တရုတ်နိုင်ငံ၏ နွားမွေးမြူရေးလုပ်ငန်း ထုတ်လုပ်မှုအဆင့်များ
မည်သည့်လုပ်ငန်းမဆို၊ ယင်းလုပ်ငန်းတွင် ပါဝင်သည့် ထုတ်လုပ်မှုအဆင့်များ (Production Process) ကို သေချာစွာ နားလည်သဘောပေါက်ထားရန် လိုအပ်ပါသည်။
Production Process ဆိုသည်မှာ သွင်းအားစု (input) တစ်ခုကို ထုတ်ကုန် (output) တစ်ခုဖြစ်လာအောင် ပြောင်းလဲရာတွင် ပါဝင်ရသည့် အဆင့်များကို ဆိုလိုခြင်း ဖြစ်ပါသည်။ ဥပမာ အစာ၊ မျိုး၊ ဆေးဝါး အစရှိသည့် သွင်း အားစုများကို အသား၊ နို့ အစရှိသည့် ထုတ်ကုန်များ ဖြစ်လာအောင် ပြောင်းလဲရာတွင် တစ်ဆင့်ချင်း လုပ်ဆောင်ရ သည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဆိုလိုခြင်း ဖြစ်ပါသည်။
နို့စားနွားမွေးမြူရေးနှင့် အသားစားနွား မွေးမြူရေးတို့သည် မတူညီသည့် ထုတ်ကုန်များကို ထုတ်လုပ်ပေးရသဖြင့် ယင်းလုပ်ငန်းနှစ်ခု၏ Production Process မှာလည်း ကွဲပြားခြားနားပါသည်။ နွားမွေးမြူရေးကို လေ့လာ လိုသူများအနေဖြင့် မိမိရည်ရွယ်သည့် လုပ်ငန်းကို ဦးစွာ သတ်မှတ်ရန် လိုအပ်ပါသည်။ မိမိအနေဖြင့် နို့စားနွားမွေး မြူရေးကို လေ့လာမည်၊ သို့မဟုတ် အသားစားနွားမွေးမြူရေးကို လေ့လာမည် စသည်ဖြင့် တိတိကျကျ သတ်မှတ်ပြီး ယင်းလုပ်ငန်း၏ Production Process ကို ဦးစွာ လေ့လာသင့်ပါသည်။
နို့စားနွားမွေးမြူရေးနှင့် အသားစားနွားမွေးမြူရေးတို့တွင် ဖြတ်သန်းရမည့် Production Process များ၏ သဘောသဘာဝကို ခြုံငုံနားလည်နိုင်စေရန်အတွက် တရုတ်နိုင်ငံတွင် ကျင့်သုံးသည့် Production Process များကို ဥပမာပေး တင်ပြလိုပါသည်။
(၁) နွားတို့၏ ဇီဝကမ္မ ဖွံ့ဖြိုးမှုအဆင့်များ (Physiological stages)
စီးပွားဖြစ် နွားမွေးမြူရေးလုပ်ငန်း၏ Production Process များသည် နွားတို့၏ သဘာဝ၊ တနည်းအားဖြင့် ဇီဝကမ္မဖွံ့ဖြိုးမှု အဆင့်များနှင့် သဟဇာတဖြစ်ရန် လိုအပ်ပါသည်။ ထို့ကြောင့် ယင်းတို့၏ ကြီးထွားဖွံ့ဖြိုးမှု အဆင့် များကို သိရှိထားရန် လိုအပ်ပါသည်။
လူတို့တွင် နို့စို့ကလေးအရွယ်၊ ကလေးငယ်အရွယ်၊ ဆယ်ကျော်သက်အရွယ်၊ လူငယ်၊ လူလတ်၊ လူကြီး စ သည်ဖြင့် အသက်အရွယ်အလိုက် အဆင့်များ ခွဲခြားထားသကဲ့သို့ နွားများကိုလည်း ယင်းတို့၏ အသက်အရွယ်နှင့် ခန္ဓာကိုယ်၏ လုပ်ငန်းများ (ဇီဝကမ္မဗေဒ) ပြောင်းလဲမှုတို့ပေါ်တူတည်၍ အဆင့်များ ခွဲခြားနိုင်ပါသည်။ သက်ဆိုင်ရာ အဆင့်များအလိုက် အခေါ်အဝေါ်များကို လေ့လာကြည့်နိုင်ပါသည် -
