စပါးခင်းများအတွင်း ငါးမွေးမြူခြင်း
“ စပါးကရွှေ ငါးကငွေ၊ လယ်ယာသားငါး ပြည့်စီးပွား" ဟူသော ဆောင်ပုဒ်အတိုင်း စပါးစိုက်ခင်းများအတွင်း ငါးသားပေါက်များ ထည့်သွင်းမွေးမြူကြခြင်းကို လွန်ခဲ့သောနှစ်ပေါင်း ၁၅၀၀ ခန့်က အိန္ဒိယနိုင်ငံမှ စတင်ခဲ့ကြောင်း သိရပါသည်။
စပါးစိုက်ပျိုးသည့်လယ်ကွင်းများ ရေလျော့ချိန်တွင် လယ်ကန်သင်းပေါက်၌ မြှုံးများခံ၍ ငါးဖမ်းယူခြင်းသည် မိရိုးဖလာငါးဖမ်းနည်းတစ်ခု ဖြစ်ပါသည်။ ဤနည်းဖြင့် လယ် ၁ ဧကလျှင် ငါးရံ့၊ ငါးခူ၊ ငါးပြေမ၊ ပုစွန် အစရှိသည့် ဟင်းစားငါး၊ ပုစွန် (၅) ပိဿာခန့် ရတတ်ပါသည်။
ဤနည်းကို အခြေခံ၍ စပါးစိုက်ခင်းများအတွင်း စနစ်တကျ ငါးသားပေါက်များ ထည့်သွင်းမွေးမြူလျှင် လယ်စိုက်သိမ်းချိန်မတိုင်မီအတွင်း ငါးပိဿာချိန် (၂၅-၅၀) ပိဿာအထိ ရရှိနိုင်မည်ဖြစ်ပါသည်။
စပါးစိုက်ခင်းများအတွင်း ငါးမွေးမြူခြင်းသည် အစာပို၊ လူပိုမလိုပဲ လယ်ကွင်းတစ်နေရာတည်းမှာပင် ရိက္ခာစပါးနှင့် ဟင်းလျာငါးပါ တစ်ထိုင်တည်း၊ တစ်ပြိုင်တည်းရရှိနိုင်သည့်အတွက် ကျေးလက်ဒေသစီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုရာလည်း ရောက်ပါသည်။
မြန်မာနိုင်ငံနှင့် အလားတူဆန်စားသုံးသော နိုင်ငံများဖြစ်ကြသည့် တရုတ်ပြည့်သူသမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် အာဆီယံနိုင်ငံများဖြစ်ကြသော ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို၊ ဖိလစ်ပိုင်စသည့်နိုင်ငံများတွင် စပါးခင်းများအတွင်း ငါးထည့်သွင်းမွေးမြူခြင်းကို လယ်သမားများ တွင်တွင်ကျယ်ကျယ် ဆောင်ရွက်လျက်ရှိနေကြပြီး ဖြစ်ပါသည်။
စပါးစိုက်ခင်းအတွင်း ငါးထည့်သွင်းမွေးမြူနည်း
၁။ မြေပြန့်လယ်ကွင်းများကို ရွေးချယ်ပါ။
၂။ လယ်ကွင်းအတွင်း ရေအနက် (၁.၅) ပေထားနိုင်ရန် ကန်သင်းဘောင်ကို မြှင့်ပေးပါ။
၃။ ငါးခိုအောင်းရန် အနက် (၁) ပေ၊ အကျယ် (၁.၅) ပေရှိ ကန်သင်းပတ်လည် မြောင်းတူးပါ။ ထွက်လာသည့်မြေဖြင့် ဘောင်ဖို့ပါ။
၄။ ကန်သင်းတွင် ရေသွင်း၊ ရေထုတ်နိုင်ရန် မြောင်း (သို့မဟုတ်) ပိုက် တပ်ဆင်ထားပါ။
၅။ စပါးစိုက်ခင်း (၁) ဧကလျှင် (၂-၃) လက်မအရွယ် (ရွေဝါငါးကြင်း၊ တီလားပီးယား၊ ငါးခုံးမကြီး၊ ငါးခူ) သားပေါက်ကောင်ရေ (၁၀၀၀-၁၂၀၀) နှုန်း ထည့်သွင်းမွေးမြူနိုင်သည်။
၆။ မွေးမြူရေးသက်တမ်း ရက် (၆၀-၉၀) အတွင်း သဘာဝအစာဖြင့် ငါးများ (၆) ကျပ်သားခန့် ကြီးထွားလာမည်။
၇။ အထက်ပါအတိုင်းဆောင်ရွက်ပါက စပါးစိုက်ခင်း(၁)ဧကလျှင် မွေးမြူရေးငါး အချိန် (၂၅-၅၀) ပိဿာအထိ ထွက်ရှိနိင်ပါသည်။
၈။ သို့ပါ၍ မိုးရာသီစပါးစိုက်ချိန်တွင် စပါးခင်းအတွင်း ငါးများထည့်သွင်းမွေးမြူနိုင်ပါသည်။ သို့မှသာ "စပါးလည်းသီး ငါးလည်းကြီး" ဆိုသလို ဖြစ်ပေမည်။
အကျိုးကျေးဇူးများ
၁။ စိုက်ပျိုးရေးကိုအခြေခံ၍ ဝင်ငွေတိုးတက်စေသော လုပ်ငန်းဖြစ်သည်။
