ငါးရှဥ့်မွေးမြူရေး
ငါးရှဥ့်သည် 'မြွေ' နှင့်ပုံသဏ္ဍာန်ဆင်တူပြီး များသောအားဖြင့် အကြေးခွံများ မရှိကြပေ။ သူ့ခန္ဓာကိုယ်ကို အကျိအချွဲများဖြင့် ဖုံးလွှမ်းထားတတ်ပြီး ရုတ်တရက် ဖမ်းဆီးရန် မလွယ်ကူပေ။ ငါးရှဥ့်များကို ရေချိုပိုင်းတွင် အများဆုံးတွေ့ရလေ့ရှိပြီး ပင်လယ်ပိုင်းနှင့် လယ်ကွင်းများတွင်လည်း တွေ့ရတတ်ပါသည်။
ငါးရှဥ့်ကို မြန်မာများက ငါးရှဥ့်ပနီ (ပါးနီ) နှင့် ငါးရှဥ့်ပမွဲ (ပါးမွဲ) ဟူ၍(၂)မျိုး နှစ်စား ခွဲခြားခေါ်ဝေါ်ကြသည်။
ငါးရှဥ့်ပါးနီသည် အကောင်ငယ်၍ ငါးရှဥ့်ပါးမွဲက ကြီးထွားနှုန်းပိုကောင်းသဖြင့် အကောင်ပိုကြီးသည်။
ငါးရှဥ့်ပါးနီသည် နီဝါဝါအဆင်းရှိပြီး စားရာတွင် နူးညံ့၏။ ငါးရှဥ့်ပါးမွဲထက်ပို၍ အရသာရှိပြီး နှစ်ချို့အရွယ်အစားထိ အရောင်အဆင်း မပြောင်းလဲတတ်ချေ။ ကျပ်လုံးအရွယ်ထက်လည်း ပိုမို၍ မကြီးထွားတတ်ချေ။ 
ငါးရှဥ့်ပါးမွဲမှာ ညိုသောအဆင်းရှိပြီး သေးငယ်သော အကြေးခွံသေးသေးလေးများရှိတတ်ကြသည်။ ငါးရှဥ့်ပါးနီထက် အကောင်အရွယ်အစားကြီးထွားကြသည်။ ငါးရှဥ့်ပါးနီလောက် အသားမနူးညံ့သော်ငြား ပါးမွဲမှာ ဆေးဖက်ဝင်သည်ဟု သိရသည်။
ငါးရှဥ့်များမှာ အပုပ်အစပ်များကို အလွန်ကြိုက်ပြီး အလွန်အစားကြူးသော ငါးတစ်မျိုးဖြစ်သည်။ ငါးရှဥ့်ငါးမှာ အရသာလေးလေးပင်ပင်ရှိကြပြီး ဆေးဖက်ဝင်သောကြောင့် လူကြိုက်များပြီး ဈေးကွက်ဝင်ငါးလည်းဖြစ်သည်။ ငါးရှဥ့်ငါးမှာမွေးမြူ၍ရသော ငါးအမျိုးအစားတွင် ပါဝင်ကြပါသည်။
ငါးရှဥ့်မွေးမြူရေးတွင် အရေးပါသော မြေနေရာရွေးချယ်ခြင်းအကြောင်း
ငါးရှဥ့်မွေးမြူသော မြေနေရာသည် လမ်းပန်းဆက်သွယ်ရေးကောင်းပြီး ဈေးကွက်ရှိသောနေရာကို ရွေးချယ်သင့်ပါသည်။
မြေနေရာသည် သဲဆန်သောမြေမဖြစ်စေရဘဲ မြေစေးအမျိုးအစားကိုသာ ရွေးချယ်ရပါမည်။ မြေစေးဖြစ်သောကြောင့် ကန်အတွင်းရေသည် ကြာရှည်ခံပါမည်။ ငါးရှဥ့်များအတွက် ပိုမိုကောင်းမွန်ပါသည်။
ရေအမျိုးအစား
- ကန်အတွင်းရှိရေကိုမူ ရေအမျိုးအစားရွေးချယ်ရန် မလိုပေ။ ရေကြည်၊ ရေနောက်၊ ရေစီး၊ ရေသေ အားလုံးသင့်လျော်ပါသည်။ သို့သော် ရေစီးနေလျှင်မူ အကောင်းဆုံးဖြစ်ပါသည်။