မွေးဖွားချိန်မှ အသက် ၈-၉ ပတ် (၂ လ ဝန်းကျင်) အရွယ် ကို နို့စို့ (Pre-weaning calf) ဟု ခေါ်ပါ သည်။ Suckling calf ဟုလည်း ခေါ်လေ့ရှိပါသည်။
အသက် ၂-၃ လတွင် နို့ဖြတ်ခြင်း (သားခွဲခြင်း - Weaning) ပြုလုပ်မည် ဖြစ်ပါသည်။ သားခွဲပြီးချိန်မှ အ သက် ၆ လသားအထိ အရွယ်ကို သားခွဲ (Weaned calf) ဟု သတ်မှတ်ပါသည်။
သားခွဲပြီးနောက် အသက် ၇ လသားအရွယ်မှ ပထမဆုံးအကြိမ် မိတ်လိုက်သည့်အချိန်ထိ ကြားကာလ ကို နွားပျို (Young stock) ဟု ခေါ်ပါသည်။
ပထမဆုံး ကိုယ်ဝန်စတင်ဆောင်ချိန်မှစ၍ မွေးဖွားသည်အထိကာလကို နွားမတမ်း (Heifer) ဟု သတ် မှတ်ပါသည်။
ပထမဆုံးအကြိမ် ကလေးမွေးပြီးချိန်မှ ဒုတိယမြောက် ကလေးမွေးချိန်အထိ ကြားကာလကို တစ်သားကျ (Primiparous Cow) ဟု ခေါ်ပါသည်။
ဒုတိယကလေး မွေးပြီးချိန်မှစ၍ နောက်ပိုင်းကာလများကို နွားမကြီး (Multiparous Cow) ဟူ၍ သတ် မှတ်ပါသည်။
ကိုယ်ဝန်ဆောင်ထားသည့် နွားမများကို ကိုယ်ဝန်ဆောင်နွားမ/ဇီးနွားမ (Pregnant cow) ဟူ၍ ခေါ်ဆို ကြပါသည်။
ကလေးမွေးပြီးနောက် နို့ထုတ်လုပ်ပေးနေသည့် နွားမကြီးများကို နို့ပေးနွားမ (Lactating cow) ဟု ခေါ်ကြသည်။
ကိုယ်ဝန်ရင့်လာပြီး နောက်တစ်သား မမွေးဖွားမီ၊ နို့ထုတ်လုပ်မှု ခေတ္တရပ်ဆိုင်းထားသည့် နွားမများကို နို့ဖြတ်နွားမ (Dry cow) ဟု ခေါ်ဆိုပါသည်။
ဖော်ပြပါ ဖွံ့ဖြိုးမှအဆင့်တိုင်းတွင် နွားများ၏ ခန္ဓာကိုယ်အတွင်း မတူညီသော ဇီဝကမ္မဖြစ်စဉ်များ ဖြစ်ပေါ် နေပါသည်။ ထို့ကြောင့် ဖြစ်စဉ်တိုင်းတွင် ထုတ်လုပ်မှုလည်း ကွာခြားနိုင်ပါသည်။ ထို့ကြောင့် ယင်းအခြေအနေများ နှင့် ကိုက်ညီသည့် အစာအာဟာရ၊ ပြုစုစောင့်ရှောက်မှုနှင့် ပတ်ဝန်းကျင်အခြေအနေများကို ဖြည့်ဆည်းပေးရန်လို အပ်ပါသည်။
(၂) နို့စားနွားမွေးမြူရေး၏ ယေဘုယျ ထုတ်လုပ်မှုအဆင့်များ
တရုတ်နိုင်ငံ၏ နို့စားနွားမွေးမြူရေးတွင် နွားငယ်များကို အငယ်ဆုံး ၂ လသားတွင် စတင်၍ သားခွဲ/နို့ဖြတ်လေ့ရှိပါသည်။ အချို့မွေးမြူရေးခြံများတွင် ၃ လအထိ နို့တိုက်သည်များလည်း ရှိနိုင်ပါသည်။ များသောအားဖြင့် နို့စားနွားများတွင် အသက် ၂ လသားအထိသာ နို့တိုက်ကျွေးပြီး၊ အသားစားနွားများတွင် အသက် ၃ လသားအထိ နို့ တိုက်ကျွေး၍ မွေးမြူကြပါသည်။