၂။ စပါးဖျက်ပိုးများကို ငါးများစားသုံးခြင်းကြောင့် ပိုးသတ်ဆေးသုံးစွဲရမှု လျော့နည်းလာစေသည်။
၃။ စပါးခင်းအတွင်း ရေညှိ၊ ရေမှော်များကို ငါးများ စားသုံးခြင်းကြောင့် ဩဇာဓါတ်ပိုမိုရရှိသဖြင့် စပါးပင်ရှင်သန်မှုနှုန်း ပိုကောင်းသည်။
၄။ အစာကျွေးရန်မလို၍ ငါးအစာဖိုး ကုန်ကျမှုမရှိပါ။
၅။ ငါးများစွန့်ထုတ်သည့်အညစ်အကြေးမှ ဩဇာဓာတ်များရရှိပြီး စပါးအထွက်နှုန်းတိုးရန် အထောက်အကူပြုပါသည်။
၆။ လယ် (၁) ဧကလျှင် ငါးအချိန် (၂၅-၅၀) ပိဿာ ထွက်ရှိနိုင်သည်။
၇။ စပါးခင်းမှ စပါးသာမက ငါးပါ အတူတကွ တစ်ချိန်တည်း၊ တစ်နေရာတည်းထုတ်လုပ်လာနိုင်၍ လယ်သမားများ အသားဓါတ်ပိုမို စားသုံးနိုင်ကြမည်၊
၈။ ကျေးလက်ဒေသ လူမှုစီးပွားရေဖွံ့ဖြိုးမှုကို မလွဲမသွေ အထောက်အကူဖြစ်စေသည်။
ကူညီပံ့ပိုးမှုများ
၁။ စပါးစိုက်ခင်းများအတွင်း ထည့်သွင်းမွေးမြူမည့် (ရွေဝါငါးကြင်း၊ တီလားပီးယား၊ ငါးခုံးမကြီးနှင့် ငါးခူ) သားပေါက်များကို ပြည်နယ်/ တိုင်းဒေသအသီးသီးရှိ ငါးလုပ်ငန်းစခန်းများမှ ဖြန့်ဖြူးပေးပါသည်။
၂။ စပါးစိုက်ခင်းများအတွင်း ငါးထည့်သွင်းမွေးမြူထားသည့် ပညာပေးသရုပ်ပြစပါးစိုက်ခင်း (Rice-Fish Culture Demostration Farm) ကို လေ့လာနိုင်ရန် အောက်ပါစခန်းများ၌ ဆောင်ရွက်ထားပါသည်။
ရန်ကုန်တိုင်း - လေးဒေါင့်ကန်ငါးလုပ်ငန်းစခန်း
ပဲခူးတိုင်း - အုတ်ဖိုငါးလုပ်ငန်းစခန်း
ဧရာဝတီတိုင်း- တလုပ်လှ/ပသွယ်ငါးလုပ်ငန်းစခန်း
မွန်ပြည်နယ် - သထုံငါးလုပ်ငန်းစခန်း
မန္တလေးတိုင်း - ရေဆင်း/ကူမဲငါးလုပ်ငန်းစခန်း
စစ်ကိုင်းတိုင်း - ရေဦးငါးလုပ်ငန်းစခန်း တို့ဖြစ်ကြသည်။
၃။ စပါးခင်းများအတွင်း ငါးမွေးမြူခြင်းနှင့်ပတ်သက်သည့် နည်းပညာရပ်များ၊ ကျွမ်းကျင်မှုဆိုင်ရာ ပံ့ပိုးမှုများကို ငါးလုပ်ငန်းဦးစီးဌာန (ရုံးချုပ်) မွေးမြူရေးဌာနခွဲနှင့် ပြည်နယ်/တိုင်း ငါးလုပ်ငန်းဦးစီးဌာနများမှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
၄။ လုပ်ငန်းဆောင်ရွက်မည့် မြေနှင့် ရေတို့၏ ရူပ၊ ဓာတုဆိုင်ရာအခြေအနေများကို စမ်းသပ်စစ်ဆေးပေးမည်ဖြစ်ပါသည်။
Ref;ငါးလုပ်ငန်းဦးစီးဌာန
ပင်လယ်ပြာ(ငါးဦးစီး)
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ငါးမွေးမြူနည်း
ဖုဖူ
လွန်ခဲ့သော ၃ နှစ် က.ငါမွေးရင်စပါးမှိုဆေး.ပိုတ်သတ်ဆေးပျန်လို့ရပါမလား
သန်းထိုက်
လွန်ခဲ့သော ၄ နှစ် ကငါးစပါးမွေးမြူးခြင်လိုပါ တီလားပီးယားငါး10000 ကိုအစာတောင်ဘယ်လောက်ကျွေးရလဲဗျငါးအရွယ်စားက3လက်မပါ
သန်းထိုက်
လွန်ခဲ့သော ၄ နှစ် ကတောင်သူပါ
သန်းထိုက်
လွန်ခဲ့သော ၄ နှစ် ကဟုတ်ကဲ့ပါကျေးဇူးပါ
နှင်းဖြူဖြူ
လွန်ခဲ့သော ၅ နှစ် ကဘယ်ဒေသကလဲရှင့် ဧရာဝတီတိုင်း ဘက်ကဆို ဧရာဝတီတိုင်းငါးဦးစီးရုံးကို ဖုန်းဆက်ပီး သိလိုတာမေးမြန်ကြည့်ပါနော်။ ဖုန်း ၀၄၂ -၂၄၂၅၈
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....