ငါးရိက္ခာဖူလုံစေဖို့ သဘာဝရေပြင်မှာငါးမွေးစို့
သဘာဝရေပြင်များမှ ငါးထုတ်လုပ်ရာတွင် ရေရှည်စဉ်ဆက်မပြတ် ငါးထုတ်လုပ်နိုင်ရေးအတွက် ဖမ်းဆီးခြင်းကိုအခြေခံသောမွေးမူထုတ်လုပ်မှု (Capture based culture system)နှင့် မွေးမြခြင်းကိုအခြေခံသော ဖမ်းဆီးထုတ်လုပ်မှု (Culture-based capture system) ဟူသော ရေရှည်တံ့သည့်နည်းလမ်းနှစ်ခုဖြင့် ဆောင်ရွက်လျှက်ရှိပါသည်။
မွေးမြူရေးကိုအခြေခံသော ဖမ်းဆီးထုတ်လုပ်မှုစံနစ်မှာ တစ်နှစ်ပတ်လုံးနီးပါး ရေနေသော ငါးမွေးမြူရန်အတွက် သင့်လျှော်သော ရေပြင်အကျယ်အဝန်းရှိသော အင်းများ၊ အိုင်များအတွင်းသို့ ငါးမြစ်ချင်း၊ ငါးကြင်း၊ မြက်စားငါးကြင်း၊ ငါးခုံးမကြီးစသည့် အသီးအရွက်စား (Herbivorous) ငါးမျိုးစိုက်ထည့်မွေးမြခြင်းဖြစ်သည်။ တစ်ရာသီမွေးမြူလျှင် တစ်ကောင်လျှင် ၅၀ ကျပ်သားခန့်ရရှိကြသည်။
ညောင်လေးပင်ဒေသသည် တိုင်းရင်းငါးထွက်သည့်နေရာဖြစ်သော်လည်း ထွက်ရှိသည့်ငါးများကို မြန်မာနိုင်ငံအလယ်ပိုင်း အထက်ပိုင်းသို့တင်ပို့နေရ၍ ဒေသတွင်း ငါးစားသုံးမှုဖူလုံစေရန် ရန်ကုန်မြို့မှ ငါးမြစ်ချင်း၊ ငါးကြင်း ငါးတန်၊ ငါးမုတ်စသည့်မွေးမြူရေးငါးများကို ရေခဲရိုက်၍ ပြန်လည်တင်သွင်းစားသုံးနေရသဖြင့် လတ်ဆတ်မှု အားနည်းခြင်း၊ မွေးမြူရေးမှ ဓာတ်ကြွင်းအာနိသင်ရှိခြင်းများ ကြုံတွေ့ရပါသည်။ မွေးမြူရေးငါးများကို သဘာဝရေပြင်များအတွင်း ထည့်သွင်းမွေးမြူခြင်းဖြင့် ငါးကန်တူးဖော်မှုကုန်ကျစရိတ် မရှိခြင်း၊ အစာကုန်ကျစရိတ်မရှိခြင်း၊ သဘာဝရေပြင်အတွင်း ဓာတ်ကြွင်းအာနိသင်မရှိဘဲ ကျေးလက်ဒေသတွင် လတ်ဆတ်သောငါးကို ဖူလုံစွာစားသောက်နိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ငါးအကုန်ပြန်လည်ဖမ်းဆီးနိုင်ခြင်းမရှိ၍ သဘာဝရေပြင်အတွင်း မွေးမြူရေးငါးမျိုးစိတ်များ ပျံ့နှံ့သွားမည်ဖြစ်ပါသည်။
လက်ရှိအချိန်သည် ကမ္ဘာကြီးပူနွေးလာခြင်းကြောင့် ရာသီဥတုပြောင်းလဲခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့လာခြင်း၊ လူတို့၏မဆင်မခြင် အလွန်အကျွံဖမ်းဆီးခြင်းများကြောင့် ငါးသယံဇာတမှာ သိသိသာသာလျော့ပါးလာပြီဖြစ်သည်။ တစ်ဖက်တွင်လည်း တိုးပွားလာသော နိုင်ငံသားများအတွက် ငါးရိက္ခာပြည့်မီစေရန်မှာ သဘာဝငါးကိုပဲ စောင့်ဆိုင်းဖမ်းဆီးမနေတော့ဘဲ သဘာဝရေပြင်များတွင် ငါးမျိုးများ ထည့်သွင်းမွေးမြူခြင်းဖြင့် ရေသယံဇာတကို အပြည့်အဝအသုံးချပြီး ငါးရိက္ခာတိုးထုတ်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။
Source - AQUADAPT-Myanmar
Content provider
WorldFish
WorldFish သည် သုတေသနလုပ်ငန်းအဖွဲ့အစည်းနှင့် သိပ္ပံဌာန (၁၅) ခု ပူးပေါင်းဖွဲ့စည်းထားသော “ နိုင်ငံတကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသနာ အတိုင်ပင်ခံ ပညာရှင်အဖွဲ့ - Consultancy Group for international Agricultural Research- CGIAR” တွင် အဖွဲ့ဝင်ဖြစ်ပါ ကြောင်း၊ CGIAR ၏ အဓိကဝန်ဆောင်မှုမှာ ရည်မှန်းချက်မှာ (၁) ကျေးလက်ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး၊ (၂) ရိက္ခာဖူလုံမှုတိုးတက်ရေး (၃) ကျမ်းမာရေးနှင့် အာဟာရပြည့်ဝစွာဖြည့်ဆည်းရရှိရေး (၄) သဘာဝသယံဇာတများကို ရေရှည်သုံးစွဲနိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ ဖြစ်ပါသည်။ WorldFish ၏ သီးသန့်ဝန်ဆောင်မှု ရည်မှန်းချက်မှာ ဆင်းရဲနွမ်းပါးမှုနှင့် ဆာလောင်မွတ်သိပ်မှု လျော့နည်းစေရန် ငါးမွေးမြူခြင်း၊ ငါးလုပ်ငန်းဆောင်ရွက်ခြင်း၊ နည်းလမ်းများဖြင့် ဖော်ဆောင်သွားရန်ဖြစ်သည့်အတွက် ယခုအခါ ငါးမွေးမြူသူတောင်သူများ လေ့လာနိုင်ရန် Green Way - အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲလ် နှင့် ပူးပေါင်းကာ မွေးမြူရေးနည်းပညာများ ဖော်ပြပေးလျက်ရှိသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ကမ္ဘာ့ငါးအဖွဲ့
အားလုံး
ငါးမွေးကန်တွင်သုံးသည့် ထုံးအမျိုးအစား နှင့် pH တန်ဖိုးများ
14/01/2025
သားစားငါးရိုင်းများကြောင့် ငါးမွေးကန်တွင်ထိခိုက်နစ်နာနိုင်ခြင်း
26/12/2024
ရေမှော်၊ မြက်ပင်၊ ကိုင်းပင်များရှင်းလင်းခြင်း
28/11/2024
ကန်ဘောင်နှင့် ကန်အောက်ခြေပြင်ဆင်ခြင်း
22/11/2024
ငါးမွေးမြူရေးတွင် အဓိကရေရရှိမှုနှင့် ကန်သစ်တူးခြင်း၊ ကန်ပုံစံ၊ ကန်ဘောင်အချိုးအစား
14/11/2024