ပုံမှန်အားဖြင့် နို့စားနွားများသည် အသက် ၁ နှစ်ခွဲ ခန့်တွင် အရွယ်ရောက်ကြပါသည်။ ဆိုလိုသည်မှာ ယင်းအရွယ်တွင် မျိုးပွားနိုင်သည့် အခြေအနေကို စတင်ပါသည်။ နွားမများ မြိုင်လာကြပါသည်။ သို့ရာတွင် နွားများ၏ အရွယ်အစားမှာ သေးငယ်နေသေးပြီး သားတင်သားစပ်ခြင်း ချက်ချင်း မပြုလုပ်ကြသေးပါ။ မိတ်လိုက်ခြင်း၊ သန္ဓေဆောင်ခြင်း ပြုလုပ်နိုင်သော်လည်း လိုအပ်သည့်ခန္ဓာကိုယ်ဖွံ့ထွားမှု ရှိ၊ မရှိ စောင့်ကြည့်ကြပါမည်။ ယေဘုယျအားဖြင့် အသက် ၂ နှစ် နောက်ပိုင်းမှသာ ခန္ဓာကိုယ် ဖွံ့ဖြိုးမှု အပြည့်အဝ ရရှိကြပါသည်။ ယင်းကာလကို နွားပျို (Young stock) ပျိုးထောင်သည့်အဆင့် ဟု ယူဆနိုင်ပါသည်။
ခန္ဓာကိုယ်ဖွံ့ဖြိုးမှုပေါ်မူတည်၍ ပထမဆုံး သားတင်သားစပ်ခြင်းကို အသက် ၁ နှစ်ခွဲမှ ၂ နှစ်ကြား (၁၈ လ မှ ၂၄ လ ကြား) တွင် ဆောင်ရွက် ကြပါသည်။ သားအောင်ပြီးနောက် ကိုယ်ဝန်ဆောင်ကာလ ၁၀ ခန့်ကို ဖြတ်သန်း ရမည် ဖြစ်ပါသည်။ ယင်းအဆင့်မှာ နွားမတမ်း (Heifer) ပြုစုသည့် အဆင့် ဖြစ်ပါသည်။
ပထမဆုံး ကိုယ်ဝန်ဆောင်ကာလ ၁၀ လခန့် ဖြတ်သန်းပြီးနောက် ကလေးမွေးဖွားကာ တစ်သားကျ (Primi-parous Cow) နို့စပေးမည် ဖြစ်ပါသည်။ ကလေးမွေးဖွားပြီး ၂ လမတိုင်မီတွင် နောက်တစ်ကြိမ် သားတင်ရန် မြိုင်လာရမည် ဖြစ်ပါသည်။ ကလေးမွေးဖွားပြီး ၂ လအကြာ၊ ဒုတိယမြိုင်လာချိန်တွင် မေထုန်မဲ့သားစပ်ခြင်းကို ဆောင်ရွက်ရမည် ဖြစ်ပါသည်။
သားအောင်သွားပြီးနောက် ဒုတိယ ကလေးမမွေးမီ ၂ လအလိုတွင် နို့ထုတ်လုပ်မှုကို ရပ်ဆိုင်းကာ နို့ဖြတ်နွားမ (Dry cow) အဖြစ် နို့ဖြတ်ကာလကို ၂ လကြာ ဖြတ်သန်းရမည် ဖြစ်ပါသည်။
ဒုတိယမြောက် ကလေးမွေးဖွားပြီးချိန်မှစတင်ကာ နွားမကြီး (Multiparous Cow) အဖြစ် ယခင်တစ်သားအတိုင်း ပုံမှန် ဆက်လက်လည်ပတ်ကာ ကလေးမွေးခြင်း၊ နို့ထုတ်လုပ်ခြင်းများ ပြုလုပ်သွားမည် ဖြစ်သည်။
