးနောက် ဂိုရာမီလေးငါး(၁၀) ပိဿာတွင် ဆား(၁-၂)ပိဿာနှုန်းဖြင့် နယ်ပေးရပါမည်။
၃။ဆားနယ်ပြီးသော ဂိုရာမီလေးငါးများကို စဥ့်အိုးတွင် (၂) ရက်ခန့် သိပ်ထည့်ထားရပါမည်။
၄။(၂) ရက်ကြာပါက ထိုငါးများကို ရေပြန်ဆေးပြီး (၂-၄) ရက်ခန့် နေပူတွင် အခြောက်လှန်းပြီးပါက ဘီလား(ခေါ်)ဂိုရာမီလေးငါးခြောက်ကို ရရှိပါပြီ။
၅။ဘီလားငါးအစို(၁)ပိဿာလှန်းလျှင် ဘီလားငါးခြောက် (၃၀-၄၀) ကျပ်သားခန့် ရရှိပါကြောင်းသိရှိရပါသည်။
ဘီလားငါးခြောက်လုပ်ငန်း၏ ဘေးထွက်ပစ္စည်းငါးခေါင်းနှင့် အူမှာငါးရံ့ခေါင်း၊ ငါးရံ့အူတို့လို စားလို့မရတာကြောင့် စွန့်ပစ်ရပါသည်။ ဒါမှမဟုတ် မစွန့်ပစ်ဘဲ ငါးအမိုင်နိုအက်ဆစ်ပြုလုပ်ပါက အပင်အာဟာရအတွက်များစွာအကျိုးပြုနိုင်ပါသည်။
Ref;ငါးလုပ်ငန်းဦးစီးဌာန
ပင်လယ်ပြာ(ငါးဦးစီး)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026