တိုင်းရင်းငါးရံ့ မွေးမြူရေး
Kingdom. Animalia
Phylum. Chordata
Class. Teleostei
Order. Perciformes
Family. Channidae
Genus. Channa
တိုင်းရင်း.ငါးရံ့မျိုးစိတ်များ မြောက်များစွာရှိသည့်အနက် မြန်မာနိုင်ငံတွင် ငါးရံ့ ( ၅ ) မျိုးရှိပါသည်။
၁။ ငါးရံ့အောက်
၂။ ငါးရံ့ဒိုင်
၃။ ငါးအုံးမတ်
၄။ ငါးရံ့ပနော်
၅။ ငါးရံ့ခေါင်းတို တို့ဖြစ်ကြပါတယ်။
ငါးရံ့အောက်အမျိုးအစားမှာ ကြီးထွားနှုန်းကောင်းမွန်သဖြင့် ရွေးချယ်မွေးမြူသင့်ပါသည်။
မွေးမြူသင့်သည့် မြေနေရာမှာ တစ်နှစ်ပတ်လုံး ရေနေနိုင်သည့်မြေဖြစ်၍ ရေကိုကောင်းစွာထိန်းသိမ်းနိုင်သည့် ရွံ့စေးမြေ၊ ရွံ့နှုန်းမြေဖြစ်ရပါမည်။ ဒေသတွင်း ငါးရံ့သားပေါက်များ အလွယ်တကူရနိုင်သည့်နေရာ ဖြစ်ရပါမည်။
ကန်တူးဖေါ်ခြင်း
တစ်နိုင်တစ်ပိုင်ကန်များ၌ မွေးမြူနိုင်သကဲ့သို့ စီးပွါးဖြစ်မွေးမြူလိုပါက တစ်ဧကကန်များထိ မွေးမြူနိုင်ပါသည်။ ရေအနက် ၃ ပေ မှ ၄ ပေခန့်အထိ တူးဖေါ်ရမည်။ ရေကို အမြဲထိန်းထားရမည်။ မိုးများသည့်အခါ ကန်ရေလျှံခြင်းမှ ကာကွယ်ရန် ကန်ဘောင်ထိပ်မှ ရေလျှံပေါက် ထားပေးရမည်။ ကန်ဘောင်ဘေးပတ်လည်တွင် အရိပ်ရငှက်ပျောပင်များ စိုက်ပေးရမည်။ Blue Net ပိုက်ပြာ ကာရံထားရမည်။
ကန်အခြောက်ခံခြင်း
ကန်အခြောက်ခံသည့်အခါတွင် ကန်အောက်ခြေမြေကြီး ပက်ကြားအက်ကွဲသည်အထိ အခြောက်ခံရမည်။
ထုံးထည့်ခြင်း
ဖေါက်ထုံး Ca ( OH )2 ထည့်ရမည်။ ကန်ဘောင်အပေါ်ပတ်လည်တွင်လည်း ပက်ဖျန်းပေးရမည် ။
ရေသြဇာတက်ရန်ဆောင်ရွက်ခြင်း
သားပေါက်များကို ပြုစုနေစဉ်ကာလအတွင်း ယူရီးယားနှင့် တီစူပါတို့ကို ထည့်ပေးရမည်။ နွားချေး၊ ကြက်ချေးထည့်ပေးခြင်းဖြင့်လည်း ရေသြဇာဓါတ်ကြွေဝစေပါသည်။ ရေအရောင်စိမ်းလာပါက ငါးရံ့သားပေါက်များကို ထည့်နိုင်ပါပြီ။ ငါးသားပေါက်နားခိုရန် အရိပ်ရအပင်အနည်းငယ် ထည့်ပေးနိုင်ပါသည်။ ငါးရံ့သားပေါက်ကို တစ်ဧက ၈၀၀၀ မှ ၁၀၀၀၀ နှုန်းဖြင့် ထည့်သွင်းမွေးမြူနိုင်ပါသည်။ သားပေါက်များအရွယ်အစားညီပါက အဖတ်တင်နှုန်းကောင်းမွန်ပြီး ကြီးထွားနှုန်းကောင်းပါသည်။
အစာကျွေးခြင်း