နွားမတစ်ကောင်အတွက် ကိုယ်ဝန်ဆောင်ကာလ ၁၀ လ နှင့်၊ တစ်သားကျပြီးနောက် နောက်ထပ်တစ်ကြိမ် သားပြန်အောင်ရန် အချိန် ၂ လ လိုအပ်မည်ဖြစ်ရာ၊ ကလေးတစ်ကောင်မွေးဖွားရန် ၁၂ လ (တစ်နှစ်) ကြာမြင့်မည် ဖြစ်ပါသည်။ ထို့အတူ နို့ထုတ်လုပ်သည့်ကာလ ၁၀ လ (၃၀၀-၃၀၅ ရက်) နှင့် နို့ဖြတ်ကာလ ၂ လ (၆၀ ရက်) လိုအပ် ပါသည်။ ယင်းအခြေအနေပေါ်မူတည်၍ နို့စားနွားမတစ်ကောင်သည် “တစ်နှစ်တစ်သားကျရမည်” ဟူသော ထုတ် လုပ်မှု ရည်မှန်းချက်ကို ချမှတ်ထားပြီး ယင်းရည်မှန်းချက်အတိုင်း အောင်မြင်အောင် စီမံခန့်ခွဲရပါသည်။ တနည်း အားဖြင့် ထုတ်လုပ်မှုအဆင့်ကို သတ်မှတ်ထားသည့် အချိန်အတိုင်း ပုံမှန်လည်ပတ်အောင် စီမံခန့်ခွဲရခြင်း ဖြစ်ပါ သည်။ တစ်နှစ်တစ် သား မကျနိုင်ပါက စီးပွားရေးအရ တွက်ချေမကိုက်နိုင်တော့ပါ။
(၃) တရုတ်ဟော်စတိန်း နို့စားနွားများအတွက် ထုတ်လုပ်မှုအဆင့်များ
တရုတ်နိုင်ငံ၏ နို့စားနွားမွေးမြူရေးကဏ္ဍတွင် တရုတ်ဟော်စတိန်း (Chinese Holstein) နို့စားနွားမများကို အဓိကထား၍ မွေးမြူကြသည်။
တရုတ်ဟော်စတိန်း (Chinese Holstein) ဆိုသည်မှာ နယ်သာလန်နိုင်ငံမှ နို့ထွက် အလွန်ကောင်းသည့် ဟော်စတိန်းဖရစ်ရှန် (Holstein Friesian) နို့စားနွားမျိုးကို တရုတ်နိုင်ငံတွင် ဒေသနွားမျိုးအမများနှင့် မျိုးစပ်ကာ တ ဖြည်းဖြည်းမျိုးမြှင့်တင်ယူပြီး ကိုယ်ပိုင်နွားမျိုးဖြစ်လာအောင် ပြုပြင်ယူထားသည့် နွားမျိုး (cultivated strain) ဖြစ် ပါသည်။ တရုတ်ဟော်စတိန်း များကိုမွေးမြူရာတွင် စီးပွားရေးအရ တွက်ချေကိုက်စေရန် အတွက် မျိုးပွားခြင်း ဆိုင်ရာ အရည်အသွေးစံနှုန်းများကို မြင့်မြင့်မားမားထားရှိကာ မွေးမြူကြရပါသည်။ ထို့ကြောင့် ယင်းနို့စားနွား များ အတွက် Production process မှာ အနည်းငယ် ကွာခြားမှု ရှိပါသည်။
တရုတ်ဟော်စတိန်း နို့စားနွားများသည့် အသက် ၆ လ မှ ၁၂ လအတွင်း ပထမဆုံးအကြိမ် မြိုင် (heat/ oestrus) လာရမည် ဖြစ်ပါသည်။
ခန္ဓာကိုယ်ဖွံ့ဖြိုးမှုသည် အသက် ၈ လ မှ ၁၄ လအတွင်း ပြည့်စုံရမည် ဖြစ်ပါသည်။
ပထမဆုံးအကြိမ် သားတင်/သားစပ်ခြင်းကို အသက် ၁၄ လမှ ၁၆ လအတွင်းတွင် ဆောင်ရွက်ရပါသည်။
သို့ရာတွင် အသက်ပြည့်သည့်တိုင် နွားပျိုမ၏ အရွယ်အစားမှာ သတ်မှတ်ချက်နှင့် ကိုက်ညီရန်လိုအပ်ပါ သည်။ နိုင်ငံတောင်ပိုင်းဒေသများတွင် ရာသီဥတုပူပြင်းသဖြင့် နွားများ၏ အရွယ်အစား သေးငယ်လေ့ရှိ ရာ သားတင်/သားစပ်ချိန်တွင် ခန္ဓာကိုယ်အလေးချိန် ၃၆၀ ကီလိုဂရမ် ပြည့်မီရန် လိုအပ်ပါသည်။ နိုင်ငံ မြောက်ပိုင်းတွင် အပူချိန်လျော့နည်းပြီး နွားများ၏ အရွယ်အစားကြီးမားကြသဖြင့် ခန္ဓာကိုယ်အလေး ချိန် ၃၈၀ ကီလိုဂရမ် ပြည့်မီမှသာ သားတင်/သားစပ်ခြင်းကို ဆောင်ရွက်ပါသည်။
