“ငါးသင်ဝါ (Yellow Croaker)”
ငါးသင်ဝါငါးသည် ငါးပုတ်သင် (ခေါ်) ငါးပျက်အုပ်စုဝင် (Sciaenid fish) များ ဖြစ်ကြသည်။ ငါးပုတ်သင် (ခေါ်) ငါးပျက်အုပ်စုဝင်ငါးများသည် အရိုးမာငါး (Bony fish) များဖြစ်ကြပြီး ကမ်းရိုးတန်းရေပြင်၊ ပင်လယ်အော်၊ မြစ်ဝနှင့် ကမ်းဦးရေတိမ်ပိုင်တို့တွင်လည်း နေထိုင်လေ့ရှိကြသည်။
ငါးသင်ဝါငါးအပါအဝင် Sciaenid fish များ၏ ထူးခြားမှုမှာ ငါးစီဖောင်း (swimbladder (or) fishmaw) မှ တစ်ဆင့် ကြွက်သားကိုအသုံးပြုကာ အသံထုတ်လုပ်ပေးလေ့ရှိကြပါသည်။ ထို့ကြောင့် ငါးပုတ်သင်/ငါးပျက် အုပ်စုဝင် ငါးများကို “croakers or drums” ဟု တင်စားခေါ်ဝေါ်ကြပါသည်။ ၎င်းအပြင် “meagres or weak fishes” ငါးများဟူ၍လည်း အမည်တွင် ပြန်ပါသေးသည်။
ငါးပုတ်သင်/ငါးပျက်အုပ်စုတွင် ငါးသင်ဝါ၊ ငါးသင်ဖြူ၊ နတ်ကတော်ငါး၊ ငါးခေါင်းပွငါး စသည်တို့ ပါဝင်ကြပါသည်။ ငါးသင်ဝါဆိုသည့်အတိုင်း ငါးအရောင်မှာ အဝါရောင်သန်းနေပြီး အကြေးခွံပါးလွှာကြသည်။ ဦးခေါင်း လုံးသယောင်ရှိသည်။
ငါးသင်ဝါငါးမှာ ရေအောက်ကြမ်းပြင်နေ ငါး (demersal fish) များဖြစ်ကြပြီး ရေချိုရေငန်စပ်၊ ရေငန်ပိုင်းတွင် အများဆုံးတွေ့ရပြီး ကမ်းရိုးတန်းရေပြင်၊ ကမ်းခြေအနီးမှာလည်း တွေ့ရတတ်သည်။ အထူးသဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် မုတ္တမပင်လယ်ကွေ့တို့တွင် ငါးပုတ်သင် (ခေါ်) ငါးပျက်အုပ်စုဝင် ငါးများကို ပိုမို တွေ့ရတတ်သည်။ အသားစား(carnivorous) များဖြစ်ကြပြီး ငါးငယ်နှင့် ကျောရိုးမဲ့ ရေသတ္တဝါတို့ကို သူတို့၏ အစာအဖြစ် စားလေ့ရှိကြသည်။
ငါးသင်ဝါအပါအဝင် ငါးပုတ်သင်(ခေါ်) ငါးပျက်များမှာ ငါးစီဖောင်းပါရှိကြပါသည်။ ၎င်းတို့၏ ငါးစီဖောင်း ပုံသဏ္ဍာန်မှာ မုန်လာဥပုံ (carrot shaped) နှင့် တူပုံစံ (hammer shaped) တို့ရှိကြသည်။ ငါးသင်ဝါစီဖောင်းခြောက်များလည်း စျေးကောင်းပြီး စီးပွားရေးအရ အရေးပါလှပါသည်။
ငါးသင်ဝါအပါအဝင် ငါးပုတ်သင်မျိုးစိတ်၏ ဦးခေါင်းတစ်ဖက်တစ်ချက်တွင် အဖြူရောင်ကျောက်လေးတစ်လုံးစီ ပါရှိတတ်ကြသည်။ ထိုကျောက်ကို ထုတ်ယူပြီး ဆီးကျောက်တည်ရောဂါရှိသူများ သံပုရာရည်နှင့်စိမ်ထားပြီး သောက်ပေးပါက ကျောက်များပျော်ကျနိုင်သည်ဟု သိရသည်။
ငါးသင်ဝါငါးကို ငါးစိုရော၊ ငါးခြောက်ပါ စျေးတွင် အလွယ်တကူဝယ်ယူရရှိနိုင်ပြီး မြန်မာနိုင်ငံတွင် စားသုံးမှုများသော ငါးများတွင် ပါဝင်ပါသည်။ ငါးစိုထက် ငါးခြောက်မှာ ပိုမိုအရသာရှိပြီး အရသာပေါ့သဖြင့် သွေးတိုးသမားများ စားသုံးရန်သင့်သည်။ တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲ (၄) လ တွင် ငါးသင်ဝါငါးကို အများဆုံး ဖမ်းယူရရှိကြပါသည်။
အကြောအဆစ်ရောင်ရောဂါရှိသူများ၊ လေးဘက်နာရောဂါရှိသူများလည်း စားသုံးနိုင်သော ငါးတစ်မျိုးဖြစ်သည်။ အကြောတက်ခြင်း၊ သွေးတက်ခြင်းတို့ မဖြစ်စေသောကြောင့် စားသုံးသင့်သော ငါးတစ်မျိုးဖြစ်ပါသည်။
ဒေသခံများမှာ ငါးသင်ဝါငါးကို ကြော်ချက်၊ အကြွပ်ကြော်၊ ဆီပြန်ဟင်းချက်စားကြပြီး ငါးအစိုသာမက ငါးခြောက်ကိုလည်း လူကြိုက်များပြီး ငါးစီဖောင်းမှာလည်း စျေးကောင်းလှပါသည်။ ငါးသင်ဝါငါး၏ အသေးစိတ် ဖော်ပြချက် (Specification) မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
မျိုးပေါင်းစု (Phylum) - Chordata
အမျိုးအစား (Class) - Actinopterygii
မျိုးစဉ် (Order) - Perciformes
မျိုးရင်း (Family) - Sciaenidae
မျိုးစု (Genus) – Chrysochir
မျိုးစိတ် (Species) –C. aureus ဟူ၍ ဖြစ်ကြပါသည်။
ပင်လယ်ပြာ (ငါးဦးစီး)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....