လူ့အဖွဲ့အစည်းနှင့် ကြက်မွေးမြူရေး (World Chicken Day)
အစိမ်းရောင်လမ်း ဝိုင်းတော်သားတွေက နိုဝင်ဘာလ ၉ ရက် ဟာ World Chicken Day ဖြစ်တာကြောင့် အဲဒီအကြောင်း ဆောင်းပါးတစ်ပုဒ် ရေးပေးဖို့ ကျွန်တော့်ကို တောင်းဆိုလာပါတယ်။
Chicken ကို မြန်မာဘာသာနဲ့ ပြန်ဆိုကြည့်ရင် "ကြက်" လို့ အဓိပ္ပာယ်ရသလို၊ "ကြက်သား" လို့လည်း အဓိပ္ပာယ် ထွက်ပြန်ပါတယ်။ ဒီတော့ World Chicken Day ကို "ကမ္ဘာ့ကြက်နေ့" လို့ ဆိုရမလား၊ "ကမ္ဘာ့ ကြက်သားနေ့" လို့ ပြောရမလားက စပြီး ခေါင်းခဲရပါတော့တယ်။ နောက်ပြီး ဘယ်သူတွေက ဘာကြောင့် ဒီနေ့ရက်ကို World Chicken Day လို့ သတ်မှတ်တာလဲ၊ ဘယ်လို ကျင်းပလေ့ရှိသလဲ၊ အဲဒီလို ရက်သတ်မှတ်ပြီး ဆင်နွှဲကြတဲ့အတွက် ဘယ်သူတွေကို ဘယ်လိုအကျိုးပြုနိုင်သလဲ ဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာပါ တယ်။
ဒါကြောင့် အဲဒီနေ့နဲ့ သက်ဆိုင်တာတွေကို အင်တာနက်ပေါ် ရှာဖွေကြည့်တဲ့အခါ အလားတူနေ့တွေကို ပြက္ခဒိန်ရဲ့ မတူညီတဲ့နေ့စွဲတွေမှာ သတ်မှတ်ထားတာကို တွေ့မိပါတယ်။ ဥပမာအားဖြင့် World Poultry Day ၊ World Fried Chicken Day စသည်ဖြင့်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာကတော့ အဲဒီနေ့ရက်တွေ အားလုံး ဟာ ကမ္ဘာ့ပြည်သူတွေအတွက် အသားဓာတ်အာဟာရ (Protein) ကို အဓိက ထောက်ပံ့ပေးနေတဲ့ ကြက်မွေးမြူ ရေး၊ ကြက်သားထုတ်လုပ်မှု၊ ကြက်ဥထုတ်လုပ်မှုတွေရဲ့ အရေးပါပုံကို စားသုံးသူတွေ ပိုမိုသိရှိနားလည်လာနိုင် အောင် မီးမောင်းထိုးတင်ပြချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပကြတာချည်း ဖြစ်ပါတယ်။ ဒါကြောင့် နိုဝင်ဘာလ ၉ ရက် တစ်ခုတည်းအတွက် မဟုတ်ဘဲ တစ်နှစ်တာလုံး၊ တစ်သက်တာလုံးအတွက် အရေးကြီးတဲ့ ကြက်မွေးမြူ ရေးလုပ်ငန်းတွေ ကမ္ဘာပေါ်မှာ ဘယ်အတိုင်းအတာအထိ ရှိနေတယ်ဆိုတာကိုပဲ အမှတ်တရအဖြစ် တင်ပြလိုပါ တယ်။
မွေးမြူရေးတွေအကြောင်း မပြောခင် မြန်မာစာဖတ်သူအချို့ နားရှုပ်တတ်တဲ့ စကားလုံးလေး နှစ်လုံး ကို အရင်ရှင်းပြထားချင်ပါတယ်။ “Chicken” နဲ့ “Poultry” ပါ။ “Chicken” ဆိုတာက “ကြက်” သီးသန့်ကို ဆို လိုတာ ဖြစ်ပြီး၊ “Poultry” ကတော့ ကြက်အပြင် ဘဲ၊ မန်ဒါလီ၊ ငန်း၊ ငုံး၊ ကြက်ဆင် အစရှိသဖြင့် ငှက်အနွယ်ဝင် မွေးမြူ ရေးသတ္တဝါတွေပါ ပါဝင်ပါတယ်။ ဒါပေမယ့် Poultry လို့ပြောလိုက်ရင် အဲဒီထဲမှာ ကြက်က အချိုးအစား အများဆုံး ပါဝင်နေတာပါ။ ဒီဆောင်းပါးမှာ ကိန်းဂဏန်းအချက်အလက်တွေကို ဖော်ပြတဲ့အခါ ကြက် သီးသန့် ဆိုတာထက် Poultry နဲ့ ပတ်သက်တဲ့ ကိန်းဂဏန်းတွေကို အဓိက ဖော်ပြချင်ပါတယ်။
ကြက်ကို ဘယ်တုန်းက စမွေးကြသလဲ?