သားကျပြီးနောက် ၂၀ ရက် မှ ၇၀ ရက်အတွင်း မြိုင်ပြန်လာရမည် ဖြစ်ပါသည်။
(၄) အသားစားနွားများအတွက် ထုတ်လုပ်မှုအဆင့်များ
တရုတ်နိုင်ငံ၏ လက်ရှိအခြေအနေအရ အသားစားနွားမွေးမြူရေးတွင် ထုတ်လုပ်မှုအဆင့် ၃ ဆင့် ထားရှိ ကာ မွေးမြူလျက်ရှိကြောင်း တွေ့ရှိရသည်။
ပထမအဆင့်မှာ အသားစားနွားငယ် ထုတ်လုပ်သည့် အဆင့် (Calf raring) ဖြစ်ပါသည်။ ယင်းအဆင့်တွင် မျိုးနွားမများကို မွေးမြူထားပြီး၊ မေထုန်မဲ့သားစပ်ကာ နွားငယ်များ ထုတ်လုပ်ပေးပါသည်။ နွားမများက မွေးဖွားလာသော နွားငယ် များကို အသက် ၃ လ ဝန်းကျင်အထိ နို့တိုက်ကျွေးမွေးမြူကြပါသည်။ နို့ဖြတ်ပြီးနောက် အသက် ၃-၆ လအရွယ် နွားငယ်များကို ထုတ်ရောင်းကြပါသည်။
ယင်းနွားငယ်များကို Stocker farm ခေါ် မွေးမြူရေးခြံများက ဝယ်ယူကာ ခန္ဓာကိုယ်အလေးချိန် ၃၀၀-၃၅၀ ကီလိုဂရမ်အထိ ရောက်ရှိအောင် မွေးမြူကြပါသည်။ ထိုသို့မွေးမြူရာတွင် အစာကြမ်း (forage) ကို အဓိကထား၍ ကျွေးမွေးပြီး၊ ကုန်ကျစရိတ်များသည့် အစာနု (concentrate) ကို ပမာဏအနည်းငယ်သာ ကျွေးမွေးလေ့ ရှိပါသည်။ ယင်းအဆင့်၏ အဓိကရည်ရွယ်ချက်မှာ အသားစားနွားများ၏ ခန္ဓာကိုယ်အရွယ်အစား (body frame size) ကြီးမား လာစေရေး ဖြစ်ပါသည်။ သားခွဲခြံမှ ဝယ်ယူလာပြီးနောက် Stocker farm များတွင် အချိန်မည်မျှကြာအောင် မွေးမြူ ရမည်ဆိုသည့်အချက်မှာ ကျွေးမွေးသည့်အစာ၊ နွားမျိုး၊ ဝယ်ယူလာသည့် နွားငယ်၏ အသက်အရွယ်နှင့် အရွယ်အ စားတို့အပေါ် မူတည်၍ ကွာခြားနိုင်ပါသည်။
Stocker farm များက မွေးမြူထုတ်လုပ်လိုက်သည့် အလေးချိန် ၃၀၀-၃၅၀ ကီလိုဂရမ်ခန့် နွားများကို အ သားတိုးခြံ (Fattening farm) များက ဝယ်ယူကာ အသားတိုးရန် သီးသန့်အစာဖြင့် မွေးမြူကြပါသည်။ အချိန် ၃-၆ လအတွင်း အလေးချိန် ၅၀၀ ကီလိုဂရမ် နီးပါး ရရှိအောင် မွေးမြူကြခြင်း ဖြစ်ပြီး၊ အစာကြမ်းထက် အစာနုကို ပိုမို၍ အဓိကထားကာ ကျွေးမွေးကြခြင်းဖြစ်ပါသည်။ ယင်းအဆင့်သည် နွား၏ အရွယ်အစားကြီးမားရန်အတွက် အဓိက မဟုတ်ဘဲ၊ အသားနှင့် အဆီ ပြည့်ဖြိုးလာစေရန် အဓိကရည်ရွယ်၍ မွေးမြူခြင်း ဖြစ်ပါသည်။