ငါးရံ့များသည် အသားစားသတ္တဝါ (Carnivorous ) ငါးမျိုးဖြစ်၍ ကြီးထွားနှုန်းပိုမိုကောင်းမွန်စေသည်။ ယင်းကြောင့် အသားဓါတ် ၂၅ % ၃၅ % အထိပါဝင်သောအစာကိုကျွေးသင့်ပါသည်။ ဖွဲနု ၃၀% ငါးကြေမှုန့် ၄၀% ပဲဖတ်၃၀ % စပ်၍လည်း ကျွေးနိုင်ပါသည်။ယခုအခါ အစာတောင့်များလည်း ထွက်ပေါ်ရောင်းချလာပြီး ဝယ်ယူကျွေးနိုင်ပါသည်။ မွေးမြူကာလ ၆ လမှ ၈ လအကြာတွင် ၄၀ ကျပ်သားမှ ၆၀ ကျပ်သားထိ ကြီးထွားနိုင်ပါသည်။ တခြားငါးများနှင့် တွဲဖက်ရောနှောမွေးမြူရန် မသင့်တော်ပါ။
သားပေါက်များ စုဆောင်းနိုင်သည့် နည်းလမ်းများ
ငါးရံ့သားပေါက်များကို သဘာဝအတိုင်း သားဖေါက်ခြင်းကို ဆောင်ရွက်နိုင်ပြီး သားဖေါက်ရာတွင် ပေ၂၀ ပတ်လည်ခန့် ကန်ငယ်ထဲတွင် တစ်နှစ်သားအထက်ကို ငါးရံ့အထီးအမ ကိုထည့်ကာ မျိုးဖေါက်သည်။ ငါးရံ့သည် အသိုက်ပြုလုပ်ဥအုတတ်သည့်အတွက် အပင်အခက်များထည့်ထားရန် လိုအပ်ပါသည်။ အသိုက်အဖွဲ့ ဥအုချပြီး တစ်ပတ်ခန့်အကြာ သားပေါက်နိုင်သည်။ သားပေါက်များကို ၂ လက်မ ၃ လက်မ ရရှိက ပိုမိုကောင်းမွန်ပါသည်။ ယခုအခါ ဆေးထိုးသားပေါက်နည်းဖြင့် အောင်မြင်နေပြီပြဖြစ်ကြောင်း ကြားသိရပါသည်။
ငါးရံ့မျိုးငါးအမများသည် မေလမှ စက်တင်ဘာလအတွင်း အသိုက်အအုံပြုလုပ်ကာ ဥအုချတတ်ကြသည်။ သားပေါက်များ ငါးမှုန်အဆင့်မှ ငါးသန်ဖြစ်သည်အထိ အနီရောင်ရှိကာ အုပ်စုလိုက် ကူးခတ်သွားလာနေတတ်ကြသည်။ ငါးအမသည် ငါးသားပေါက်အုပ်စုလိုက် ကူးခတ်သွားနေစဉ် ရေအောက်မှ လိုက်ပါလျှက်ရှိတတ်သည်။ အဆိုပါသားပေါက်များကို နိုင်လွန်ဇာပြာ ခြင်ထောင်စ ဒိုင်းကွင်းတို့ဖြင့် အလွယ်တကူ ဖမ်းယူစုဆောင်းပြီး အသားတိုးကန်ထဲ ထည့်သွင်းမွေးမြူနိုင်ပါသည်။
ငါးရံ့ငါးများအား မြန်မာလူမျိုးများသည် နှစ်ခြိုက်စွာစားသုံးလေ့ရှိကြသည်။ ငါးရံ့သည် တခြားငါးများထက် အကြမ်းခံနိုင်ခြင်း၊ ရောဂါဒဏ်ခံနိုင်ခြင်း၊ ရေနောက်ကျိမှုလည်းခံနိုင်ပြီး စျေးကွက်ကောင်းမွန်ကြောင်း ဖေါ်ပြအပ်ပါသည်။
Source - AQUADAPT-Myanmar
ဇာနည်
လွန်ခဲ့သော ၄ နှစ် ကငါးရံ့ မျိုးတွေက အထီးကောင်နဲ့အမကောင်ဆိုတာ ဘယ်လိုသိနိုင်တာလဲ မသိလို့လင်းပေးကြပါအုံး