သိပ္ပံပညာရှင်တွေက ဒီကနေ့ မြင်တွေ့နေရတဲ့ အိမ်မွေး၊ ခြံမွေး ကြက်တွေအားလုံးရဲ့ ပင်မအရင်းအမြစ် ဟာ အရှေ့တောင်အာရှဒေသက Red Junglefowl လို့ခေါ်တဲ့ မျိုးစိတ် တွေဖြစ်လိမ့်မယ်လို့ ယူဆကြပါတယ်။ နောက်ပိုင်း မျိုးဗီဇလေ့လာမှုတွေအရ အဲဒီ Red Junglefowl နဲ့ Gray Junglefowl လို့ခေါ်တဲ့ မျိုးစိတ်တွေ မျိုး စပ်ခြင်းကနေ ဒီကနေ့ခေတ် ကြက်တွေ ပေါ်ပေါက်လာတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀၀ နဲ့ ၁၀၀၀၀ ကြားမှာ ကြက်တွေကို တောထဲကနေ အိမ်ယူလာပြီး မွေးမြူကြ ရာကနေ ကြက်မွေးမြူရေး စတင်တယ်လို့ ယူဆနိုင်ပါတယ်။ အရှေ့တောင်အာရှ၊ တရုတ် နဲ့ သမုဒ္ဒရာပိုင်းဒေသ တွေမှာ စတင်မွေးမြူခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့် ကြက်သားစားသုံးဖို့ထက် ကြက်တိုက်ဖို့အတွက် အဓိက ဖြစ်လိမ့် မယ်လို့ ယူဆကြတာလည်း ရှိပါတယ်။

ကြက်သားကို ဘယ်တုန်းက စပြီး စားသုံးခဲ့ကြသလဲ?
လူတွေ ကြက်သားစားသုံးတယ်ဆိုတဲ့ အစောဆုံးအထောက်အထားတစ်ခုကိုတော့ အရှေ့အလယ်ပိုင်း က အစ္စရေးလ်နိုင်ငံမှာ တွေ့ရှိထားပါတယ်။ ခရစ်တော်မပေါ်မီ အနှစ် ၂၀၀ နဲ့ ၄၀၀ ကြား၊ တနည်းအားဖြင့် လွန် ခဲ့တဲ့ နှစ်ပေါင်း ၂၂၀၀ နဲ့ ၂၄၀၀ ကြားလောက်က ကြက်ရိုးပုံကြီးနဲ့ ကြက်သားလှီးဖို့လို့ ယူဆရတဲ့ ဓားလို လက် နက်မျိုးတွေကို Maresha ဆိုတဲ့ မြို့မှာ ဟိုင်ဖာတက္ကသိုလ် (University of Haifa) က ရှေးဟောင်းသုတေသနပညာရှင်တွေက တူးဖော်တွေ့ရှိခဲ့တာပါ။ အဲဒီ Maresha မြို့ဟာ ဂျေရုဆလင် နဲ့ အီဂျစ်ကြားက ရှေးခေတ် ကုန် သွယ်ရေးလမ်းကြောင်းပေါ်မှာ တည်ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာ တွေ့ရှိခဲ့ရတဲ့ ကြက်ရိုးတွေထဲမှာ ကြက်မတွေ ရဲ့ အရိုးအရေအတွက်က ကြက်ဖတွေရဲ့ အရိုးအရေအတွက်ထက် ၂ ဆ ပိုများတယ်လို့ ဆိုပါတယ်။ ကြက်တိုက် ဖို့ဆိုတာ ကြက်ဖတွေကိုပဲ အဓိက လိုအပ်တာပါ။ ဒါကြောင့် Maresha မှာ တွေ့ရတဲ့ ကြက်ရိုးတွေဟာ လူတွေ ကြက်သားစားသုံးခဲ့လို့ ကျန်ရှိနေတဲ့ အရိုးတွေပဲ ဖြစ်လိမ့်မယ်လို့ ပညာရှင်တွေက ကောက်ချက်ချကြပါတယ်။

အစ္စရေးလ်နိုင်ငံ ဟိုင်ဖာတက္ကသိုလ် မှ ရှေးဟောင်းသုတေသနပညာရှင် Lee Perry-Gal က Maresha မြို့မှ တူးဖော်ရရှိသည့် ကြက်ရိုးများကို လေ့လာစူးစမ်းနေစဉ်