အသားတိုးခြံက ထွက်ရှိလာသည့် ၅၀၀ ကီလိုဂရမ် ဝန်းကျင် နွားများကို သားသတ်ရုံသို့ ပို့ဆောင်ကာ အသားထုတ်လုပ်ကြခြင်း ဖြစ်ပါသည်။

ထူးခြားချက်မှာ နို့စားနွားမွေးမြူရေးခြံများသည် ထုတ်လုပ်မှုအဆင့်အားလုံးကို ခြံတစ်ခြံတည်းတွင်သာ တွေ့ရှိရမည် ဖြစ်သော်လည်း အသားစားနွားမွေးမြူရေးတွင်မူ ထုတ်လုပ်မှုအဆင့်များကို မတူညီသည့် ခြံများ၊ လုပ်ငန်းများက ခွဲဝေ၍ လုပ်ဆောင်ကြခြင်း ဖြစ်သည်။
(၅) ထုတ်လုပ်မှုအဆင့်များ၏ အရေးပါပုံ
Production Process ကွာခြားသည်နှင့်အမျှ စီမံခန့်ခွဲမှုများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ နည်းပညာများနှင့် စီးပွား ရေးအကျိုးအမြတ်များ ကွာခြားသွားမည် ဖြစ်ပါသည်။ ဥပမာ အသားစားနွားမွေးမြူရာတွင် နို့စားနွားမွေးမြူခြင်းနှင့် Production Process ကွာခြားသည့်အလျောက် တည်ဆောက်ရမည့် နွားခြံအနေအထား၊ ထည့်သွင်းတည်ဆောက်ရမည့် ခြံ၏အစိတ်အပိုင်းနှင့် စက်ယန္တရားများ၊ လိုအပ်သည့်အကျယ်အဝန်း တို့ ကွာခြားမည် ဖြစ်ပါသည်။ ထို့အတူ လိုအပ်သည့် အစာကုန်ကြမ်း၊ ထုတ်ကုန်အမျိုးအစားနှင့် ပမာဏများလည်း ကွာခြားသွားမည် ဖြစ်ပါသည်။
နို့စားနွားမွေးမြူရာတွင် နွားမ အကောင်ရေ မည်မျှမွေးမြူမည်၊ နို့မည်မျှ ထုတ်လုပ်မည်၊ နို့ပေးနွားမနှင့် နို့ ဖြတ်နွားမ အချိုးအစား မည်မျှရှိမည်၊ နေ့စဉ်ပုံမှန် နွားနို့မည်မျှ ထုတ်လုပ်မည်၊ နွားငယ် မည်မျှထုတ်လုပ်မည် စသည် ဖြင့် ထုတ်လုပ်မှုအဆင့်တိုင်းအတွက် အခြေအနေအားလုံးကို ကြိုတင်စဉ်းစားကာ စီမံခန့်ခွဲရမည် ဖြစ်ပါသည်။
သို့ဖြစ်ရာ နွားမွေးမြူရေးတွင် ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့်လည်း မိမိရွေးချယ်သည့် လုပ်ငန်းကို မည်သို့သော Production Process နှင့် ဆောင်ရွက်မည်ဆိုသည်ကို ကြိုတင်သတ်မှတ်ပြီးမှ ရင်းနှီးမြှုပ်နှံမှုကို စတင်ရမည် ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ပဲခူးတိုင်းနှင့်ဧရဝတီတိုင်းတွင်နှစ်ရှည်သစ်မာပင်စိုက်ပျိုးနည်းစနစ်အကြောင်းသိချင်ပါတယ်
Myat lin Oo • ဖြေကြားချက် 0 ခု