နေထက်လင်း
လွန်ခဲ့သော ၅ နှစ် ကအကိုရေစမ်းမွေးချင်လို့ပါ ဆင်ပြေပါ့မလား
ko ye
လွန်ခဲ့သော ၅ နှစ် ကရတယ်အကို ဒိကောင်တွေ က အသက်ပြင်းတယ်
Lin Lin
လွန်ခဲ့သော ၅ နှစ် ကငါးသားပေါက်ကလေးတွေကိုမအေနဲ့မခွဲပဲဒီအတိုင်းမွေးလို့ရလားဗျ
Content provider
WorldFish
WorldFish သည် သုတေသနလုပ်ငန်းအဖွဲ့အစည်းနှင့် သိပ္ပံဌာန (၁၅) ခု ပူးပေါင်းဖွဲ့စည်းထားသော “ နိုင်ငံတကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသနာ အတိုင်ပင်ခံ ပညာရှင်အဖွဲ့ - Consultancy Group for international Agricultural Research- CGIAR” တွင် အဖွဲ့ဝင်ဖြစ်ပါ ကြောင်း၊ CGIAR ၏ အဓိကဝန်ဆောင်မှုမှာ ရည်မှန်းချက်မှာ (၁) ကျေးလက်ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး၊ (၂) ရိက္ခာဖူလုံမှုတိုးတက်ရေး (၃) ကျမ်းမာရေးနှင့် အာဟာရပြည့်ဝစွာဖြည့်ဆည်းရရှိရေး (၄) သဘာဝသယံဇာတများကို ရေရှည်သုံးစွဲနိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ ဖြစ်ပါသည်။ WorldFish ၏ သီးသန့်ဝန်ဆောင်မှု ရည်မှန်းချက်မှာ ဆင်းရဲနွမ်းပါးမှုနှင့် ဆာလောင်မွတ်သိပ်မှု လျော့နည်းစေရန် ငါးမွေးမြူခြင်း၊ ငါးလုပ်ငန်းဆောင်ရွက်ခြင်း၊ နည်းလမ်းများဖြင့် ဖော်ဆောင်သွားရန်ဖြစ်သည့်အတွက် ယခုအခါ ငါးမွေးမြူသူတောင်သူများ လေ့လာနိုင်ရန် Green Way - အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲလ် နှင့် ပူးပေါင်းကာ မွေးမြူရေးနည်းပညာများ ဖော်ပြပေးလျက်ရှိသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ကမ္ဘာ့ငါးအဖွဲ့
အားလုံး
ငါးမွေးကန်တွင်သုံးသည့် ထုံးအမျိုးအစား နှင့် pH တန်ဖိုးများ
14/01/2025
သားစားငါးရိုင်းများကြောင့် ငါးမွေးကန်တွင်ထိခိုက်နစ်နာနိုင်ခြင်း
26/12/2024
ရေမှော်၊ မြက်ပင်၊ ကိုင်းပင်များရှင်းလင်းခြင်း
28/11/2024
ကန်ဘောင်နှင့် ကန်အောက်ခြေပြင်ဆင်ခြင်း
22/11/2024
ငါးမွေးမြူရေးတွင် အဓိကရေရရှိမှုနှင့် ကန်သစ်တူးခြင်း၊ ကန်ပုံစံ၊ ကန်ဘောင်အချိုးအစား
14/11/2024