ရှေးခေတ်လူသားတွေ ကြက်သားအမြောက်အများစားသုံးတယ်ဆိုတဲ့ သုတေသန အထောက်အထား တွေကို ဥရောပမှာလည်း တွေ့ရှိရပြီး၊ အဲဒီ အထောက်အထားတွေဟာ အစ္စရေးလ်မှာ တွေ့ရှိရတဲ့ အထောက်အ ထားတွေထက် အနှစ် ၁၀၀ လောက် နောက်ကျတယ်လို့ ဆိုပါတယ်။
လက်ရှိစားသုံးမှု
ကမ္ဘာပေါ်က အသားစားသုံးမှုနှုန်းတွေကို လေ့လာကြည့်တဲ့အခါ ကြက်အပါအဝင်ဖြစ်တဲ့ Poultry က ရရှိတဲ့ အသား (Poultry meat) စားသုံးမှု က အမြင့်ဆုံးဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။ ၂၀၂၁ ခုနှစ်မှာ ကမ္ဘာ တစ်ဝန်းလုံးမှာ တန်ချိန် ၁၃၂.၄ သန်း စား သုံးခဲ့တယ်လို့ ဆိုပါတယ်။ စားသုံးမှု ဒုတိယအများဆုံးအသားကတော့ ဝက်သားဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ တန်ချိန် ၁၀၈.၈ သန်း စားသုံးခဲ့တယ်လို့ မှတ်သားရပါတယ်။
ဒီနေရာမှာ စိတ်ဝင်စားစရာ ကောင်းတာက အသားစားနှုန်း တိုးတက်လာမှု အနေအထားပါ။ တစ်ကမ္ဘာ လုံး Poultry meat စားသုံးမှုဟာ ၁၉၉၁ ခုနှစ် မှာ တန်ချိန် ၄၀.၁ သန်း ပဲ ရှိခဲ့တာမို့၊ အနှစ် ၃၀ အကြာ ၂၀၂၁ ခုနှစ်မှာ စားသုံးမှု ၃ ဆကျော် မြင့်တက်လာတဲ့ သဘောဖြစ်ပါတယ်။ ရာခိုင်နှုန်းအနေနဲ့ ၂၃၀% မြင့်တက်လာတယ်လို့ တွက်ချက်ယူနိုင်ပါတယ်။ ဒါပေမယ့် ဝက်သားစားသုံးမှုက ၁၉၉၁ ခုနှစ်မှာ တန်ချိန် ၆၃.၅ သန်း ရှိခဲ့ တာမို့ အနှစ် ၃၀ အကြာမှာ ၇၁% ပဲ တိုးတက်လာတာကို တွေ့ရမှာ ဖြစ် ပါတယ်။

၁၉၉၀ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကမ္ဘာတလွှား အသားအမျိုးမျိုး စားသုံးမှုအချိုးအစားပြ ဂရပ်ဖ်
ကမ္ဘာ့သမိုင်းတလျှောက် ကြက်ဥ အပါအဝင် ဥအမျိုးမျိုး ထုတ်လုပ်မှုနဲ့ စားသုံးမှု အများဆုံးနှစ်ကတော့ ၂၀၂၀ ခုနှစ်ပါ။ ကြက်ဥအလုံးရေ သန်းထောင်ပေါင်း ၁၆၂၇ (၁၆၂၇ ထရီလီယံ) ထုတ်လုပ်ခဲ့ပါတယ်။ ၂၀၂၁ နဲ့ ၂၀၂၂ မှာတော့ အနည်းငယ် ပြန်လည် လျော့ကျလာတာကို တွေ့ရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လွန်ခဲ့တဲ့ အနှစ် ၃၀ နဲ့ နှိုင်း ယှဉ်ရင်တော့ ရာခိုင်နှုန်း ၂၀၀ ကျော် မြင့်တက်လာတာ အသေအချာပါပဲ။

၁၉၉၀ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကမ္ဘာတလွှား ဥအမျိုးမျိုး ထုတ်လုပ်မှုအခြေအနေပြဂရပ်ဖ်
မြန်မာနိုင်ငံမှာ ကြက် ဘယ်လောက် မွေးမြူထားသလဲ?