🌱 တောင်သူဦးကြီးများအတွက် သီးနှံအားကောင်းစေမယ့် အပင်အာဟာရဖော်မြူလာ 🌱 💚 UNİCORN – Nito Finn & Nito Max 💚 “အပင်ကောင်းမှ… အသီးအနှံကောင်းမယ်” 🌿 🌱 Nito Finn – STEM CELL BIOSTIMULANTS အပင်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အားပေးပြီး အပင်သန်မာစွာ ကြီးထွားနိုင်ရန် ကူညီပေးတဲ့ Biostimulant အမျိုးအစားဖြစ်ပါတယ်။ 🥬 Nito Max – BIOSTIMULANTS အပင်ရဲ့ အာဟာရအသုံးချနိုင်မှုနဲ့ သီးနှံဖွံ့ဖြိုးမှုကို အားပေးရန် ရည်ရွယ်ထားတဲ့ Biostimulant ဖြစ်ပါတယ်။ ✨ တောင်သူများအတွက် မျှော်မှန်းနိုင်သော အကျိုးကျေးဇူးများ ✅ အပင်ကြီးထွားဖွံ့ဖြိုးမှုကို အားပေးခြင်း ✅ အပင်သန်မာကျန်းမာစွာ ဖွံ့ဖြိုးရန် ကူညီခြင်း ✅ အပင်၏ အာဟာရအသုံးချနိုင်မှုကို အားပေးခြင်း ✅ အပွင့်၊ အသီး ဖွံ့ဖြိုးမှုကောင်းမွန်စေရန် အထောက်အကူပြုခြင်း ✅ သီးနှံအရည်အသွေးကောင်းမွန်စေရန် အထောက်အကူပြုခြင်း 🌾 စပါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် အခြားသီးနှံများ စိုက်ပျိုးရာတွင် အပင်အခြေအနေအလိုက် အသုံးချနိုင်ပါသည်။ 💬 တောင်သူဦးကြီးတို့ရေ… သီးနှံကောင်းဖို့ မြေ၊ ရေ၊ အာဟာရနဲ့အတူ အပင်ရဲ့ သဘာဝကြီးထွားမှုကို အားပေးဖို့လည်း အရေးကြီးပါတယ်။ 🌱 Nito Finn + Nito Max — သီးနှံကောင်းဖို့ တောင်သူ့အဖော်ကောင်း 🇲🇲☎️09787471142 ကိုထိုက်
ko htike • ဖြေကြားချက် 1 ခု
အညွန့်စား ဖရုံဆိုပြီး စိုက်တာ အသီးတွေသီးပြီး အညွန့်အားနည်းသွားတယ် တချို့အသီးတွေ အချင်း ၈လက်မခန့်ရှိနေပြီ အညွန့်သန်ဖို့အကုန်ခူးပစ်လိုက်ရမလား ခင်ဗျာ
zaw • ဖြေကြားချက် 1 ခု
ဂန္ဓမာမြနှင်းပုလဲအတွက် စိုက်ပျိုးကာလများအလိုက်ပြောပြပေးပါ မီးမထွန်းဘဲစိုက်ရတဲ့ကာလလေးရောသိချင်ပါတယ်ရှင့် မြနှပုလဲအကြောင်းစုံသိပါရစေရှင့်
Ma Tin Nilar Htun • ဖြေကြားချက် 0 ခု
ဆဲလ်ကွက်လိုက် အကြောတွေ နီနေတာ ဘာ ဖြစ်တာလဲ အရွက်နုရော အကြမ်းရော မှာ ဖြစ်တယ်
U Than Tun Aung • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from သက်ခိုင်
အားလုံး
စပါးစိုက်တောင်သူတွေကို ဒုက္ခပေးနေတဲ့ ရွှေခရုကို ဘဲစာအဖြစ် ပြောင်းလဲကြမလား?
16/06/2026
ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
09/04/2026
နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
21/11/2025
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025