အရသာထူးခြား……ငါးလင်ပန်းငါး
ငါးလင်ပန်းကို မြန်မာနိုင်ငံတွင်သာမက အာရှတိုက်နိုင်ငံများဖြစ်သော အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ ထိုင်း၊ မလေးရှား စသည့်နိုင်ငံများတွင်လည်း တွေ့ရှိရပါသည်။ ငါးလင်ပန်းအသားမှာ အာဟာရဓါတ်အများအပြားပါဝင်နေသောကြောင့် ကမ္ဘာမှာ ဈေးကြီးသည့် ငါးအမျိုးအစားဖြစ်ပါသည်။
ငါးလင်ပန်းမှာ ရေချိုငါးမျိုးစိတ်ဖြစ်ပြီး ရေချိုမြစ်များ၊ ချောင်းများ၊ အိုင်များ၊ ရေလှောင်ဆည်ကြီးများတွင် နေထိုင်လေ့ရှိပြီး ကျောက်တုံးထူထပ်သည့် တောင်ကျချောင်းတွေမှာလည်း တက်ရောက်နေထိုင်လေ့ရှိပါသည်။ အကြီးဆုံးမှတ်တမ်းတင်ထားသည်မှာ အရှည်(၄)ပေနှင့် အလေးချိန် (၄) ပိဿာခန့်ရှိကြောင်း သိရှိရပါသည်။
ငါးလင်ပန်းငါးမှာ တွင်းအောင်းရသည်ကို နှစ်ခြိုက်သော ရေသတ္တဝါတစ်မျိုးလည်းဖြစ်သည်။ ပင်လယ်နှင့်နီးသည့် လယ်ကွင်းများတွင် ငါး၊ ပုစွန်၊ ကဏန်း၊ ငါးရှဥ့်၊ ငါးလင်ပန်းများ ပေါသည်။ မိုးဦးကျ၍ လယ်ကွင်းများအတွင်း ရေပြည့်လာသောအခါ ငါးလင်ပန်းများသည် လယ်ကန်သင်းများတွင် တွင်းအောင်းကြတော့သည်။ နွေအခါ၌ ကြွက်များဖောက်ထားသည့် တွင်းများနှင့် ကဏန်းတွင်းများထဲသို့ ဝင်နေကြသည်။ ချောင်းရိုးမြောင်းရိုးများတွင်ရှိသည့် ဂလိုင်ခေါင်းများတွင်လည်း နေကြသည်။ သူတို့ကိုယ်တိုင် တွင်းမဖောက်နိုင်ကြပါ။
တချို့မှာ လယ်ကွင်းများတွင် သားပေါက်ကြသည်။ ထိုသားပေါက်များနှင့် တစ်မိုးတွင်းလုံးအတူနေကြ၍ မိုးကုန်ခါနီးဖြစ်သော တန်ဆောင်မုန်းလသို့ရောက်လျှင် ပင်လယ်ထဲသို့ ပြန်ဆင်းသွားကြတော့သည်။ အခြားသော ငါး၊ ပုဇွန် များကဲ့သို့ ပင်လယ်ပြင်အနက်ကြီးအတွင်းသို့ ရောက်သည်အထိ မသွားကြပေ။ ပင်လယ်စပ် သောင်တိမ်များ၌သာ တွင်းဖောက်၍ အောင်းကြတော့သည်။
လယ်ကန်သင်းတွင် ငါးလင်ပန်းတွေ့သည်နှင့် လက်နှင့်နှိုက်၍ ဖမ်းယူကြသည်။ ငါးမျှားချိတ်များတွင် အစာတပ်၍လည်း မျှားကြသည်။ ငါးလင်ပန်းရှိသော တွင်းထဲသို့ သရောပင်မှအစေးကို ထည့်၍ ငါးလင်ပန်းထွက်လာသည်ကို စောင့်၍ ဖမ်းသည်လည်းရှိသည်။ သရောအစေးမှာ ပူသောကြောင့် ငါးလင်ပန်းထွက်ရသည်။
ငါးလင်ပန်းသည် အသားနူးညံ့၍ စားရာတွင် အလွန်အရသာရှိသည်။ အုန်းနို့နှင့် ချက်စားပါက အလွန်စားကောင်းသည်။ အကွင်းလိုက်ကင်စားပါက အလွန်မွှေးပါသည်။ အရိုးနည်းသည်။ ကျောရိုးမကြီးတစ်ချောင်းသာပါ၍ အခြားအရိုးမရှိပေ။ ငါးလင်ပန်းသည် အ၀ါနှင့် အညိုဟူ၍ (၂)မျိုးရှိသည်။ အညိုမျိုးသည် အသားမာသည်။ အဝါမျိုးလောက်စားမကောင်း၊ အဝါမျိုးကားအသားနူးညံ့သည်။ စား၍ပိုကောင်းသည်။ ငါးလင်ပန်းအသံမှာ ကလေးငိုသံနှင့် ဆင်တူသည်ဟု ဆိုကြပါသည်။
ငါးလင်ပန်းနှင့် ပတ်သက်၍ အောက်ပါအတိုင်း လေ့လာတွေ့ရှိရပါသည်။
Phylum - Chordata
Subphylum - Vertebrata
Superclass - Gnathostomata
Sub-class - Osteichthyes
Class - Actinopterygii
Order - Anguilliformes
Family - Anguillidae
Genus - Anguilla
Species - Anguilla bicolor
Common Name – Longfin eel ဟုသိရပါသည်။
Longfin Eel ဟုခေါ်သည့် ငါးလင်းပန်းမှာ ငါးရှဥ့်မျိုးစိတ်အုပ်စုမှဖြစ်ပြီး သူ့ရဲ့သည်းခြေမှာ လေဖြတ် လေဖျန်းရောဂါများအတွက် ဆေးဖက်ဝင်သလို သူ့ရဲ့သွေးမှာလည်း လူသားတို့အတွက် အင်အားပြည့်ဖြိုးစေပါသည်။ သူ့ရဲ့အချွဲမှာ အဆစ်အရောင်ရောဂါကုသရာတွင်အသုံးဝင်ပါသည်။ ငါးလင်ပန်းငါးကို စားသုံးခြင်းဖြင့် လူကိုဝစေပြီး သလိပ်ကို ပွားစေသည်။ ခံတွင်းပျက်ခြင်းနှင့် လည်ချောင်းနာခြင်းများအတွက် သင့်တော်ပါသည်။
ထိုကဲ့သို့ အရသာထူးခြားပြီး ဆေးဖက်ဝင်လှသော ရေချိုငါးမျိုးစိတ် "ငါးလင်ပန်းငါး" အကြောင်းကို လေ့လာထားသမျှ ရေးသားတင်ပြအပ်ပါသည်။
ပင်လယ်ပြာ (ငါးလုပ်ငန်းဦးစီးဌာန)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026