မွေးမြူကန်အရွယ်အစား
- ကန်အရွယ်အစားသည် အသေးဆုံး (အလျား ၂၀ ပေ xအနံ ၁၀ပေ) ရှိရပါမည်။
- အကြီးဆုံး ဧကဝက်ခန့် (အလျား ၂၀၀ ပေ x အနံ ၁၀၀ ပေ) ဖြစ်ရန် လိုပါသည်။
- ကန်သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ မည်သည့်ကန်မဆို မွေးမြူနိုင်ပါသည်။
- အနက်(၂) ပေတူးလျှင် ဤအတိုင်းအတာဝန်းကျင်တွင် လုံလောက်ပါသည်။
- ကန်ဘောင်နိမ့်နိမ့်ဖို့ပြီး အတွင်းဖက်တွင် ဝါးထရံကို ထောင်စိုက်၍ ကာပေးထားရပါမည်။ ဝါးထရံကို ရေမျက်နှာပြင်ထက်(၁)တောင် (သို့) (၁၈)လက်မလောက် ပိုမြင့်အောင် လုပ်ပေးထားရပါမည်။
- ငါးရှဥ့်မတိုးနိုင်အောင် ကန်၏အောက်ခြေကို ရေမထည့်မီကတည်းက မာနေအောင် ကြမ်းတုံးတိုက်၍ဖြစ်စေ၊ ဆောင့်၍ဖြစ်စေ ပြုလုပ်ထားရပါမည်။
ငါးရှဥ့်သားပေါက် ဝယ်ယူပြုစုခြင်း
- ငါးရှဥ့်သားပေါက်များကို မြို့ရွာအသီးသီးမှ ဈေးတွင်ရှိသော သားငါးသည်များထံမှဖြစ်စေ၊ ငါးရှဥ့်မြှုံးထောင်သူများထံမှဖြစ်စေ ပေါပေါများများ ဝယ်ယူရရှိနိုင်ပါသည်။ မေလမှ ဇူလိုင်လအတွင်း ငါးရှဥ့်သားပေါက်များ ပိုပြီး ဝယ်၍ရနိုင်ပါသည်။
- အရွယ်ငယ်သော (၄) လက်မနှင့် (၆)လက်မအကြား အရွယ်ညီသည့် ငါးရှဥ်များကို ပိဿာချိန်ဖြင့်ဝယ်လျှင် ရနိုင်ပါသည်။
- ငါးရှဥ့်သားပေါက်များကို ဝယ်ယူပြီး မွေးမြူသည့်ကန်သို့ သယ်ဆောင်သောအခါ အခြားငါးများကဲ့သို့ ပလတ်စတစ်အိတ်နှင့် အောက်ဆီဂျင်ဓါတ်များ မလိုပါ။
- ပုံးဖြင့် အလွယ်တကူထည့်၍ သယ်ယူသွားလျှင် လုံလောက်ပါသည်။ အဘယ်ကြောင့်ဆိုသော် ငါးရှဥ့်ငါးသည် အသက်ပြင်းသော ငါးအမျိုးအစားဖြစ်သောကြောင့် ဖြစ်သည်။
- အရွယ် (၄-၆)လက်မအကြား အရွယ်ညီသော ငါးရှဥ့်သားပေါက်လေးများကို မွေးမြူခြင်းမှာ သားပေါက်ပွားရန်ရည်ရွယ်ပြီး မွေးမြူခြင်းမဟုတ်ဘဲ အသားတိုးသက်သက်သာ မွေးမြူခြင်းဖြစ်ပါသည်။
မွေးမြူနှုန်းထား အချိုးအစား
- ကန်အတွင်းသို့ ငါးရှဥ့်ထည့်ရမည့်နှုန်းထားအချိုးအစားမှာ (၁) ပေပတ်လည်အကျယ်တွင် ငါးရှဥ့်သားပေါက် (၁) ကောင်နှုန်းဖြစ်ပါသည်။
