ကြက်မွေးက လျှပ်စစ်ဓာတ်အားထုတ်တော့မလား
လျှပ်စစ်ဓာတ်အားရရှိနိုင်မယ့် အရင်းအမြစ်အသစ်တွေကို သိပ္ပံပညာရှင်တွေ ထပ်မံရှာဖွေတွေ့ရှိတဲ့ သတင်းတွေဖတ်ရတိုင်း လျှပ်စစ်ဓာတ်အား မလုံလောက်လို့ စိတ်ညစ်နေကြရတဲ့ မြန်မာနိုင်ငံက စာဖတ်သူတွေအတွက် အားဆေးတစ်ခွက်သောက်ရသလိုပါပဲ။
အသစ်ရှာတွေ့တဲ့ နည်းလမ်းတွေက ခေတ်ကာလနဲ့ ကိုက်ညီပြီး၊ ရေရှည်တည်တံ့မယ်၊ လူ့အဖွဲ့အစည်းထဲက လက်ရှိကြုံတွေ့နေရဆဲ အခက်အခဲတွေကိုပါ ဖြေရှင်းပြီးသားဖြစ်မယ်ဆိုရင် ဒါကို "သားရွှေအိုးထမ်းလာတာကို မြင်တဲ့ကိန်း" လို့ ဆိုရမှာပါ။ ဒီကနေ့မှာလည်း ကမ္ဘာ့လူသားထုအတွက် သားရွှေအိုးထမ်းလာတာကို မြင်ရသလို အကျိုးထူးနိုင်တဲ့ ရှာဖွေတွေ့ရှိမှု အသစ်တစ်ခုကို တင်ပြလိုပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ETH Zurich တက္ကသိုလ်နဲ့ စင်ကာပူနိုင်ငံ NTU တက္ကသိုလ်တွေက သုတေသီတွေ ပူးပေါင်းပြီး ဆောင်ရွက်တဲ့ သုတေသန တစ်ခုက "ကြက်မွေးကနေ သန့်စင်တဲ့ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်မယ့် နည်းပညာ" တစ်ရပ်ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ နှစ်စဉ်ကြက်မွှေးတန်ချိန် သန်း ၆၀၀၀ လောက် ထွက်ရှိနေပြီး အဲဒီထဲက သန်း ၄၀ လောက်ကို အသုံးမပြုနိုင်ဘဲ မီးရှို့ဖျက်စီးပြီး လေလွင့်ဆုံးရှုံးနေရတာပါ။ မီးရှို့ဖျက်စီးတဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အခြားသော အဆိပ်သင့်ဓာတ်ငွေ့တွေ အမြောက်အများ ထုတ်လွှတ်နေတာက ပိုကြီးတဲ့ ပြဿနာပါ။
အခု သုတေသီတွေရဲ့ ရှာဖွေတွေ့ရှိမှုကတော့ ကြက်မွေးမှာပါဝင်တဲ့ ကရယ်တင် (keratin) ကို ထုတ်ယူပြီး amyloid fibrils တွေအဖြစ် ပြောင်းလဲတာ ဖြစ်ပါတယ်။ အဲဒီ amyloid fibrils တွေကို Fuel cell တွေမှာ ထည့်သွင်း အသုံးပြုမှာ ဖြစ်ပါတယ်။ ကြက်မွေးမှာ keratin ပါဝင်မှုက ၉၁ ရာခိုင်နှုန်း ရှိတာပါ။
Fuel cell ဆိုတာကတော့ ဟိုက်ဒြိုဂျင်ရဲ့ ဓာတုစွမ်းအင်ကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးတဲ့ ပစ္စည်းတွေပါ။ အရိုးရှင်းဆုံး ပြောရရင် ဟိုက်ဒြိုဂျင် ကို လောင်စာအဖြစ် Fuel cell ထဲထည့်အသုံးပြုပြီး လျှပ်စစ်စွမ်းအင် ထုတ်ပေးတာ ဖြစ်ပါတယ်။ ဘေးထွက်ပစ္စည်းအနေနဲ့ ရေ၊ အောက်ဆီဂျင်နဲ့ အပူဓာတ်တွေ ရရှိပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှုမရှိပါဘူး။

ပြဿနာက ကမ္ဘာမြေပေါ်မှာ ဟိုက်ဒြိုဂျင်ချည်းပဲ သန့်သန့်ရနိုင်တဲ့ အရင်းအမြစ်က နည်းပါးပါတယ်။ ဟိုက်ဒြိုဂျင်ရအောင် လုပ်ဆောင်တဲ့ လုပ်ငန်းတွေကိုယ်တိုင်က စွမ်းအင်သုံးစွဲမှု မြင့်မားတဲ့ ပြဿနာပါ။ ဒါကြောင့်ရှိနေတဲ့ ဟိုက်ဒြိုဂျင်ကို ထိထိရောက်ရောက် အသုံးချနိုင်ရေးဟာ အရေးကြီးတဲ့ ကိစ္စတစ်ခုပါ။ ဒီအတွက် ပညာရှင်တွေဟာ Fuel cell တွေရဲ့ အဓိက အစိတ်အပိုင်းဖြစ်တဲ့ Polymer electrolyte membrane (PEM) နဲ့ ပတ်သက်ပြီး သုတေသနတွေ အများအပြား ဆောင်ရွက်နေတာပါ။ သုတေသီတွေက PEM တွေအစား amyloid fibrils နဲ့ အခြေခံထုတ်လုပ်ထားတဲ့ keratin membrane နဲ့ အစားထိုးနိုင်ဖို့ မျှော်လင့်နေတာပါ။