၂၀၁၉ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ တိရစ္ဆာန်ကောင်ရေစာရင်းအရ မြန်မာနိုင်ငံမှာ အသားတိုးကြက် ၁၅ သန်း၊ ဥစားကြက် ၁၃ သန်း နဲ့ ဒေသကြက် (တိုင်းရင်းကြက်) ၄၄ သန်း မွေးမြူထားတယ်လို့ ဆိုပါတယ်။ ဆီမီး ဘွိုင်လာ လို့ ခေါ်ကြတဲ့ ဥစားကြက်အထီးကို အသားတိုးအဖြစ် မွေးမြူမှုကတော့ ၁.၂ သန်းကျော် ရှိတယ်လို့ ဆို ပါတယ်။ ဘဲ နဲ့ ငုံး ကတော့ ကောင်ရေ ၃ သန်းကျော်စီ ရှိကြပါတယ်။ ဒီစာရင်းတွေက တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူချိန်မှာ ရှိနေတဲ့ အရေအတွက်ကို ဆိုလိုတာပါ။ တစ်နှစ်လုံး ထုတ်လုပ်မှု မဟုတ်ပါဘူး။ ဆိုလိုတာက တစ်နှစ်လုံးထုတ်လုပ်မှုကို တွက်ရင် ပြောခဲ့တဲ့ ကိန်းဂဏန်းတွေထက် များမှာဖြစ်ပါတယ်။
လူ့အဖွဲ့အစည်းနဲ့ ကြက်မွေးမြူရေး
အထက်မှာဖော်ပြထားတဲ့ ကိန်းဂဏန်းတွေကို ကြည့်ရင် ကမ္ဘာပေါ်မှာ ကြက်နဲ့ ကြက်အနွယ်ဝင် သတ္တဝါတွေ ဘယ်လောက်တောင် မွေးမြူထားသလဲ၊ ကမ္ဘာ့လူသားတွေက နေ့စဉ် အဲဒီသတ္တဝါတွေဆီက ထုတ်ကုန် အသား၊ ဥတွေကို ဘယ်လောက်တောင် စားနေလိုက်မလဲ မှန်းဆကြည့်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။
ကြက်မွေးမြူရေးဟာ လူ့အဖွဲ့အစည်း ရှင်သန်ဖွံ့ဖြိုးတိုးတက်ဖို့ နှစ်ပေါင်းများစွာ အာဟာရထောက်ပံပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်းမှာတော့ ကြက်မွေးမြူရေးဟာ အလွန်လျင်မြန်တဲ့ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။ တနည်းအားဖြင့် ကမ္ဘာ့လူသားတွေက ကြက်ဥ၊ ကြက်သားအပေါ် မှီခိုမှုလည်း ပိုပြီး မြင့်မားလာတယ်ဆိုတဲ့ သဘောပါပဲ။ ဒါကြောင့် ကြက်မွေးမြူရေးလုပ်ငန်းတွေ ရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်အောင် ကြံဆောင်နေဖို့ လိုအပ်နေဦးမှာ ဖြစ်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဇော်မြင့်ဦး
လွန်ခဲ့သော ၂ နှစ် ကပြောင်းဈေး
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from သက်ခိုင်
အားလုံး
စပါးစိုက်တောင်သူတွေကို ဒုက္ခပေးနေတဲ့ ရွှေခရုကို ဘဲစာအဖြစ် ပြောင်းလဲကြမလား?
16/06/2026
ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
09/04/2026
နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
21/11/2025
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....