"ရှားပါးမျိုးစိတ်ဝင် .. … …. … ဧရာဝတီ လင်းပိုင်များအကြောင်း" အပိုင်း (၁)
ကမ္ဘာပေါ်တွင် ရှင်သန်ကျက်စားနေသည့် ရေသတ္တဝါများအနက် သွေးနွေးနို့တိုက်သတ္တဝါမျိုးစိတ်သည် လင်းပိုင်၊ ဝေလငါးနှင့် ရေဝက်ဟူ၍ သုံးမျိုးရှိသည်ကို သိရပါသည်။ ၎င်းတို့သည် အများအားဖြင့် ရေငန်ဒေသ ပင်လယ်သမုဒ္ဒရာများတွင် နေထိုင်ကျက်စားလေ့ ရှိကြပါသည်။ မြန်မာနိုင်ငံတွင် နုတ်သီးရှည် လင်းပိုင်၊ ဧရာဝတီလင်းပိုင်၊ ဘို့ပါးလင်းပိုင်၊ အပူပိုင်းအစက်ပါလင်းပိုင်၊ ပုလင်းနူတ်သီးလင်းပိုင် ဟူ၍ ရှိကြပါသည်။ လင်းပိုင်းများမှာ စုစုပေါင်းမျိုးစိတ်(၄၀)ခန့်နှင့် မျိုးစု (၁၇)ခုခန့် ရှိသည်ဟု သိရပါသည်။ လင်းပိုင်၏အရွယ်အစားမှာ ၁.၂ မီတာ (၄ပေ)ခန့်နှင် (၄၀) ကီလို (၉၀)ပေါင်မှ စ၍ ၉.၅မီတာ (၃၀) ပေနှင့် (၁၀တန်) အထိ အမျိုးမျိုး ကွဲကြားခြားနားကြပြီး တစ်ကမ္ဘာလုံးတွင် တွေ့ရှိရပါသည်။ လင်းပိုင်များမှာ ငါးငယ်များနှင့် ပြည်ကြီးငါးများကိုလည်း သူတို့၏အစာ အဖြစ်စားသုံးလေ့ရှိကြပါသည်။ Family(မျိုးရင်း) - Delphinidae သည် Order(မျိုးစဥ်) - cetacean တွင် အကြီးမားဆုံးဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်း (၁၀)သန်းခန့်တွင် စတင်ပေါ်ခဲ့ပါသည်။
မြန်မာနိုင်ငံတွင်တွေ့ရသော လင်းပိုင်များထဲမှ ဧရာဝတီလင်းပိုင်များအကြောင်းကို တင်ပြပါမည်။
ဧရာဝတီလင်းပိုင်
ကမ္ဘာပေါ်ရှိ ရေချိုဒေသတွင် ကျက်စားနေထိုင်သမျှ လင်းပိုင်အားလုံးကို "ဧရာဝတီလင်းပိုင် (Ayeyarwaddy Dolphins)”ဟု ခေါ်တွင်ကြပြီး သတ္တဗေဒအခေါ်မှာ Orcaella brevirostris ဟု သိရပါသည်။ ဧရာဝတီလင်းပိုင်သည် အရှေ့တောင်အာရှ၏ ထင်ရှားသော ပြယုဂ်တစ်ခုဖြစ်သည်။ ဧရာဝတီလင်းပိုင်များကို ဧရာဝတီမြစ်ထဲ စတင်တွေ့ရှိခဲ့၍ တစ်ကမ္ဘာလုံးမှာရှိသော ရေချိုလင်းပိုင်အားလုံးကို စတင်တွေ့ရှိသူက "ဧရာဝတီလင်းပိုင်"ဟု ခေါ်ဆိုခဲ့ခြင်း ဖြစ်သည်ဟုသိရပါသည်။ မြန်မာနိုင်ငံတွင်တွေ့ရသော မျိုးစိတ်သစ်တစ်ခုအနေနှင့် ကမ္ဘာတွင် မှတ်တမ်းပြုခဲ့ခြင်းဖြစ်သည်။ Orcaella brevirostris ဟု သိပ္ပံအမည်ပေးထားသော လင်းပိုင်များမှာ ကမ္ဘာပေါ်ရှိ ရေချိုလင်းပိုင်များအနက်မှ ရှားပါးမျိးနွယ်ဝင် မျိုးစိတ်တစ်ခုလည်း ဖြစ်ပါသည်။ တစ်ကမ္ဘာလုံးတွင် ဧရာဝတီမြစ်အပါအဝင် အာရှတိုက်နေရာ (၈)နေရာတွင်သာ တွေ့ရှိရသည့် ရှားပါးမျိုးစိတ်ဖြစ်ပါသည်။