- ဆိုလိုသည်မှာ အသေးဆုံးကန်အရွယ်အစား အလျား (၂၀)ပေ၊ အနံ (၁၀)ပေရှိသော ကန်တွင် ဧရိယာစတုရန်း ၂၀၀ ရှိသောကြောင့် သားပေါက်ကောင်ရေ (၂၀၀) ခန့်ထည့်၍ မွေးမြူနိင်ပါသည်။
- အကြီးဆုံးကန်ဖြစ်သော အလျား ၂၀၀ ပေ၊ အနံ ၁၀၀ ပေတွင် ငါးရှဥ့်သားပေါက်ကောင်ရေ (၂၀၀၀၀) ခန့် ထည့်၍ မွေးမြူနိုင်ပါသည်။
အစာကျွေးနှုန်း
- ငါးရှဥ့်များသည် အစာကြူးသော သတ္တဝါများဖြစ်သဖြင့် သဘာဝအစာများကိုသာ စားနေရလျှင် ကြီးထွားနှုန်းနှေးကွေးပါလိမ့်မည်။
- ထို့ကြောင့် ကန်ထဲတွင် သဘာဝငါးစာများဖြစ်လာစေရန် ထူးခြားစွာလုပ်နေရန်မလိုပေ။
- အစကတည်းက အသားတိုးမွေးရန် ရည်ရွယ်ထားခြင်းဖြစ်၍ အခြားငါးများ မွေးမြူသကဲ့သို့ ထုံးချခြင်း၊ နွားချေး၊ ဝက်ချေး၊ ကြက်ချေး၊ ဘဲချေးများ ချခြင်း ပြုလုပ်ရန် မလိုခြင်းဖြစ်ပါသည်။
- ငါးနုပ်၊ ငါးဖွဲနှင့် စားကြွင်းစားကျန်များကို ဆန်ခါနှင့်ထည့်၍ ကျွေးပါ။ ထိုအစာများကိုကျွေးလျှင် ကြေသွားအောင် ကြိတ်ထောင်းပြီး ကျွေးပါ။
- အစာကျွေးလျှင် ကန်ထဲရှိ ငါးရှဥ့်အားလုံး၏ အလေးချိန် (၆) ရာခိုင်နှုန်းသော အစာကို နေ့စဥ်ကျွေးရန် လိုအပ်ပါသည်။ ဆိုလိုသည်မှာ ကန်ထဲရှိ ငါးရှဥ့်အားလုံး၏ အလေးချိန်ပိဿာ (၁၀၀) ရှိလျှင် အစာ (၆) ပိဿာ ကျွေးရန် လိုအပ်ပါသည်။
ကြီးထွားနှုန်း
(၁) နှစ်ကြာသောအခါ ကန်အသေးဆုံးနှင့် မွေးမြူသူသည် ငါးရှဥ့်ပိဿာချိန် (၃၀)ခန့် ရနိုင်ပါသည်။ ကန်အကြီးဆုံးနှင့် မွေးမြူသူသည် ပိဿာချိန် (၃၀၀၀)ခန့်ရရှိနိင်ကြပါသည်။
ငါးရှဥ့်ကို အသားစားငါးမဟုတ်သော အခြားငါးမျိုးများနှင့်လည်း ရောနှောမွေးမြူနိုင်ကြောင်း သိရပါသည်။
အဘယ့်ကြောင့်ဆိုသော် အခြားငါးများစွန့်ပစ်သော အညစ်အကြေးကို ငါးရှဥ့်များက စားလေ့ရှိကြသောကြောင့်ဖြစ်ပါသည်။
ပင်လယ်ပြာ(ငါးဦးစီး)
မှီငြမ်း; ငါးရှဥ့်မွေးမြူရေးလမ်းညွှန် (ငါးလုပ်ငန်းဦးစီးဌာန)
aks
လွန်ခဲ့သော ၁ လ ကငါရှဥ့်ကိုတာပေါ်လင်ကန်နဲ့မွေးလို့ရလား
Than Soe
လွန်ခဲ့သော ၁ နှစ် ကငါးရှဥ့်ကို အုတ်ကန်နဲ့ရောမွေးလိုရပါလာ
အောင်ဇော်ထက်
လွန်ခဲ့သော ၅ နှစ် ကhello
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026