“ရွှေဝါငါးကြင်းမွေးမြူရေး”
ရွှေဝါငါးကြင်းသည် ကိုယ်ထည်ရှည်ပြီး ဘေးတိုက်သင့်ရုံပြား၏။ နှုတ်ခမ်းပုံကို ဆန့်ထုတ်နိုင်၍ နှုတ်ခမ်းချော၏။ သွား(၃)တန်းရှိပြီး မေးရိုးမွှေး (၂) စုံ ရှိပြီး (၁)စုံမှာ အလွန်သေးငယ်သည်။ ရွှေဝါငါးကြင်း၏ မူရင်းဒေသမှာ မြစ်ဖြစ်သော်လည်း နှစ်ပေါင်းများစွာ လူတို့ပြုပြင်သဖြင့် ယခုအခါ ရေချိုကန်၊ ရေလှောင်ကန်၊ လယ်ကွက်များတွင်လည်း မွေးမြူနိုင်သော အဖိုးတန် ငါးမျိုး ဖြစ်လာပါသည်။
ရွှေဝါငါးကြင်းမွေးမြူရာတွင် အသားတိုးနှုန်းမြန်သဖြင့် မွေးမြူရေးသမားများအတွက် အကျိုးရှိပါသည်။
ရွှေဝါငါးကြင်းမွေးမြူရာတွင် အရေးပါသော မြေနေရာရွေးချယ်ခြင်းအကြောင်း
၁။ မြေနေရာသည် သဲဆန်သောမြေ မဖြစ်စေဘဲ မြေစေးအမျိုးအစားကို ရွေးချယ်ရပါမည်။ မြေစေးဖြစ်သောကြောင့် ကန်အတွင်း ရေမခမ်းဘဲ ငါးအတွက် သင့်လျော်ပါသည်။
၂။ လမ်းပန်းဆက်သွယ်ရေးကောင်း၍ စျေးကွက်ရှိသော နေရာကို ရွေးချယ်ရပါမည်။
ရေအမျိုးအစား
၁။ ကန်အတွင်းရှိ ရေသည် ထုံးဓာတ်များသောရေ မဖြစ်စေရန် ဂရုပြုရပါမည်။ ထုံးဓာတ်များသော ရေဖြစ်နေပါက ပြုပြင်ရန်မှာမူ စရိတ်အလွန်ကြီးသဖြင့် တွက်ချေကိုက်မည် မဟုတ်ပါ။
၂။ အကယ်၍ ဂဝံမြေဖြစ်သဖြင့် အချဉ်ပေါက်နေသောရေ ဖြစ်နေပါက ပြုပြင်ရန် ဖြစ်နိုင်ပါသည်။
မွေးမြူကန်
၁။ ရွှေဝါငါးကြင်းမွေးမြူရန်ကန်ကို အနည်းဆုံး အလျားပေ-၂၀၀၊ အနံပေ-၁၀၀ ရှိ ဧကဝက်ခန့် အကျယ်ဖြစ်အောင်တူးပါ။
၂။ ကန်ကို တစ်နှစ်ပတ်လုံး ရေအနက် (၄)ပေ ရှိနေစေရန် (၆) ပေခန့်နက်အောင် တူးထားရပါမည်။
၃။ ကန်ဘောင်ဖို့လျှင်လည်း ကန်နှုတ်ခမ်းမှ နေ၍ နောက်သို့ (၅) ပေဆုတ်ပြီး ကန်ဘောင်ဖို့ထားပေးပါ။
၄။ ကန်ဘောင်ထိပ်မှနေ၍ အောက်တည့်တည့်သို့ (၁)တောင် (သို့မဟုတ်) (၁၈) လက်မ အကွာတွင် ရေလျှံပေါက်တစ်ခု တပ်ထားပြီး ကန်ဘောင် မပြိုရန် ကန်ဘောင်တွင် မြက်များအပြည့်ကပ်၍ စိုက်ထားပေးပါ။
၅။ ကန်ကို ရေမထည့်မီ ထုံးမှုန့်ပိဿာ (၁၅၀) ကို ဖြန့်ပြီး ဖြူးပေးပါ။ ထုံးမှုန့်ထည့်ပြီးလျှင် ရေထည့်ပါ။
၆။ ရေထည့်ပြီး (၁)ပတ်ကြာလျှင် နွားချေး၊ ကျွဲချေး၊ ဝက်ချေး၊ ကြက်ချေး၊ ဘဲချေး စသော မည်သ ည့်တိရိစ္ဆာန်ချေးများကို ဖြစ်စေ (၄)ဂါလံဝင်ပုံးနှင့် ပုံး(၁၅၀) ထည့်ပေးပါ။
၇။ တစ်ပါတ်ကြာလျှင် ကန်ရေသည် စိမ်းလာပါမည်။ ကန်ရေစိမ်းလာသောအခါ ငါးသားပေါက်များ ထည့်နိုင်ပါသည်။