ဧရာဝတီမြစ်အတွင်း တွေ့ရှိရသသည့် လင်းပိုင်ကိ မြစ်ဝက် (River Pig) ဟု ဖေါ်ပြထားကြောင်း ပျူလူမျိုးများနှင့် ပတ်သက်သော သမိုင်းမှတ်တမ်းများတွင် ကောက်နှုတ်တင်ပြထားပါသည်။ ယင်းအချက်ကြောင့် ဧရာဝတီလင်းပိုင်များမှာ ပျူလူများရှိခဲ့သည့် လွန်ခဲ့သော နှစ်(၁၀၀၀)ကျော်တည်းက ဧရာဝတီမြစ်အတွင်းရှိနေခဲ့ကြောင်း သိရှိနိုင်ခဲ့သည်။ ဧရာဝတီလင်းပိုင်းများသည် ဧရာဝတီမြစ်ဖြတ်သန်းစီးဆင်းရာ ကချင်၊ စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတစ်ဝိုက်တွင် ကျက်စားကြကြောင်း သိရှိရပါသည်။ ဧရာဝတီလင်းပိုင်များကို မြန်မာနိုင်ငံတွင်သာမက အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် မဲခေါင်မြစ်အတွင်း၌လည်း တွေ့မြင်နိုင်ပါသည်။ ကမ္ဘာကျော်ရေချိုလင်းပိုင်များ ကျက်စားသည့်နေရာအဖြစ် ထင်ရှားသည့် ဧရာဝတီမြစ်၏ မင်းကွန်းနှင့် ကျောက်မြောင်းအကြား အစိတ်အပိုင်အတွင်း နေထိုင်ကျက်စားကြသည်။
ဧရာဝတီလင်းပိုင်၏ အရွယ်အစားမှာ အရှည် ၁.၂ မှ ၂.၇ မီတာအထိရှိပြီး အခြားရေချိုလင်းပိုင်များကဲ့သို့ ရှည်သောနှုတ်သီးရိုးတံမပါရှိဘဲ ဦးခေါင်းလုံးလုံးဝန်းဝန်းသဏ္ဍာန် ရှိသည်။ ကျောပြင်နှင့် နံဘေး အပြာရောင် (သို့) မွဲပြာရောင်ဖြစ်ကာ ဝမ်းဗိုက်ပိုင်းတစ်လျှောက်လုံးမှာ အရောင်ဖျော့၍ အဖြူရောင်သန်းသည်။ ရင်ပိုင်းရေယက် (၂) ခုမှာ လှော်တက်ပုံရှိပြီး ကျောဘက်ရေယက်တောင်မှာ လုံးဝန်းပါသည်။
ဧရာဝတီလင်းပိုင်သည် (၁၄)လကြာအောင် သန္ဓေဆောင်ပြီး တစ်ကြိမ်လျှင် တစ်ကောင်သာ သားမွေးသည်။ (၁၀)ကောင်ထက်နည်းသော အုပ်စုငယ်ဖြင့် တွေ့ရတတ်သည်။ အသံပြု၍ အသံလှိုင်းတုန့်ပြန်မှုကို အာရုံခံခြင်းဖြင့် အစာဖြစ်သော ငါး၊ ပုစွန်များကို ဖမ်းဆီးစားသုံးသည်။ ရေပေါ်သို့ ခုန်ပြန်လေ့မရှိဘဲ အသက်ရှူသည့် အခါ ဦးခေါင်းပိုင်းဖော်ပြီးမှ တဖြည်းဖြည်းနှင့် နောက်ကျောဘက်ရေယက်တို့ ပေါ်လာလေ့ရှိသည်။ ခန္ဓာကိုယ်ကို အနည်းငယ်ဖော်၍ ဖြည်းဖြည်း ရေကူးကြသည်။ ရေငုပ်လျှင် စက္ကန့် ၃၀မှ ၆၀ ထိ ကြာတတ်ပြီး ကြောက်လန့်ပါက ၁၂ မိနစ်ခန့် ကြောက်အားလန့်အားဖြင့် ရေငုပ်နိုင်ကြသည်။ သက်တမ်းအားဖြင့် အနှစ် (၃၀)ခန့်အထိ အသက်ရှင်နေထိုင်ကြပြီး သက်တမ်း(၇)နှစ်နှင့် (၉)နှစ်အကြား မျိုးပွားဖို့ အရွယ်ရောက်ကြပါသည်။
နှင်းဖြူဖြူ (ငါးလုပ်ငန်းဦးစီးဌာန)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....