ရှားပါးပင်လယ်နို့တိုက်သတ္တဝါ. . . . . . . .ရေဝက် (Dugong)
ရေဝက်များသည် ပင်လယ်နို့တိုက်သတ္တဝါ (Marine Mammals) များ ဖြစ်ကြပြီး သိပ္ပံအမည်မှာ _ Dugong ဟုအမည်ရပြီး မြန်မာလို "ရေဝက်"ဟု ခေါ်ဆိုကြပါသည်။ ရေဝက်ကို "ရေနွား" “ရေကုလားအုတ်"ဟု ခေါ်ဆိုကြသည်ကိုလည်း တွေ့ရပါသည်။
ရေဝက်များသည် သက်တမ်းရှည်ကြာနေထိုင်သော မျိုးစိတ်များဖြစ်ပြီး နှစ်(၇၀)ခန့်အထိ အသက်ရှင်နေထိုင်နိုင်ကြသလို ယခုအချိန်တွင် ရှားပါးမျိုးစိတ်စာရင်းတွင်လည်း ပါဝင်နေပါသည်။ ရေဝက်များသည် ပုံမှန်အားဖြင့် နှစ်နှစ်လျှင် (၁) ကြိမ်သာ သားပေါက်လေ့ရှိပြီး မွေးဖွားရာတွင်လည်း တစ်ကောင်တည်းသာ မွေးဖွားလေ့ရှိပါသည်။ ထိုသို့မွေးဖွားနိုင်ရန်အတွက် မိခင်သည် သန္ဓေသားလောင်းကို (၁၃) လမှ (၁၅) လကြာ လွယ်ထားရလေ့ ရှိပါသည်။ မွေးကင်းစရေဝက်သားငယ်သည် အလေးချိန် (၂၀) ကီလိုဂရမ်ခန့် ရှိကြပြီးအရွယ်ရောက် ရေဝက်သည် (၂.၂ – ၃.၅) မီတာ အထိ ရှည်လျားပါသည်။
ရေဝက်များသည် မွေးဖွားပြီးနောက် သားပေါက်လေးများမှာ (၁) နှစ်ခန့်သာ မိဘများနှင့်အတူ နေထိုင်လေ့ရှိကြပြီး သီးခြားနေထိုင်လေ့ရှိသည်။ နို့တိုက် သတ္တဝါမျိုးစိတ်ဖြစ်သည်နှင့်အညီ သဘာဝလေကိုရှူရန်အတွက် ရေမျက်နှာပြင်ပေါ်ကို တစ်နေ့လျှင် အနည်းဆုံး မိနစ်(၂၀)ခန့် တက်လာလေ့ရှိပါသည်။ ခန္ဓာကိုယ် အလေးချိန် ကြီးမားသော်လည်း ၎င်းတို့၏ ရေကူးအလျင်နှုန်းမှာ (၁)နာရီလျှင် (၁၀)ကီလိုမီတာအထိ ကူးခပ်နိုင်စွမ်းရှိပါသည်။
ခန္ဓာကိုယ်ဖွဲ့စည်းမှု အနေအထားအရ ရေဝက်များသည် တိုတောင်းပြီး ပြန့်ကားသောနှုတ်သီး၊ ကျဥ်းမြောင်းသော မျက်ဝန်းတစ်စုံ၊ အမြီးများတိုတောင်းသော်လည်း အလျားရှည်သည့်သဏ္ဍာန်ရှိသော ချစ်စရာကောင်းသည့် ပင်လယ်ရေဝက်များ ဖြစ်ကြပါသည်။ နို့တိုက်သတ္တဝါမျိုးနွယ်ဖြစ်သည့်နည်းတူ လူသားတို့အား ရန်မပြုတတ်သည့် မျိုးနွယ်စိတ်ပင်ဖြစ်ပါသည်။
ရေဝက်များမှာ ပင်လယ်မြက်၊ ရေစီးကြောင်းများနှင့်အတူ မျောပါလာသော သစ်ရွက်နုများ၊ ပန်းပွင့်၊ ပေါင်းပင်နှင့် ရေဆလပ်များကို အစာအဖြစ် စားသုံးကြပါသည်။ တစ်နေ့တာ အစာစားသုံးမှု ပမာဏမှာ ၎င်းတို့၏ ခန္ဓာကိုယ် အလေးချိန်နှင့် မလိုက်ဖက်သည့် အစာအနည်းငယ်ကိုသာ စားသုံးလေ့ရှိကြပါသည်။
ရေဝက်မျိုးစိတ်များကို အပြည်ပြည်ဆိုင်ရာ ထိန်းသိမ်းမှုအဆင့် CITES တွင်ပါဝင်နေပြီး အန္တရာယ် ကျရောက်နေသော မျိုးစိတ်စာရင်းတွင် ပါဝင်ပါသည်။ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ရောင်း၀ယ်ဖောက်ကားခြင်း၊ ဘေးအန္တရာယ်ပြုခြင်းတို့ မပြုလုပ်ကြရန် တားမြစ်ပိတ်ပင်ထားသော မျိုးစိတ်(၁)ခုလည်း ဖြစ်ပါသည်။
ရှားပါးမျိုးစိတ်ဝင် ရေဝက်များကြောင့် ရရှိလာနိုင်သော အကျိုးကျေးဇူးများမှာ သဘာဝအခြေခံခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာခြင်း မှတစ်ဆင့် ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ အခွင့်အလမ်းများရရှိလာမည် ဖြစ်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။
ပင်လယ်ပြာ(ငါးလုပ်ငန်းဦးစီးဌာန)
Aaung Kyaw
လွန်ခဲ့သော ၂ နှစ် ကငါရှဉ့်မွေးမြူရေး လေးတင်ပြပါဗျာ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....