ငါးသားပေါက်ထည့်သွင်းနှုန်း
၁။ ငါးသားပေါက်များ ဝယ်ယူထည့်သွင်းသည့်အခါ အရွယ်(၄)လက်မအောက် ဖြစ်ပါက ပိုမို သင့်လျော်ပါသည်။
၂။ ငါးသားပေါက် အရွယ်ငယ်လေ၊ သယ်ယူရလွယ်လေ ဖြစ်ပါသည်။ သယ်ယူသောအခါ ပလပ်စတစ်အိတ်တွင် ရေထည့်ပြီး အောက်ဆီဂျင် ဓာတ်ငွေ့ဖြင့် သယ်ယူလျှင် အနည်းဆုံး (၁၂) နာရီခန့်ကြာသည်အထိ ခံပါသည်။
၃။ ရွှေဝါငါးကြင်းမွေးလျှင် ငါးသားပေါက်တစ်မျိုးတည်းကို ကန်အတွင်း၌ ထည့်၍ မွေးမြူပါ။ အလျားပေ (၂၀၀)၊ အနံပေ (၁၀၀) ရှိ ဧကဝက်ခန့် ကျယ်သော ငါးကန်တစ်ကန်တွင် ငါးသားပေါက်ကောင်ရေ (၁၆၅၀) ကောင် ထည့်၍ မွေးမြူနိုင်ပါသည်။
အစာကျွေးနှုန်း
• ငါးသားပေါက်များကို အစာကျွေးလျှင် နံနက် (၇) နာရီ မထိုးမီကျွေးပါ။
• ငါးတစ်ကောင်လျှင် (၁) ကျပ်သားအရွယ်ရှိသော ငါးကောင်ရေ (၁၆၅၀) အတွက် တစ်နေ့ကို ဖွဲနုနှင့် နှမ်းဖတ် ရောထားသော အစာ (၆၅) ကျပ်သားကို ကျွေးရမည် ဖြစ်သည်။
ငါးသားပေါက်အစာကျွေးနှုန်း အချိုးအစား
• ဖွဲနု (၅၀) ကျပ်သားနှင့် နှမ်းဖတ် (၁၅) ကျပ်သားကို ရေနှင့် ရောနယ်ပြီး အလုံးများလုပ်၍ ကျွေးပါ။ ဤအချိုးအစားအတိုင်း ငါး၏ အလေးချိန်များလာသည်နှင့် အမျှ အစာကို တိုး၍ ကျွေးပါ။
• အစာစိမ်းရရန်အတွက်လည်း ဘဲစာပင်ကို (၁)လ(၁)ကြိမ် တင်း(၁)စိတ်ခန့် ကျွေးပေးပါ။
ကြီးထွားနှုန်း
• ရွှေဝါငါးကြင်းကို (၁)ကျပ်သားအရွယ်မှစပြီး အစာမှန်မှန် ကျွေး၍ မွေးမြူပါက (၁)နှစ်အတွင်း (၁)ကောင်လျှင် (၆၀)ကျပ်သား အထိ ကြီးထွားလာနိုင်ပါသည်။
• ဧကဝက်ရှိသော ကန်(၁)ကန်တွင် ရွှေဝါငါးကြင်းများထည့်၍ စနစ်တကျ ဂရုစိုက်၍ မွေးမြူပါက (၁)နှစ်အတွင်း ရွှေဝါငါးပိဿချိန် (၉၀၀)ကျော် ရရှိနိုင်ကြောင်းသိရပါသည်။
ပင်လယ်ပြာ(ငါးဦးစီး)
မှီငြမ်း-ရွှေဝါငါးကြင်းမွေးမြူရေးလမ်းညွှန် (ငါးလုပ်ငန်းဦးစီးဌာန)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Myo Zay Yar Kyaw
လွန်ခဲ့သော ၃ နှစ် ကအထီးအမဘယ်လိုခွဲလဲဗျ
ko kyaw
လွန်ခဲ့သော ၄ နှစ် ကတနိုင်တပိုင်လေမွေးမြူချင်တယ်ဆရာမျာကန်လေလုပ်ပြီမွေးရလာဗျ
နှင်းဖြူဖြူ
လွန်ခဲ့သော ၅ နှစ် က၇၉၃၄၅၅၀၀၈ ကိုဖုန်းဆက် မေးမြန်း ကြည့်ပါ
မင်းမင်ဇော်
လွန်ခဲ့သော ၅ နှစ် ကငါးမွေးချင်လို့ဘယ်မှာဝယ်ရမှာလဲ လမ်းညွန်ပါဆရာ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026