ကြက်မွေးကရရှိတဲ့ keratin membrane တွေဟာ ဟိုက်ဒရိုဂျင်ကနေ လျှပ်စစ်ဓာတ်အားထုတ်တဲ့ လုပ်ငန်းကို ညဘက်မှာ ပိုမိုထိရောက်စေတယ်လို့ အခုသုတေသနကို ဦးဆောင် ဆောင်ရွက်ခဲ့တဲ့ ပညာရှင်တွေက ဆိုပါတယ်။
အခြားတစ်ဖက်မှာလည်း လက်ရှိသုံးနေတဲ့ PEM တွေကို အဆိပ်သင့်စေနိုင်တဲ့ ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားရတာပါ။ ဒါ့အပြင် PEM တွေကို အသုံးပြုပြီးတဲ့အခါ စွန့်ပစ်ဖို့ ခက်ပါတယ်။ အလွယ်တကူ ဆွေးမြည့်ပျက်စီးတာမျိုးမဖြစ်ဘဲ ပတ်ဝန်းကျင်ကို ညစ်နွမ်းစေလို့ပါ။ ကြက်မွေးကထုတ်တဲ့ keratin membrane တွေကတော့ ဇီဝပစ္စည်းကို အခြေခံတာမို့ အသုံးမလိုတော့လို့ စွန့်ပစ်ရင် အလွယ်တကူ ဆွေးမြည့်သွားပြီး အန္တရာယ်ကင်းပါတယ်။
ပိုပြီးစိတ်ဝင်စားစရာကောင်းတာကတော့ ကုန်ကျစရိတ်ပါ။ keratin membrane တွေဟာ ပုံမှန် membrane တွေရဲ့ ကုန်ကျစရိတ်အောက် ထက်ဝက်လောက် လျော့နည်း သက်သာပါသေးတယ်။
အခုတွေ့ရှိချက်ကနေ သုတေသနတွေ ဆက်လက်ဆင့်ပွားပြီး keratin membrane တွေကို အကျယ်အပြန့် အသုံးချလာနိုင်ဖို့ ပညာရှင်တွေက ယုံကြည်နေကြပါတယ်။ စီးပွားဖြစ်ထုတ်လုပ်နိုင်တဲ့ အဆင့်ရောက်လာရင် ကြက်မွေးကြောင့်ဖြစ်ရတဲ့ ပြဿနာတွေကို လျှော့ချနိုင်မှာ ဖြစ်သလို ပိုမိုသန့်ရှင်းပြီး ရေရှည်တည်တံ့တဲ့ လျှပ်စစ်စွမ်းအင်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
ဒီအကြောင်းကို သိပ္ပံပညာရှင် Raffaele Mezzenga ဦးဆောင်တဲ့ သုတေသီတွေက Renewable Energy from Livestock Waste Valorization: Amyloid- Based Feather Keratin Fuel Cells ခေါင်းစဉ်နဲ့ အမေရိကန်ဓာတုဗေဒအသင်း (American Chemistry Society) ရဲ့ Applied Materials & Interfaces မှာ စက်တင်ဘာ ၂၆ ရက်က စာတမ်းတင်ပြခဲ့တာ ဖြစ်ပါတယ်။
အခုသယ်ဆောင်လာတဲ့ သတင်းဟာ အမှောင်ထဲက ပြည်မြန်မာအတွက် မျှော်လင့်ချက် အလင်းရောင်မဖြစ်ခဲ့ရင်တောင် ကြုံနေရတဲ့ အခက်အခဲအပေါ် "လူကြံရင်ဘယ်ခံနိုင်မလဲ" လို့ အားတင်းနိုင်ဖို့ အထောက်အကူဖြစ်နိုင်လိမ့်မယ်လို့ ယူဆရင်း မျှဝေလိုက်ရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မွေးမြူရေးသတင်း
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from သက်ခိုင်
အားလုံး
စပါးစိုက်တောင်သူတွေကို ဒုက္ခပေးနေတဲ့ ရွှေခရုကို ဘဲစာအဖြစ် ပြောင်းလဲကြမလား?
16/06/2026
ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
09/04/2026
နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
21/11/2025
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....